Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နေပြည်တော် မြို့ရှောင်လမ်းမှာ ယာဉ်တိုက်မှုဖြစ်ပြီး ၃ ဦးသေဆုံး

ယာဉ်တိုက်မှု မှာ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့တဲ့ မိုးစေတနာပရဟိတအသင်းရဲ့ ဓာတ်ပုံတွေအရ ဟိုက်ဂျက်ကားရဲ့ ခေါင်းခန်းဟာ ပိပြားသွားတာတွေ့ရပါတယ်။

နေပြည်တော် မြို့ရှောင်လမ်းမှာ ယာဉ်တိုက်မှုဖြစ်ပြီး ၃ ဦးသေဆုံး
နေပြည်တော် မြို့ရှောင်လမ်းမှာ ယာဉ်တိုက်မှုဖြစ်ပြီး ၃ ဦးသေဆုံး

နေပြည်တော်မြို့ရှောင်လမ်းမှာ တွဲကား နဲ့ ဟိုက်ဂျက်ကားတို့ တိုက်မိပြီး ဟိုက်ဂျက်ကားပေါ်မှာ လိုက်ပါလာသူ အမျိုးသား ၃ ဦး သေဆုံးသွားပါတယ်။

ဒီယာဉ်တိုက်မှုဟာ မနေ့ည ၁၀ နာရီခန့်ကဖြစ်ပွားတာဖြစ်ပြီး ဟိုက်ဂျက်ကား ခေါင်းခန်းမှာလိုက်ပါလာသူ အမျိုးသား ၃ ဦး ဟာ ညှပ်ပြီး သေဆုံးသွားတာလို့သိရပါတယ်။

ယာဉ်တိုက်မှု မှာ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့တဲ့ မိုးစေတနာပရဟိတအသင်းရဲ့ ဓာတ်ပုံတွေအရ ဟိုက်ဂျက်ကားရဲ့ ခေါင်းခန်းဟာ ပိပြားသွားတာတွေ့ရပါတယ်။

သေဆုံးသွားသူ အမျိုးသား ၃ ဦးဟာ အသက် ၄၀ ဝန်းကျင်အရွယ်တွေဖြစ်ပြီး ရုပ်အလောင်းတွေကို နေပြည်တော် ဆေးရုံဆီပို့ဆောင်ပေးလိုက်တယ်လို့ သိရပါတယ်။

You May Also Like

သတင်း

ဇန်နဝါရီ ၂၀ ရက်နောက်ပိုင်းမှစ၍ အဆိုပါ ဒေသ၌ တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ ယမန်နေ့အထိ တိုက်ပွဲဆက်ဖြစ်ခဲ့သည်ဟုဆိုသည်။

သတင်း

တိုက်ပွဲတွင် စစ်ကောင်စီတပ်သားနှင့် ပျူများ အများအပြား ထိခိုက်သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်မှ ရဲဘော်နှစ်ဦး ကျဆုံးခဲ့ကြောင်းတန့်ဆည် PDFကအသိ​ပေးသည်။

သတင်း

"မနေ့ ၈ ရက်နေ့ည ၉ ခွဲဝန်းကျင်မှ ၁၀ နာရီဝန်းကျင်လောက်ထိ သွားရောက်ပစ်ခတ်ခဲ့တာပါ"ဟု မကွေးခရိုင် PDF တပ်ရင်း (၂)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

ယမန်နေ့ မွန်းလွဲပိုင်းက ရေဦးမြို့ပေါ်မှထွက်လာသော စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့်တိုက်ခိုက်ခဲ့သေးသည်။