Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထန်တလန်ရဲစခန်းကို CNA၊CDFတိုက်ခိုက်သိမ်း

ထန်တလန်မြို့သည် စစ်​ကောင်စီက​ဖေ​ဖော်ဝါရီလတွင် စစ်အုပ်ချုပ်​ရေးထပ်တိုးထုတ်ပြန်ခဲ့​သော ၃၈ မြို့ထဲမှတစ်မြို့ဖြစ်သည်။

ထန်တလန်ရဲစခန်းကိုအ​ဝေးမှ မြင်ရစဥ်
ထန်တလန်ရဲစခန်းကိုအ​ဝေးမှ မြင်ရစဥ်

▪︎ဒရုန်းပစ်လက်နက်အပါအဝင်လက်နက်မျိုးစုံ ၄၀​ကျော်ရ

▪︎ရဲစခန်းကိုတိုက်ခိုက်စဥ် ထန်တလန်မြို့​ပေါ်ရှိစစ်​ကောင်စီတပ်က စစ်ကူမ​ပေး

ထန်တလန်မြို့ရဲစခန်းကို CNA (ချင်းအမျိုးသားတပ်)နှင့်CDF(ချင်းကာကွယ​်ရေးတပ်)ထန်တလန်တို့ကယမန့်နေည ၁၀ နာရီမှစတင်၍ သုံးနာရီကြာတိုက်ခိုက်ပြီး​ရဲစခန်းတခုလုံးကို သိမ်ဆည်းနိုင်ခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်များထံမှသိရသည်။

ရဲစခန်းကို ဖေဖော်ဝါရီ ၈ ရက်နေ့ည ၁၀တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီ ၉ရက် မနက် ၁နာရီခန့်တွင် စခန်းတခုလုံးကို သိမ်းဆည်းမိကာဒရုန်းပစ်လက်နက်အပါအဝင် လက်နက် ၄၀ကျော် ရရှိခဲ့ကြောင်း CNAသတင်းအရင်းအမြစ်များကပြောသည်။

ကျဆုံးခဲ​သော CNA၊ CDF တပ်ဖွဲ့ဝင်တစ်ဦး
ကျဆုံးခဲ​သော CNA၊ CDF တပ်ဖွဲ့ဝင်တစ်ဦး

ထိုသို့ တိုက်ခိုက်နေစဉ် ထန်တလန်မြို့ပေါ်ရှိ စစ်​ကောင်စီတပ်က စစ်ကူမပေးခဲ့သလို လေကြောင်းပစ်ကူလည်း မလာခဲ့ကြောင်း အဆိုပါအရင်းအမြစ်များကပြောသည်။ရဲစခန်းသိမ်းပိုက်ပြီးချိန်မှသာ စစ်ကောင်စီတပ်က လေကြောင်းမှတောက်လျှောက် တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်ဟု၎င်းတို့က​ပြောသည်။

ထိုရဲစခန်းသိမ်းပိုက်မှုတွင် စစ်ကောင်စီရဲတပ်များ​သေဆုံးမှုအများအပြားရှိခဲ့​ကြောင်းသိရသည်။သို့​​သော်အ​ရေအတွက်ကိုမူမသိရ​သေး​ပေ။ CNA၊ CDFဘက်မှ တစ်ဦးကျဆုံးခဲ့ကြောင်း CNAသတင်းအရင်းအမြစ်များကပြောသည်။

သိမ်းဆည်းရရှိ​သော ဒရုန်းပစ်လက်နက်
သိမ်းဆည်းရရှိ​သော ဒရုန်းပစ်လက်နက်

ထန်တလန်မြို့သည် စစ်​ကောင်စီက​ဖေ​ဖော်ဝါရီလတွင် စစ်အုပ်ချုပ်​ရေးထပ်တိုးထုတ်ပြန်ခဲ့​သော ၃၈ မြို့ထဲမှတစ်မြို့ဖြစ်သည်။

(ထန်တလန်ရဲစခန်းနှင့်သိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းများ၊ တိုက်ခိုက်ခဲ့​သောတပ်ဖွဲ့ဝင်များနှင့် ကျဆုံးခဲ့​သော တပ်ဖွဲ့ဝင်တစ်ဦး ။ဓါတ်ပုံ-CJ)

You May Also Like

သတင်း

စစ်ကောင်စီလက်အောက်ခံ စစ်ရေးပစ်မှတ်နှစ်ခုအား ပစ်ခတ်တိုက်ခိုက်မှုများတွက် စစ်ကောင်စီဘက်မှ ထိခိုက်မှုရှိနိုင်သော်လည်း အတည်ပြုစုံစမ်းဆဲဖြစ်ကြောင်း Eagle Force က အသိပေးထားသည်။

သတင်း

"နေရာစုံမှရန်သူ့စခန်းတို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပါသည်။​ေးအကျဆုံးရှိနိုင်ပြီး ပြင်းထန်ဒဏ်ရာရမှုတို့လဲရှိနိုင်ပါသည်။ --ကျဆုံးမှုနှင့်ဒဏ်ရာရရှိကို ဆက်လက်စုံစမ်းဆဲဖြစ်ပါသည်" ဟု Kalay PDFမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

သတင်း

စစ်​တပ်၏ အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံရှိ ယမ်းချက်စက်ရုံကို ယနေ့(ဖေဖော်ဝါရီ ၉ရက်) နံနက် ၁ နာရီမထိုးခင်အချိန်တွင် (၁ဝ၇) မမ ရှော့တိုက်ဒုံး (၂) လုံး၊ RPG (၁) လုံးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုသိရသည်။

သတင်း

ယမန်နေ့ (ဖေဖော်ဝါရီ ၈ရက်)က ရေဦးမြို့မှထွက်လာသော အင်အား ၉၀ကျော်ပါ စစ်ကောင်တပ်စစ်ကြောင်းကို ကံသစ်ကျေးရွာနှင့် ခင်ဦးမြို့ကြားတွင် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း RTGF ပြန်ကြားရေးတာဝန်ခံက ပြောသည်။