Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မတ္တရာမြို့နယ်တွင် စစ်ကောင်စီတ​ပ်ကို ဒရုန်းသုံးစီးဖြင့် ဗုံးသီးချတိုက်ခိုက်

ပြည်သူများအနေဖြင့် စစ်ကောင်စီ တပ်သားများနှင့် အတက်နိုင်ဆုံး ဝေးရာတွင်နေထိုင်ကြရန် Unicorn Guerrilla Force အဖွဲ့က သတိပေးထားသည်။

မတ္တရာမြို့နယ်တွင် စစ်ကောင်စီတ​ပ်ကို ဒရုန်းသုံးစီးဖြင့် ဗုံးသီးချတိုက်ခိုက်
မတ္တရာမြို့နယ်တွင် စစ်ကောင်စီတ​ပ်ကို ဒရုန်းသုံးစီးဖြင့် ဗုံးသီးချတိုက်ခိုက်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ တောပုမာယာပင်ရွာ၌ တပ်စွဲထားသော စစ်ကောင်စီတ​ပ်ကို ဒရုန်းသုံးစီးဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း Unicorn Guerrilla Force အဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဖေဖော်ဝါရီ ၅ ရက်က တောပုမာယာပင်ကျေးရွာ ဘုန်းကြီးကျောင်း၌ တပ်ဆွဲထားသည့် စစ်ကောင်စီတပ်ကို Unicorn Guerrilla Force အဖွဲ့က ဒရုန်း သုံးစင်းဖြင့် ဗုံးသီးငါးလုံးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း နယ်မြေခံ များ၏သတင်းပေးပို့ချက်အရ သိရှိရပြီး အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း Unicorn Guerrilla Force အဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“အဲဒီရွာက စစ်ကောင်စီတပ်တွေက ဘေးပတ်လည် ရွာတွေကို စစ်ကြောင်း ထိုးမွှေနှောက်တာတွေလုပ်တယ်။”ဟု အထက်ပါတာဝန်ခံက ပြောသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီ တပ်သားများနှင့် အတက်နိုင်ဆုံး ဝေးရာတွင်နေထိုင်ကြရန် Unicorn Guerrilla Force အဖွဲ့က သတိပေးထားသည်။

စစ်ကောင်စီတပ်သည် မတ္တရာမြို့နယ်အနောက်ခြမ်း ဧရာဝတီမြစ်ဘေးကျေးရွာများအား စစ်ကြောင်းထိုးကာ ပြည်သူများအားဖမ်းဆီးနှိပ်စက်ခြင်းများပြုလုပ်နေကြောင်း ဒေသခံများက ပြော သည်။

You May Also Like

သတင်း

ဗိုလ်ဝကြီးဆိုသူသည် မိတ္ထီလာမြို့တွင် သင်္ဂြိုလ်လိုက်ရပြီး မိုင်းထိခဲ့သည့်တပ်သား ငါးဦးလည်း အသက်အန္တရာယ်ထိခိုက်နိုင်ကြောင်း ဇာမဏီပြောက်ကျားတပ်ဖွဲ့တာဝန်ခံက ပြောသည်။

သတင်း

စစ်တပ်အာဏာသိမ်း ၂ နှစ်တာကျော်လာချိန်မှာ မြန်မာကလေးသူငယ်တွေနဲ့ လူငယ်တွေရဲ့ အခြေအနေဟာ ဆိုးရွားနေဆဲဖြစ်တယ်လို့ UNICEF မြန်မာက ဆိုထားပါတယ်။

သတင်း

စစ်ကောင်စီက ထိုးစစ်ဆင်ရန် ပြင်ဆင်နေသော်လည်း ပြည်သူ့ကာကွယ်ရေးမဟာမိတ်ရဲဘော်များ အန္တရာယ်ကင်း​ကြောင်းအထက်ပါPDF ကဆက်ပြောသည်။

သတင်း

ပြီးခဲ့သည့် ဇန်နဝါရီအတွင်းကလည်း ဖလံကိုင်း၊ Well-2နှင့် မြိုင်နယ်အတွင်းကူးသန်းနေသော စစ်ကောင်စီထောက်ပို့စစ်ကြောင်းအား မြိုင်ပကဖနှင့် တော်လှန်ရေးအင်အားစုများက နေ့စဥ်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။