Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပြင်ဦးလွင်မြို့တွင် ဓားဒဏ်ရာများဖြင့်သေဆုံးနေသော အမျိုးသားနှစ်ဦး ရုပ်အလောင်းတွေ့

လူလတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းကို ပြင်ဦးလွင်မြို့၊ ချယ်ရီလမ်းရှိ ဟိုတယ်တစ်ခုအနီးတွင် လမ်းသွားလမ်းလာများကတွေ့ရှိခဲ့ခြင်းဖြစ်သည်။

သေဆုံးသူနှစ်ဦး​၏ ရုပ်အလောင်းအား သယ်ဆောင်နေစဉ်၊ ဓာတ်ပုံ - CJ
သေဆုံးသူနှစ်ဦး​၏ ရုပ်အလောင်းအား သယ်ဆောင်နေစဉ်၊ ဓာတ်ပုံ - CJ

မန္တလေးတိုင်း ပြင်ဦးလွင်မြို့တွင် ဓားဒဏ်ရာများဖြင့်သေဆုံးနေသော အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းကို ယနေ့(ဇန်နဝါရီ၇ရက်) နံနက်အစောပိုင်းက တွေ့ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

လူလတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းကို ပြင်ဦးလွင်မြို့၊ ချယ်ရီလမ်းရှိ ဟိုတယ်တစ်ခုအနီးတွင် လမ်းသွားလမ်းလာများကတွေ့ရှိခဲ့ခြင်းဖြစ်သည်။

“ဓားဒဏ်ရာတွေနဲ့ဗျ။ တစ်ယောက်က လမ်းပေါ် မှာ။ တစ်ယောက်က လမ်းဘေးမှာ။ သန္တိသုခအသင်းက လာသယ်သွားတယ်”ဟု ဒေသခံတစ်ဦးက ပြော သည်။

သေဆုံးသူနှစ်ဥ်ီးစလုံးတွင် ဝမ်းဗိုက် ထိုးသွင်းဒဏ်ရာများတွေ့ရပြီး ပြင်ဦးလွင်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သန္တိသုခလူမှုရေးအသင်းက အသိပေးထားသည်။

စစ်ကောင်စီလက်ထက်တွင် လုယက်သတ်ဖြတ်မှုများမကြာခဏဖြစ်နေသည်ဟု ပြင်ဦးလွင်းမြို့ခံအချို့က ပြောသည်။

You May Also Like

သတင်း

ပညာရေးကဏ္ဍ က ၃၆၅ ဦး ၊ ပါတီနိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၉၂ဦး၊ ကျန်းမာရေးကဏ္ဍမှာပါဝင်လုပ်ကိုင်နေသူ ၅၁ဦး နဲ့ကျန်တဲ့ ဦးရေဟာ အနုပညာ ၊ မီဒီယာ ၊ အစိုးရမဟုတ်တဲ့ ကဏ္ဍအသီးသီက သူတွေနဲ့ သာမန်အရပ်သားအမျိုးသမီးတွေဖြစ်ကြပါတယ်။

သတင်း

ဇရပ်ဖြူကျေးရွာမှာ ပြီးခဲ့သည့် လပိုင်းကတည်း ကစ၍ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိလည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေဆဲဖြစ်သည်။

သတင်း

ဒီဖြစ်ရပ်ဟာမနေ့က မနက်ပိုင်း ၉ နာရီ ဝန်းကျင်မှာဖြစ်ပွားတာဖြစ်ပြီး အမျိုးသား ၃ ဦးက သေနတ်နဲ့ပြီး လက်ပစ်ဗုံး ပစ်ထည့်သွားတာလို့ စစ်ကောင်စီဘက်ကသတင်းထုတ်ထားပါတယ်။

သတင်း

ဇန်နဝါရီလအတွင်း စစ်ကောင်စီ လက်ချက်ကြောင့် ပြည်သူ ၁၁၅ဦး အသက်ဆုံးရှုံးခဲ့ရာ စစ်ကိုင်းတိုင်းမှ ၈၀ ဦး ပါဝင်သည်ဟုဆိုသည်။