Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ငဖဲမြို့နယ်ရှိ ကပစစက်ရုံကိုPRA(မ​ကွေး)​ရှော့တိုက်ဒုံးဖြင့်တိုက်ခိုက်

စစ်​တပ်၏ အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံရှိ ယမ်းချက်စက်ရုံကို ယနေ့(ဖေဖော်ဝါရီ ၉ရက်) နံနက် ၁ နာရီမထိုးခင်အချိန်တွင် (၁ဝ၇) မမ ရှော့တိုက်ဒုံး (၂) လုံး၊ RPG (၁) လုံးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုသိရသည်။

(PRA(မ​ကွေး)တပ်ဖွဲ့ဝင်တစ်ဦး ။ဓါတ်ပုံ-PRA-မ​ကွေး)
(PRA(မ​ကွေး)တပ်ဖွဲ့ဝင်တစ်ဦး ။ဓါတ်ပုံ-PRA-မ​ကွေး)

မ​ကွေးတိုင်း၊ ငဖဲမြို့နယ်အခြေစိုက်၊ အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံရှိ ယမ်းချက်စက်ရုံကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခဲ့ပြီး အဆောက်အဦပျက်စီးမှုနှင့် ရန်သူသေဆုံးဒဏ်ရာရရှိမှုများ ရှိနိုင်ကြောင်း People’s Revolutlon Allance (PRA-Magway) စစ်ရေးဆိုင်ရာတာဝန်ခံက​ပြောသည်။

စစ်​တပ်၏ အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံရှိ ယမ်းချက်စက်ရုံကို ယနေ့(ဖေဖော်ဝါရီ ၉ရက်) နံနက် ၁ နာရီမထိုးခင်အချိန်တွင် (၁ဝ၇) မမ ရှော့တိုက်ဒုံး (၂) လုံး၊ RPG (၁) လုံးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုသိရသည်။

” ရဲဘော်တွေက အဆောက်အဦးအနီးအနားအထိကပ်ပြီး မစ်ရှင်လုပ်နိုင်ခဲ့ပါတယ်။ ပစ်မှတ်ကိုထိတာမျက်မြင်ကိုယ်တွေ့ ရှိခဲ့ပါတယ်။ မကြာခင် ဗီဒီယိုဖိုင်ထုတ်ပြန်ပါမယ်” ဟု PRA-Magwayစစ်ရေးဆိုင်ရာတာဝန်ခံက People’s Spring သို့ပြောသည်။

အဆိုပါစစ်ဆင်​ရေးကို ဟောလုံစစ်ကြောင်းနှင့်မောလုံစစ်ကြောင်းတို့ပူးပေါင်း၍ တိုက်ခိုက်ခြင်းဖြစ်ပြီးမြေပြင်အတည်ပြုချက်များအရ အဆောက်အဦပျက်စီးမှုနှင့် ရန်သူသေဆုံးဒဏ်ရာရရှိမှုများ ရှိနိုင်သည်ဟု ယူဆရပြီး နောက်ဆက်တွဲအခြေအနေများ ဆက်လက်စုံစမ်းနေကြောင်းPRA (မ​ကွေး)က အသိ​ပေထားသည်။

စစ်​ကောင်စီတပ်တွင် ကပစ စက်ရုံ ၂၅ ရုံရှိ​ကြောင်း Myanmar Now သတင်းဌာနက စုံစမ်း​ဖော်ထုတ်​ရေးသားထားသည်။

ဖေ‌ဖော်ဝါရီ၅ရက်ကလည်းမုံရွာမြို့မှစစ်ကောင်စီတပ်၏အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force ) ကဦး​ဆောင်၍ မဟာမိတ်ခြောက်ဖွဲ့ကရှော့တိုက်ဒုံး လေးလုံးဖြင့်တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုတွင်အရာရှိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ​ကျော်​သေဆုံးပြီး အပြင်းအထန်ဒဏ်ရာရရှိသူများစွာရှိကြောင်း မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force ) တပ်ရင်း ၂ ၊တပ်ရင်း ၃ ၊တပ်ရင်း ၄ ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ က​ပြောသည်။

You May Also Like

သတင်း

ရဲစခန်းအတွင်းမှ ပြန်လည်ပစ်ခတ်မှုများရှိပြီး (၄၀) မမ လေးလုံး၊ (၆၀) မမ နှစ်လုံး၊(၈ဝ) မမ နှစ် လုံး စခန်းအတွင်းသို့ ပစ်ထည့်တိုက်ခိုက်ခဲ့ကြောင်း MNRFအဖွဲ့က ပြောသည်။

သတင်း

"နေရာစုံမှရန်သူ့စခန်းတို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပါသည်။​ေးအကျဆုံးရှိနိုင်ပြီး ပြင်းထန်ဒဏ်ရာရမှုတို့လဲရှိနိုင်ပါသည်။ --ကျဆုံးမှုနှင့်ဒဏ်ရာရရှိကို ဆက်လက်စုံစမ်းဆဲဖြစ်ပါသည်" ဟု Kalay PDFမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

သတင်း

ယမန်နေ့ (ဖေဖော်ဝါရီ ၈ရက်)က ရေဦးမြို့မှထွက်လာသော အင်အား ၉၀ကျော်ပါ စစ်ကောင်တပ်စစ်ကြောင်းကို ကံသစ်ကျေးရွာနှင့် ခင်ဦးမြို့ကြားတွင် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း RTGF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

ထန်တလန်မြို့သည် စစ်​ကောင်စီက​ဖေ​ဖော်ဝါရီလတွင် စစ်အုပ်ချုပ်​ရေးထပ်တိုးထုတ်ပြန်ခဲ့​သော ၃၈ မြို့ထဲမှတစ်မြို့ဖြစ်သည်။