Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ငါန်းဇွန်နယ်တွင် စစ်ကောင်စီယာဥ်မိုင်းဆွဲတိုက်ခိုက်ရာ ဗိုလ်ကြီးတစ်ဦးသေဟုဆို

ဗိုလ်ဝကြီးဆိုသူသည် မိတ္ထီလာမြို့တွင် သင်္ဂြိုလ်လိုက်ရပြီး မိုင်းထိခဲ့သည့်တပ်သား ငါးဦးလည်း အသက်အန္တရာယ်ထိခိုက်နိုင်ကြောင်း ဇာမဏီပြောက်ကျားတပ်ဖွဲ့တာဝန်ခံက ပြောသည်။

ငါန်းဇွန်နယ်တွင် စစ်ကောင်စီယာဥ်မိုင်းဆွဲတိုက်ခိုက်ရာ ဗိုလ်ကြီးတစ်ဦးသေဟုဆို
ငါန်းဇွန်နယ်တွင် စစ်ကောင်စီယာဥ်မိုင်းဆွဲတိုက်ခိုက်ရာ ဗိုလ်ကြီးတစ်ဦးသေဟုဆို

မန္တလေးတိုင်း မြို့သာမှ ငါန်းဇွန်မြို့နယ်သို့လာသည့် စစ်ကောင်စီတပ်ယာဥ်အား ပဒေသာမိုင်းများဖြင့် မိုင်းဆွဲတိုက်ခိုက်ရာ ဗိုလ်ကြီးတစ်ဦးသေဆုံးကြောင်း Myitnge – PDF မြို့ပြပြောက်ကျားအထူးတပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။

ဖေဖော်ဝါရီ ၅ ရက် မွန်းတည့် ၁၂ နာရီဝန်းကျင်က မြို့သာမှ ငါးဇွန်မြို့သို့ ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့၀င်များ လိုက်ပါလာသည့် ယာဥ်တစ်စီးကို တောင်လယ်တောနှင့်ရွာသာလမ်းကြားတွင် ပဒေသာမိုင်း (၇)လုံးဆွဲကာတိုက်ခိုက်ခဲ့ကြောင်း Myitnge – PDF သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။

သို့သော် မိုင်း (၅)လုံးသာကွဲခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့၀င် အသက်မွေးမြူရေးသင်တန်းကျောင်း-၂မှ ဗိုလ်ကြီး ၀ကြီးဆိုသူ သေဆုံးကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦး ပြင်းထန်ဒဏ်ရာ ရရှိသွားကြောင်း Myitnge – PDF သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။

“ကားပေါ်မှာဆယ်ယောက်လောက်တော့ပါတယ်။ ဗိုလ်ကြီး၀ကြီးက စစ်တပ်ကုန်းရွာမှာနေတယ်လို့ သိရပါတယ်။ မြစ်သားဆေးရုံမှာ သေတယ်။”ဟု Myitnge – PDF မြို့ပြပြောက်ကျားအထူးတပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။

ဗိုလ်ဝကြီးဆိုသူသည် မိတ္ထီလာမြို့တွင် သင်္ဂြိုလ်လိုက်ရပြီး မိုင်းထိခဲ့သည့်တပ်သား ငါးဦးလည်း အသက်အန္တရာယ်ထိခိုက်နိုင်ကြောင်း ဇာမဏီပြောက်ကျားတပ်ဖွဲ့တာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုကို လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

“အဲဒီဖြစ်နဲ့ပတ်သက်ပြီး နောက်ဆက်တွဲ ကြားတဲ့သတင်းတွေကရှိတယ်။ အတည်ပြုမရနေလို့။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် တော်လှန်ရေးအရှိန်မြှင့်နေ၍ မိုင်းထုတ်လုပ်ရေးကုန်ကျစရိတ်များနေသောကြောင့် ဝိုင်းဝန်းကူညီကြရန် ဇာမဏီပြောက်ကျားတပ်ဖွဲ့တာဝန်ခံက မေတ္တာရပ်ခံထားသည်။

အဆိုပါ စစ်ဆင်ရေးကို မန္တလေးခရိုင်၊အမှတ် (၅)တပ်ရင်း Myitnge – PDFနှင့်အတူဇာမဏီပြောက်ကျားတပ်ဖွဲ့နှင့် AH NYAR MYAY SPECIAL DEFENSE FORCE တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

You May Also Like

သတင်း

စစ်တပ်အာဏာသိမ်း ၂ နှစ်တာကျော်လာချိန်မှာ မြန်မာကလေးသူငယ်တွေနဲ့ လူငယ်တွေရဲ့ အခြေအနေဟာ ဆိုးရွားနေဆဲဖြစ်တယ်လို့ UNICEF မြန်မာက ဆိုထားပါတယ်။

သတင်း

ပြည်သူများအနေဖြင့် စစ်ကောင်စီ တပ်သားများနှင့် အတက်နိုင်ဆုံး ဝေးရာတွင်နေထိုင်ကြရန် Unicorn Guerrilla Force အဖွဲ့က သတိပေးထားသည်။

သတင်း

စစ်ကောင်စီက ထိုးစစ်ဆင်ရန် ပြင်ဆင်နေသော်လည်း ပြည်သူ့ကာကွယ်ရေးမဟာမိတ်ရဲဘော်များ အန္တရာယ်ကင်း​ကြောင်းအထက်ပါPDF ကဆက်ပြောသည်။

သတင်း

ပြီးခဲ့သည့် ဇန်နဝါရီအတွင်းကလည်း ဖလံကိုင်း၊ Well-2နှင့် မြိုင်နယ်အတွင်းကူးသန်းနေသော စစ်ကောင်စီထောက်ပို့စစ်ကြောင်းအား မြိုင်ပကဖနှင့် တော်လှန်ရေးအင်အားစုများက နေ့စဥ်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။