Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အာဏာသိမ်း ၂ နှစ်အတွင်း အမျိုးသမီး ၂,၈၀၀ နီးပါးဖမ်းခံရပြီး ၄၀၀ ကျော်သေဆုံးခဲ့ရ

ပညာရေးကဏ္ဍ က ၃၆၅ ဦး ၊ ပါတီနိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၉၂ဦး၊ ကျန်းမာရေးကဏ္ဍမှာပါဝင်လုပ်ကိုင်နေသူ ၅၁ဦး နဲ့ကျန်တဲ့ ဦးရေဟာ အနုပညာ ၊ မီဒီယာ ၊ အစိုးရမဟုတ်တဲ့ ကဏ္ဍအသီးသီက သူတွေနဲ့ သာမန်အရပ်သားအမျိုးသမီးတွေဖြစ်ကြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်းစစ်တပ်ရဲ့လက်ချက်ကြောင့် ပထမဆုံး ဆုံးပါးသွားရတဲ့ မမြသွဲ့သွဲ့ခိုင်
နွေဦးတော်လှန်ရေးကာလအတွင်းစစ်တပ်ရဲ့လက်ချက်ကြောင့် ပထမဆုံး ဆုံးပါးသွားရတဲ့ မမြသွဲ့သွဲ့ခိုင်

စစ်တပ်အာဏာသိမ်းထားတဲ့ ၂ နှစ်တာကာလအတွင်းအမျိုးသမီး ၂,၈၀၀ နီးပါး ဖမ်းခံခဲ့ရပြီး သေဆုံးခဲ့ရသူ ဦးရေဟာ ၄၀၀ ကျော်ရှိခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂက ဖော်ပြပါတယ်။

ဖမ်းခံရတဲ့ အမျိုးသမီးဦးရေထဲမှာ ရန်ကုန်တိုင်းက အများဆုံးဖြစ်ပြီး ၇၅၈ ဦး စစ်တပ်ရဲ့ဖမ်းဆီးတာခံခဲ့ရတာပါ။

စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းဟာ အမျိုးသမီးဦးရေ အများဆုံး ဖမ်းခံရတဲ့စာရင်းထဲပါပြီး အဲဒီတိုင်း ၂ တိုင်းမှာ အမျိုးသမီးအယောက် ၃၀၀ ကျော်စီ ဖမ်းခံခဲ့ရတယ်လို့သိရပါတယ်။

ပဲခူးတိုင်းနဲ့တနင်္သာတိုင်းမှာလည်း အမျိုးသမီး ၂၀၀ ကျော်စီ ဖမ်းခံခဲ့ရတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့စာရင်းအရသိရပါတယ်။

ဒီလို ဖမ်းခံရတဲ့အမျိုးသမီးဦးရေထဲမှာ ပညာရေးဝန်ထမ်းတွေ ၊တက်ကြွလှုပ်ရှားသူတွေ နဲ့ကျန်းမာရေးကဏ္ဍနဲ့ဆက်စပ်သူတွေ အများဆုံးဖမ်းခံရတာတွေ့ရပါတယ်။

ပညာရေးကဏ္ဍ က ၃၆၅ ဦး ၊ ပါတီနိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၉၂ဦး၊ ကျန်းမာရေးကဏ္ဍမှာပါဝင်လုပ်ကိုင်နေသူ ၅၁ဦး နဲ့ကျန်တဲ့ ဦးရေဟာ အနုပညာ ၊ မီဒီယာ ၊ အစိုးရမဟုတ်တဲ့ ကဏ္ဍအသီးသီက သူတွေနဲ့ သာမန်အရပ်သားအမျိုးသမီးတွေဖြစ်ကြပါတယ်။

ဒါအပြင် ၂ နှစ်တာ ကာလအတွင်းသေဆုံးခဲ့ရတဲ့ အမျိုးသမီး ဦးရေ ၄၁၄ ဦးရှိခဲ့ပြီး ဒီစာရင်းမှာ လက်နက်ကြီးထိမှန်သေဆုံးသူတွေ ၊ ကျေးရွာထဲ ဝင်ရောက်ပစ်ခတ်မှုကြောင့်သေဆုံးသူတွေ ၊ လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးရသူတွေနဲ့ ဆန္ဒထုတ်ဖော်နေချိန် ပစ်ခတ်နှိမ်နင်းမှုတွေကြောင့် သေဆုံးရသူတွေပါဝင်တာကိုတွေ့ရပါတယ်။

You May Also Like

သတင်း

လူလတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းကို ပြင်ဦးလွင်မြို့၊ ချယ်ရီလမ်းရှိ ဟိုတယ်တစ်ခုအနီးတွင် လမ်းသွားလမ်းလာများကတွေ့ရှိခဲ့ခြင်းဖြစ်သည်။

သတင်း

ဖမ်းဆီးရမိသောဗိုလ်ကြီးအဆင့်ရှိသူအား နိုင်ငံတကာစံချိန်စံညွှန်းနှင့် အညီစစ်ဆေးမေးမြန်းခဲ့ရာ ဗိုလ်ကြီးမြတ်သူ ဖြစ်ကြောင်း YGF က အသိပေးသည်။

သတင်း

ဇရပ်ဖြူကျေးရွာမှာ ပြီးခဲ့သည့် လပိုင်းကတည်း ကစ၍ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိလည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေဆဲဖြစ်သည်။

သတင်း

ဒီဖြစ်ရပ်ဟာမနေ့က မနက်ပိုင်း ၉ နာရီ ဝန်းကျင်မှာဖြစ်ပွားတာဖြစ်ပြီး အမျိုးသား ၃ ဦးက သေနတ်နဲ့ပြီး လက်ပစ်ဗုံး ပစ်ထည့်သွားတာလို့ စစ်ကောင်စီဘက်ကသတင်းထုတ်ထားပါတယ်။