Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လှိုင်မြို့နယ်တွင် စစ်ကောင်စီခန့် ရာအိမ်မှူးတစ်ဦး ပစ်သတ်ခံရ

လှိုင်မြို့နယ် (၃)ရပ်ကွက်မှ ရာအိမ်မှူးမင်းဇော်ဆိုသူအား အမည်မသိလက်နက်ကိုင်တစ်စုက ကားပေါ်မှ ပစ်ခတ်ခဲ့ရာ ဦးခေါင်းထိမှန်ပြီး နေရာတင်သေဆုံးသွားခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

(လှိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်သားများက လမ်းပိတ်ဆို့ထားစဥ်၊ ဓာတ်ပုံ - CJ (ပုံဟောင်း)
(လှိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်သားများက လမ်းပိတ်ဆို့ထားစဥ်၊ ဓာတ်ပုံ - CJ (ပုံဟောင်း)

ရန်ကုန်မြို့၊ လှိုင်မြို့နယ်တွင် စစ်ကောင်စီခန့်ရာအိမ်မှူးတစ်ဦး ယနေ့(ဖေဖော်ဝါရီ ၄)နံနက် ၆ နာရီခန့်က သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံများက ပြောသည်။

လှိုင်မြို့နယ် (၃)ရပ်ကွက်မှ ရာအိမ်မှူးမင်းဇော်ဆိုသူအား အမည်မသိလက်နက်ကိုင်တစ်စုက ကားပေါ်မှ ပစ်ခတ်ခဲ့ရာ ဦးခေါင်းထိမှန်ပြီး နေရာတင်သေဆုံးသွားခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

အဆိုပါပစ်ခတ်မှုတွင် ရာအိမ်မှူးမင်းဇော်အား ဆိုက္ကားဖြင့်တင်နင်းလာသည့် ဆိုက္ကာဆရာ ရန်နိုင်စိုးဆိုသူလည်း ဝမ်းဗိုက်တွင် ကျဥ်ထိသွားပြီး ဆေးရုံသို့ပို့ဆောင်လိုက်ရကြောင်း ဒေသခံများက ပြောသည်။

“ဒီမနက် ၆ နာရီလောက်က လှိုင်(၃)ရပ်ကွက် ဘုရင့်နောင် ၁၀လမ်းမှာ အပစ်ခံလိုက်ရတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရသော ရာအိမ်မှူးမင်းဇော် သည် ထမင်းဆိုင်ဖွင့်ထားသူဖြစ်ပြီး ဆိုင်ဖွင့်ရန် ဆိုက္ကားဖြင့်အသွားလမ်းတွင် ပစ်ခတ်ခံရခြင်းဖြစ် ကြောင်း ဒေသခံများက ပြောသည်။

အလားတူ ယမန်နေ့(ဖေဖော်ဝါရီ ၃)ညနေပိုင်းကလည်း လှိုင် (၁)ရပ်ကွက်မှ အရံမီးသတ်အဖွဲ့ဝင်နှင့် ပျူစောထီးဟုဆိုသူတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့သေးသည်။

You May Also Like

သတင်း

ဖေဖော်ဝါရီလ ၁ ရက် မွန်းလွဲပိုင်းက ရွှေဘိုမြို့နယ် ၊ ဘုန်းဘွဲ့ ကျေးရွာအနီးတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များနှင့် ထိတွေ့တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ရာ Black WOLF -ARMY အဖွဲ့က ရဲဘော် ၃ ဦး ကျဆုံးခဲ့သည်။

သတင်း

"ဦးလူအေးက တိုက်ခန်းက ဆင်းလာတုန်း အနီးကပ်ပစ်ခံလိုက်ရတာပါ။ ခေါင်းကိုပဲတည်ပစ်သွားတာပါ။ နေရာမှာတင် ပွဲချင်းပြီးသေသွားပါတယ် "ဟု ၎င်းက ပြောသည်။

သတင်း

ထိုသို့ပစ်ခတ်မှုကြောင့် ပုဏ္ဏားကြီးရွာနေ အသက် (၆၀)အရွယ် အမျိုးသားကြီးတစ်ဦး ညာဘက်နားနောက်တည့်တည့်တွင် လက်နက်ကြီးစထိမှန်ခဲ့ပြီး မြေပြင်ကျန်းမာရေးစောင့်ရှောက်သူများက အရေးပေါ်ဆေးကုသမှုပေးနေကြောင်း အထက်ပါအဖွဲ့က ပြောသည်။

သတင်း

ယနေ့(ဖေဖော်ဝါရီ ၄ ရက်) နံနက် ၁နာရီက ဝင်ရောက်စီးနင်းခဲ့သည့် စစ်ကောင်စီစခန်းမှာ စစ်ကိုင်း - မုံရွာလမ်းပေါ်ရှိ ထီးဆောင်းကျေးရွာ၌ အထိုင်ချထားကြောင်း ၎င်းက ဆိုသည်။