Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စိုင်နိုင်ကွေ့တွင် PDF အယောင်ဆောင် ငွေတောင်းနေသော စစ်ကောင်စီတပ်အား ပစ်ခတ်တိုက်ခိုက်

စစ်ကောင်စီတပ်၊ရဲနှင့်ပျူများနှင့် မကြာခဏထိတွေ့မှုဖြစ်ပွားလျက်ရှိပြီး တိုက်ပွဲသတင်းများကို လုံခြုံရေးအရ အကန့်အသတ်ဖြင့်သာ ထုတ်ပြန်သွားမည်ဟု GZ Special Task Force အဖွဲ့ကဆိုသည်။

(စိုင်နိုင်ကွေ့တိုက်ပွဲတွင် ပစ်ခတ်နေသော တော်လှန်ရေးရဲဘော်တစ်ဦးအား တွေ့ရစဉ်)
(စိုင်နိုင်ကွေ့တိုက်ပွဲတွင် ပစ်ခတ်နေသော တော်လှန်ရေးရဲဘော်တစ်ဦးအား တွေ့ရစဉ်)

▪️စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဦးခန့်သေဆုံးနိုင်ဟုဆို

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွှေဘို – မန္တလေးလမ်းမကြီးပေါ် စိုင်နိုင်ကွေ့တွင် PDF အယောင်ဆောင်ကာ ငွေတောင်းနေသော စစ်ကောင်စီတပ်အား အနီးကပ်ပစ်ခတ်တိုက်ခိုက်ရာ ၂ ဦးခန့်သေဆုံးနိုင်ကြောင်း GZ Special Task Force – Wet Let ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စိုင်နိုင်ကွေ့တွင် အထိုင်ချပြီး PDFအယောင်ဆောင် ကာ ခရီးသွားပြည်သူများအား ငွေတောင်းနေသည့် အင်အား ၆၀ခန့်ရှိ​သော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဖေဖော်ဝါရီ ၅ရက် ညနေ ၄ နာရီခန့်မှစ၍ နာရီဝက်ကြာအနီးကပ်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း GZ Special Task Force – Wet Let ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ၂ ဦးခန့် သေဆုံးနိုင်ကြောင်း အထက်ပါတာဝန်ခံက ဆိုသည်။

“စိုင်နိုင်ကွေ့မှာက တပ်စွဲထားတာကြာပြီ။ PDF ပုံစံနဲ့ NLD အလံတွေဘာတွေနဲ့ ပိုက်ဆံတောင်းနေတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို GZ Special Task Forceဌာနချုပ်ရဲဘော်များ၊PRFတပ်ဖွဲ့၊ ရွှေဘိုခရိုင်တပ်ရင်း(၂၃)​၊ တော်ဝင်ဖီးနစ်နှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

စစ်ကောင်စီတပ်၊ရဲနှင့်ပျူများနှင့် မကြာခဏထိတွေ့မှုဖြစ်ပွားလျက်ရှိပြီး တိုက်ပွဲသတင်းများကို လုံခြုံရေးအရ အကန့်အသတ်ဖြင့်သာ ထုတ်ပြန်သွားမည်ဟု GZ Special Task Force အဖွဲ့ကဆိုသည်။

ဖေဖော်ဝါရီ ၃ ရက်ကလည်း ဝက်လက်နယ်အနောက်ခြမ်း၊ မန်ကျည်းတုံရွာမှ တကောင်းမင်းရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီစစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးခန့်သေဆုံးကြောင်း GZ Specisl Task Force-Wet Let အဖွဲ့က အသိ​ပေးထားသည်။

You May Also Like

သတင်း

ပြီးခဲ့သည့် ဇန်နဝါရီအတွင်းကလည်း ဖလံကိုင်း၊ Well-2နှင့် မြိုင်နယ်အတွင်းကူးသန်းနေသော စစ်ကောင်စီထောက်ပို့စစ်ကြောင်းအား မြိုင်ပကဖနှင့် တော်လှန်ရေးအင်အားစုများက နေ့စဥ်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။

သတင်း

ပခုက္ကူခရိုင်အမှတ်(၃) တပ်ရင်းသည် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်(၁)စစ်ဒေသ ၊ ပခုက္ကူခရိုင်ကွပ်ကဲရေး အောက်တွင်ရာနှုန်းပြည့်တာဝန်ထမ်းဆောင်နေပြီဖြစ်​ကြောင်းလည်းအသိ​ပေးထားသည်။

သတင်း

စစ်ကောင်စီတပ်က တပ်ရင်းနှစ်ရင်းစာ ပမာဏရှိသော အင်အားဖြင့် ဝင်ရောက်တပ်စွဲထား မိုးဗြဲမြို့သည် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီ ဒေသအတွက် စစ်ရေးအရ အရေးပါသည့် ​ဒေသ တစ်ခု ဖြစ်သည်။

သတင်း

တောပုကျေးရွာသည် မုံရွာမြို့နယ်အတွင်း စစ်ကောင်စီတပ်က လက်နက်တပ်ဆင်ပေးထားသည့် ပျူအင်အားကောင်းရာ ရွာတစ်ရွာဖြစ်သည်။