Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြိုင်တွင် ပျူအလောင်းတစ်လောင်းနှင့် လက်နက်တစ်လတ်သိမ်းဆည်းရမိ

ဇန်နဝါရီ ၂၅ ရက်ကလည်း ယမ်းချက်ရင်း မတော်တဆဖြစ်ကာ ရဲဘော်တစ်ဦး မီးလောင်ဒဏ်ရာပြင်းထန်ပြီး တစ်ဦးမှာ လက်နှင့်မျက်နှာ အနည်းငယ်ထိခိုက်ခဲ့ကြောင်းသိရသည်။

(သိမ်းဆည်းရမိသောလက်နက်၊ ဓာတ်ပုံ-စင်္ကြာဒေသကာကွယ်ရေးတပ်ဖွဲ့ )
(သိမ်းဆည်းရမိသောလက်နက်၊ ဓာတ်ပုံ-စင်္ကြာဒေသကာကွယ်ရေးတပ်ဖွဲ့ )

▪︎တစ်ပါတ်အတွင်းတိုက်ပွဲနှစ်ကြိမ်တွင်စစ်​ကောင်စီတပ်နှင့်ပျူ အနည်းဆုံး ၄ ဦး​သေ

▪️ရဲဘော်အချို့လည်း ထိခိုက်ဒဏ်ရာရထား၍ အကူအညီလိုအပ်နေ

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် လွန်ခဲ့သည့် ၁၀ရက်ခန့်က ဖြစ်ပွားခဲ့သောတိုက်ပွဲ၌ သေဆုံးခဲ့သည့် ပျူစောထီးအလောင်းတစ်လောင်းနှင့် လက်နက်တစ်လက်သိမ်းဆည်းရမိကြောင်း စင်္ကြာဒေသကာကွယ်ရေးတပ်ဖွဲ့ မှတာဝန်ရှိသူက​ပြောသည်။

ဇန်နဝါရီ၂၃ ရက်က သရက်ကန်ကျေးရွာရှိ ပျူ‌စောထီးစခန်းနှင့် ကိုင်းတောမနယ်မြေရဲစခန်းကြား တိုက်ခိုက်မှုအတွင်း စစ်အုပ်စုမှ အများအပြားထိခိုက်ဒဏ်ရာရရှိသွားခဲ့ခြင်းဖြစ်​​သည်ဟုတာဝန်ရှိသူက ပြောသည်။

သို့သော် နယ်မြေလုံခြုံရေးအရ သွားရောက်ရှင်းလင်းနိုင်ခြင်းမရှိခဲ့၍ ယမန်နေ့ (​ဖေ​ဖော်ဝါရီ ၃)ညနေပိုင်းတွင်း သွားရောက်ရှင်းလင်းခဲ့ရာ ပျူအလောင်း တစ် လောင်းနှင့် အူစီ(အမ်အေ-၁၃)သေနတ် တစ်လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

Public Service Announcement
Public Service Announcement

“‌မနေ့ကတွေ့တဲ့အလောင်းကိုဒီနေ့သွားပြီး မီးရှို့သကြိုလ်ခဲ့တာပါဗျ။9mm18‌ ​တောင့်ကျည်ပေါက်ထပ်တွေခဲ့ပါတယ်ဗျ”ဟုအထက်ပါတာဝန်ရှိသူက People’s Spring သို့​ပြောသည်။

အဆိုပါ စစ်ဆင်ရေးအား မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၁) တပ်ခွဲ(၄)စကြာ်-ဒေသကာကွယ်တပ်ဖွဲ့နှင့် တပ်ခွဲ(၁)၊ မုန်တိုင်းတပ်ဖွဲ့၊ အပြုံးမပျက်တဲ့ ဂတုံးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ထိုအပြင် ဇန်နဝါရီ ၂၈ ရက်ည​နေပိုင်းကလည်းပျူရွာဟုဆို​သော သရက်ကန်ရွာပတ်ဝန်းကျင်တွင် တိုက်မိုင်းဝင်ဆင်ပြီး ​နောက်ပျူရွာတွင်းမှ အင်းအား ၂၀ ကျော်က ဆဲဆိုကာလက်နက်ကြီး လက်နက်ငယ်များ တရစပ် ပစ်ခတ်ပြီး ထွက်လာရာ PDFများဆင်ထားတိုက်မိုင်းမိပြီး ဗိုလ်တစ်ဦး၊

တပ်ကြပ် ၁ ဦး၊ စစ်ကောင်စီခန့် ပျူအုပ်ချုပ်ရေးမှူးတို့ နေရာတင်ပွဲချင်းပြီး သေဆုံးပြီး ၊ ၄ ဦး ဒဏ်ရာအပြင်းထန် ရခဲ့ကြောင်း ၎င်းကဆက်​ပြောသည်။ စစ်​ကောင်စီတပ်နှင့်ပျူများ ​သေဆုံးမှုကို သတင်း​ပေးမှတစ်ဆင့်အတည်ပြုနိုင်​ကြောင်းသိ့ရသည်။

ဇန်နဝါရီ ၂၈ တိုက်ခိုက်မှုအား မြိုင်မြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၁) ၏ တပ်ခွဲ(၄)စကြာ်-ဒေသကာကွယ်ရေးတပ်ဖွဲ့နှင့် မုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊TYKပြောက်ကျားတပ်ဖွဲ့၊ Myaing Under Ground Defence Force (MUGDF)၊ ပြည်သူ့အားမာန်တို့ပူးပေါင်းတိုက်ခိုက်ခဲ့​ကြောင်းသိ့ရသည်။

ထို​ကြောင့်သရက်ကန်ရွာပတ်ဝန်းကျင်တွင် တစ်ပါတ်အတွင်းတိုက်ပွဲ ၂ ကြိမ်ဖြစ်ကာ စစ်​ကောင်စီတပ်နှင့်ပျူများအနည်းဆုံး ၄ ဦး​သေဆုံးပြီး ဒဏ်ရာရသူများစွာဖြင့်အထိနာခဲ့ခြင်းဖြစ်သည်။ယခုအခါ အဆိုပါရွာတွင် စစ်သားနှင့်ပျူ လက်နက်ကိုင်သူစုစု​ပေါင်း ၄၀ ခန့်ရှိနိုင်​ကြောင်း အထက်ပါပုဂ္ဂိုလ်ကဆက်​ပြောသည်။

စကြာ်-ဒေသကာကွယ်ရေးတပ်ဖွဲ့သည် မြိုင်မြို့နယ်‌အတွင်း စစ်ကောင်စီလက်အောက်ခံ စစ်တပ်နှင့်ပျူစောထီးများအား အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ကြောင်း စင်္ကြာဒေသကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က ၅၀ ခန့်အထိ အင်အားလျှော့ချနိုင်ခဲ့ကြောင်း၊ အထိအခိုက်နည်းအောင် ပြောက်ကျားနည်းဖြင့်တိုက်ခိုက်ခဲ့သော်လည်း တိုက်ပွဲအကြိမ်ရေများလာသည့်အလျောက် အထိအခိုက်များရှိလာသည်ဟုဆိုသည်။

ဇန်နဝါရီ ၂၅ ရက်ကလည်း ယမ်းချက်ရင်း မတော်တဆဖြစ်ကာ ရဲဘော်တစ်ဦး မီးလောင်ဒဏ်ရာပြင်းထန်ပြီး တစ်ဦးမှာ လက်နှင့်မျက်နှာ အနည်းငယ်ထိခိုက်ခဲ့ကြောင်းသိရသည်။

ထို့အပြင် ဇန်နဝါရီ၂၉ ရက်ကလည်း မိုင်းဆင်ရာတွင် မတော်တဆဖြစ်ကာ ရဲဘော်တစ်ဦး မျက်လုံးထိခိုက်၍ ဆေးကုသနေရကြောင်း၊ ၎င်းအမြင်အာရုံပြန်လည်ရရှိနိုင်‌ရေး အရေးပေါ်မျက်ကြည်လွှာ ခွဲစိတ်ကုသနိုင်ရန် အလှူငွေများလိုအပ်နေ၍ ကူညီပံ့ပိုးပေးရန်မေတ္တာရပ်ခံကြောင်းစင်္ကြာဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

You May Also Like

သတင်း

“မနက်ပိုင်းမှာဒလန်ပျုစောထီးကိုရှင်းလိုက်ပြီးစစ်တပ်နဲ့ ပျူစောထီးတွေ ၂၀လောက် ရောက်လာပြီးစစ်ဆေးရေးလုပ်တယ်။ပြီးတော့ ကျောင်းက မီးလောင်သွားတာ”ဟုဒေသခံကပြောသည်။

သတင်း

ဖြစ်စဥ်အရ ဇန်နဝါရီ ၃၀ ရက် ညနေ ၆နာရီ ၁၅ မိနစ်ခန့်တွင် ခလရ (၂၇၄)တပ်ရင်းမှ ထိုးစစ်ဆင် လာသည့် စစ်ကောင်စီတပ်သားများထဲမှ တပ်သားတစ်ဦးသည် ဂန့်ဂေါခရိုင်တပ်ရင်း (၈) ကင်းပုန်းဝပ်နေသော နေရာသို့ နယ်ကျွံလာခဲ့ခြင်းဟု ဆိုသည်။

သတင်း

စစ်ကောင်စီတပ်အနေဖြင့် ၎င်းတို့ တိုက်ခိုက်ခံရပါက မြေပြင်မှမလာဘဲ လေကြောင်းကို အားကိုးပြီး တိုက်ခိုက်မှုများ လုပ်ဆောင်လေ့ရှိသည်ဟု ဆိုသည်။

သတင်း

ယမန်နေ့ (ဇန်နဝါရီ ၃၁ရက်) မွန်းလွဲပိုင်းက အရာတော်မြို့နယ်၊ သလဲဘာကျေးရွာရှိ မူးတံတားဂိတ် စောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စပါးတွင်းကျေးရွာမှ ပျူစောထီးများအား ဗုံးသီးချ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။