Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖလမ်းမြို့ အထက(၁)အနီးရှိ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာသုံးဦးသေဟု CNA ပြော

နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုအတွင်း ကျောင်းသူတစ်ဦး ပေါင်တွင်ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ရပ်ကွက်နေပြည်သူ အများအပြားကိုလည်း စစ်ကောင်စီတပ် ဖမ်းဆီးသွားကြောင်း ဖော်ပြသည်။

(ချင်းCNA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်၊ဓာတ်ပုံ - CNA)
(ချင်းCNA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်၊ဓာတ်ပုံ - CNA)

ချင်းပြည်နယ် ဖလမ်းမြို့အထက်တန်းကျောင်းအနီး ရှိ စစ်ကောင်စီတပ်ကို ယမန်နေ့တွင် ချင်းအမျိုးသားတပ်မတော်(CNA)တပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က သုံးဦး သေဆုံးခဲ့ကြောင်း CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ဇန်နဝါရီ ၁၈ရက် မွန်းလွဲ ၃နာရီခန့်တွင် အထက (၁)၌ တာဝန်ချထားသည့် စစ်ကောင်စီတပ်ကို ပစ်ခတ်ရာသုံးဦး သေဆုံးပြီး တစ်ဦးဒဏ်ရာ ပြင်းထန်ခဲ့ကြောင်း၊ CNFရဲဘော်များ ထိခိုက်မှုမရှိကြောင်း ဆလိုင်းထက်နီက ယနေ့နံနက်တွင် ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး The Chin Journalက ဖော်ပြထားရာ ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က ရဲတစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာရခဲ့သည်ဟု ဒေသခံများကို ကိုးကား ဖော်ပြခဲ့သည်။

နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုအတွင်း ကျောင်းသူတစ်ဦး ပေါင်တွင်ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ရပ်ကွက်နေပြည်သူ အများအပြားကိုလည်း စစ်ကောင်စီတပ် ဖမ်းဆီးသွားကြောင်း ဖော်ပြသည်။

You May Also Like

သတင်း

စစ်ကောင်စီက ရှပ်ပုံစံပြကျေးရွာအား ယနေ့ (ဇန်နဝါရီ ၁၉ ရက်)နံနက် ၉နာရီခန့်မှစတင်၍ မီးရှို့ဖျက်ဆီးနေဖြစ်သည်။

သတင်း

မိုင်းပွိုင့် သုံးခုအနက် ပွိုင့်(၂)နှင့် ပွိုင့်(၃) စတင်ဖောက်ခွဲတိုက်ခိုက်ရာ မိုင်းကွင်းအတွင်း ရောက်နေသောစစ်ကားနှစ်စီးမှာ လမ်းအောက်သို့လွင့်စင်ကျသွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ၏ ပြောစကားကို ကိုးကား၍ မြစ်ငယ်PDFက ထုတ်ပြန်သည်။

သတင်း

ဇန်နဝါရီ ၃ရက်မှ ဇန်နဝါရီ ၁၇ရက်အတွင်း ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများသို့ လက်နက်ကြီး ၃၁လုံး ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

သတင်း

အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်၍ ပြည်သူများအနေဖြင့် ရွှေဘို-ကျောက်မြောင်းလမ်းပိုင်းအား အရေးမကြီးလျှင် အသုံးမပြုကြရန် PDFများက မေတ္တာရပ်ခံထားသည်။