Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘို-မန္တလေးလမ်းတွင် စစ်ကောင်စီယာဥ်အား မိုင်းဆွဲတိုက်ခိုက်

ဖေဖော်ဝါရီလ ၁ ရက် မွန်းလွဲပိုင်းက ရွှေဘိုမြို့နယ် ၊ ဘုန်းဘွဲ့ ကျေးရွာအနီးတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များနှင့် ထိတွေ့တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ရာ Black WOLF -ARMY အဖွဲ့က ရဲဘော် ၃ ဦး ကျဆုံးခဲ့သည်။

(မိုင်းထိပြီးနောက် အခင်းဖြစ်နေရာအား တွေ့ရစဥ်။ဓါတ်ပုံ-Black Wolf-ARMY)
(မိုင်းထိပြီးနောက် အခင်းဖြစ်နေရာအား တွေ့ရစဥ်။ဓါတ်ပုံ-Black Wolf-ARMY)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘို-မန္တလေးလမ်းမကြီးပေါ်တွင် PDFသုံးဦးကျဆုံးခဲ့ရသည့်နေရာ၌ စစ်ကောင်စီတပ်ယာဥ်တစ်စီးအား မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတ​ပ်ဖွဲ့ဝင် များအထိအခိုက်များနိုင်ကြောင်း BLACK WOLF – ARMY တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယနေ့ (ဖေဖော်ဝါရီလ ၄ ရက်) နံနက် ၈ နာရီခွဲခန့်ကရွှေဘိုမြို့နယ်၊ ရွှေဘို-မန္တလေးလမ်းမကြီးပေါ် ဘုန်းဘွဲ့ ကျေးရွာအနီးတွင် ဝက်လက်မြို့နယ်၌ မီးရှို့ပြီး စိုင်နိုင်ကွေ့မှ ထွက်လာသော ၁၂ ဘီးကားတစ်စီးပေါ်တွင် စစ်ကောင်စီအင်အား ၆၀ ခန့် လိုက်ပါလာသည်ကို ကြိုတင်သတင်းရရှိခဲ့ကြောင်း သိရသည်။ အဆိုပါကားအားအသင့်နေရာယူကာစောင့်ဆိုင်းပြီးနောက် ရဲဘော်များကျဆုံးခဲ့ရသော နေရာ အရောက်၌ပဒေဿာမိုင်း ၁၀ လုံးအထိ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြသ်ကြောင်း အထက်ပါတာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

“ကားက ဒဏ်ရာရသူတွေကိုတင်ပြီး ရွှေဘိုမြို့ထဲဝင်သွားတယ်။”ဟု ၎င်းကဆက်ပြောသည်။

ရွှေဘိုဆေးရုံတွင် စစ်ကောင်စီတပ်သား အများအပြား စိုးရိမ်ဒဏ်ရာရကာ ရောက်ရှိနေပြီး သေဆုံးရုပ်အလောင်းများလည်း ရောက်ရှိနေကြောင်း သတင်းထပ်ရသည်ဟု၎င်းက ဆိုသည်။ စစ်​ကောင်စီတပ် ​သေဆုံးထိခိုက်မှုနှင့်ပတ်သပ်၍ People’s Spring က သီးခြားအတည်မပြုနိုင်ပါ။

စစ်ဆင်ရေးတွင် PDF များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

ဖေဖော်ဝါရီလ ၁ ရက် မွန်းလွဲပိုင်းက ရွှေဘိုမြို့နယ် ၊ ဘုန်းဘွဲ့ ကျေးရွာအနီးတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များနှင့် ထိတွေ့တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ရာ Black WOLF -ARMY အဖွဲ့က ရဲဘော် ၃ ဦး ကျဆုံးခဲ့သည်။

You May Also Like

သတင်း

စစ်ကောင်စီအနေဖြင့် ပြည်သူလူထုကို နည်းမျိုးစုံဖြင့် အကြမ်းဖက်နေသည်မှာ (၂)နှစ်ကြာရှိပြီဖြစ် သော်လည်း စစ်ကောင်စီနှင့် ဆွေးနွေးမှုလုပ်နေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များက အတုအယောင်ငြိမ်းချမ်းရေးဆွေးနွေးမှုများ ဆက်လက်ပြုလုပ်နေခြင်းအပေါ် KNU တာဝန်ရှိသူအား မေးမြန်းရာ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

သတင်း

လှိုင်မြို့နယ် (၃)ရပ်ကွက်မှ ရာအိမ်မှူးမင်းဇော်ဆိုသူအား အမည်မသိလက်နက်ကိုင်တစ်စုက ကားပေါ်မှ ပစ်ခတ်ခဲ့ရာ ဦးခေါင်းထိမှန်ပြီး နေရာတင်သေဆုံးသွားခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

သတင်း

တကောင်းနီကယ်စက်ရုံဂိတ်ကိုယမန်နေ့(ဖေဖော်ဝါရီ၃ ရက်)ညနေ ၃ နာရီခန့်တွင်ပြည်သူ့ကာကွယ်ရေးရဲဘော်များကမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ထိုသို့ပစ်ခတ်မှုကြောင့် ပုဏ္ဏားကြီးရွာနေ အသက် (၆၀)အရွယ် အမျိုးသားကြီးတစ်ဦး ညာဘက်နားနောက်တည့်တည့်တွင် လက်နက်ကြီးစထိမှန်ခဲ့ပြီး မြေပြင်ကျန်းမာရေးစောင့်ရှောက်သူများက အရေးပေါ်ဆေးကုသမှုပေးနေကြောင်း အထက်ပါအဖွဲ့က ပြောသည်။