Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေပြည်​အေးမြို့ကိုပြန်ထိုးစစ်ဆင်ရန်စစ်​တပ်အင်အားဖြည့်

စစ်ကောင်စီက ထိုးစစ်ဆင်ရန် ပြင်ဆင်နေသော်လည်း ပြည်သူ့ကာကွယ်ရေးမဟာမိတ်ရဲဘော်များ အန္တရာယ်ကင်း​ကြောင်းအထက်ပါPDF ကဆက်ပြောသည်။

(​ရွှေပြည်​အေးမြို့ကို Google Earth မှမြင်​တွေ့ရမှု နှင့် မြို့တစ်​နေရာ။ဓါတ်ပုံ-CJ)
(​ရွှေပြည်​အေးမြို့ကို Google Earth မှမြင်​တွေ့ရမှု နှင့် မြို့တစ်​နေရာ။ဓါတ်ပုံ-CJ)

ဟုမ္မလင်းမြို့နယ် ၊ရွှေပြည်အေးမြို့တွင် စစ်​ကောင်စီတပ်ကအင်အားဖြည့်တင်းရန်အတွက်တမူး၊​ခန္တီး၊ဖောင်းပြင်မြို့ အခြေစိုက်စစ်ကောင်စီတပ်ရင်းများကို ပို့ဆောင်ထား၍ ​ရွှေပြည်​အေးမြို့တွင်းသို့ထိုးစစ်ဆင်ရန် ပြင်ဆင်နေကြောင်း စစ်​ရေးသတင်းရင်းမြစ်အချို့ကပြောသည်။

စစ်ကိုင်းတိုင်း ၊ဟုမ္မလင်းမြို့နယ်၊ရွှေပြည်အေးမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်များက ဖေဖော်ဝါရီ ၁ရက်တွင် မြို့သိမ်းတိုက်ပွဲဆင်နွဲခဲ့သည်။ စစ်​ကောင်စီတပ်နှင့် ရှမ်းနီတပ်ဖွဲ့များ အထိနာပြီး​နောက် ​စစ်​ကောင်စီတပ်ကလေ​ကြောင်းမှတိုက်ခိုက်ခဲ့သည်။

(​ရွှေပြည်​အေးမြို့ကို Google Earth မှမြင်​တွေ့ရမှု နှင့် မြို့တစ်​နေရာ။ဓါတ်ပုံ-CJ)
(​ရွှေပြည်​အေးမြို့ကို Google Earth မှမြင်​တွေ့ရမှု နှင့် မြို့တစ်​နေရာ။ဓါတ်ပုံ-CJ)

​ဖေ​ဖော်ဝါရီ ၃ရက်တွင် စစ်ကောင်စီတပ်မှ Mi-17 ရဟတ်ယာဥ်ကိုPDF များကပစ်ချခဲ့သည်။ယခုအခါစစ်ကောင်စီတပ်က ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ရန် စစ်အင်အားများစွာတိုး၍ ပြင်ဆင်နေခြင်းဖြစ်သည်။

“ရွှေပြည်အေးမြို့ကို ပြန်သိမ်းဖို့ စစ်ကြောင်ထိုးလာတယ်။ခန္တီးဘက်က ရေကြောင်းရော ကုန်းကြောင်းရောလာတယ်။ ဖောင်းပြင်ကလာတဲ့အဖွဲ့ကတော့ ရေကြောင်းကနေလာပြီး ဆာဖာမြေငှားဆိပ်ကမ်းကနေ တက်လာတယ်။ တမူးက​နေ ဆင်းလာတာကတော့ တပ်မ ၂၂ ပါတယ်” ဟု ရွှေပြည်အေးမြို့၏ဖေဖော်ဝါရီ ၇ရက်အခြေအ​နေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက People’s Spring သို့ ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီက ထိုးစစ်ဆင်ရန် ပြင်ဆင်နေသော်လည်း ပြည်သူ့ကာကွယ်ရေးမဟာမိတ်ရဲဘော်များ အန္တရာယ်ကင်း​ကြောင်းအထက်ပါPDF ကဆက်ပြောသည်။

​ဖေ​ဖော်ဝါရီလဆန်းမှ စတင်ခဲ့​သောတိုက်ပွဲများ​ကြောင့်​ဒေသခံပြည်သူများမှာ​ဘေးလွတ်ရာ ထွက်​ပြေးတိမ်း​ရှောင်​နေကြသည်။

You May Also Like

သတင်း

ဗိုလ်ဝကြီးဆိုသူသည် မိတ္ထီလာမြို့တွင် သင်္ဂြိုလ်လိုက်ရပြီး မိုင်းထိခဲ့သည့်တပ်သား ငါးဦးလည်း အသက်အန္တရာယ်ထိခိုက်နိုင်ကြောင်း ဇာမဏီပြောက်ကျားတပ်ဖွဲ့တာဝန်ခံက ပြောသည်။

သတင်း

စစ်တပ်အာဏာသိမ်း ၂ နှစ်တာကျော်လာချိန်မှာ မြန်မာကလေးသူငယ်တွေနဲ့ လူငယ်တွေရဲ့ အခြေအနေဟာ ဆိုးရွားနေဆဲဖြစ်တယ်လို့ UNICEF မြန်မာက ဆိုထားပါတယ်။

သတင်း

ပြည်သူများအနေဖြင့် စစ်ကောင်စီ တပ်သားများနှင့် အတက်နိုင်ဆုံး ဝေးရာတွင်နေထိုင်ကြရန် Unicorn Guerrilla Force အဖွဲ့က သတိပေးထားသည်။

သတင်း

ပြီးခဲ့သည့် ဇန်နဝါရီအတွင်းကလည်း ဖလံကိုင်း၊ Well-2နှင့် မြိုင်နယ်အတွင်းကူးသန်းနေသော စစ်ကောင်စီထောက်ပို့စစ်ကြောင်းအား မြိုင်ပကဖနှင့် တော်လှန်ရေးအင်အားစုများက နေ့စဥ်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။