Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျိုင်းတုံ – မိုင်းဆတ်လမ်းပိုင်းတွင် ယာဥ်တစ်စီးချောက်ထဲကျ၍ ငါးဦးသေဆုံး

အဆိုပါယာဉ်တိမ်းမှောက်မှုဖြစ်သည့်နေရာသည် အဆင်းလမ်းရှည်သောကြောင့် ကားသမားများအနေဖြင့် သတိထား၍ မောင်းနှင်သင့်သည်ဟု ယာဉ်မောင်းတစ်ဦးက သတိပေးထားသည်။

ယာဥ်တမ်းမှောက်သည့် ယာဥ်အား ဆယ်ယူနေစဥ်၊ ဓာတ်ပုံ - Myanmar Fire Services Department
ယာဥ်တမ်းမှောက်သည့် ယာဥ်အား ဆယ်ယူနေစဥ်၊ ဓာတ်ပုံ - Myanmar Fire Services Department

ရှမ်းပြည်နယ် ကျိုင်းတုံ – မိုင်းဆတ် လမ်းပိုင်းတွင် ယာဥ်တစ်စီးအရှိန်လွန်၍ ပေ၁၀၀၀ ခန့်နက်သည့် ချောက်ထဲကျရာ လိုက်ပါလာသူ ငါးဦးသေဆုံးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က အသိပေးထားသည်။

‌ဖေဖော်ဝါရီ ၁၀ ရက် နံနက် ၁၀ နာရီခန့်တွင် ကျိုင်းတုံ – မိုင်းဆတ်လမ်း မိုင်တိုင်အမှတ် (၁၄/၂) နှင့် (၁၄/၃) ကြား၊ ပန်လီ‌ကျေးရွာအနီး၌ Revo အမျိုးအစား အဖြူရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

ယာဥ်တမ်းမှောက်သည့် ယာဥ်အား ဆယ်ယူနေစဥ်၊ ဓာတ်ပုံ - Myanmar Fire Services Department
ယာဥ်တမ်းမှောက်သည့် ယာဥ်အား ဆယ်ယူနေစဥ်၊ ဓာတ်ပုံ – Myanmar Fire Services Department

ယာဉ်တိမ်းမှောက်မှုကြောင့် လိုက်ပါလာသူ ၁၂ ဦးအနက် အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး သုံးဦး အခင်းဖြစ်သည့်နေရာ၌ သေဆုံးခဲ့ပြီး အခြား ခုနစ်ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သောကြောင့် လူမှုကူညီ‌ရေး အသင်းများက ကျိုင်းတုံဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုဖြစ်သည့်နေရာသည် အဆင်းလမ်းရှည်သောကြောင့် ကားသမားများအနေဖြင့် သတိထား၍ မောင်းနှင်သင့်သည်ဟု ယာဉ်မောင်းတစ်ဦးက သတိပေးထားသည်။

You May Also Like

သတင်း

စစ်ကောင်စီတပ်က တပ်ရင်းနှစ်ရင်းစာ ပမာဏရှိသော အင်အားဖြင့် ဝင်ရောက်တပ်စွဲထား မိုးဗြဲမြို့သည် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီ ဒေသအတွက် စစ်ရေးအရ အရေးပါသည့် ​ဒေသ တစ်ခု ဖြစ်သည်။

သတင်း

ဇရပ်ဖြူကျေးရွာမှာ ပြီးခဲ့သည့် လပိုင်းကတည်း ကစ၍ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိလည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေဆဲဖြစ်သည်။

သတင်း

ဆားလင်းကြီးမြို့နယ်တွင် မြန်မာဝမ်ပေါင်လုပ်ငန်းရှိ စစ်ကောင်စီတပ်က အနီးတဝိုက်ကျေးရွာများအား စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေသည်။

သတင်း

စစ်အုပ်စုဟာ ဒီနေ့ နေ့လယ်ပိုင်းမှာ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ လူ ၃၀၀ ခန့်နဲ့ စစ်တပ်ထောက်ခံပွဲလုပ်ဖို့ရှိပြီး မြို့လယ်ခေါင်အနီးပတ်ဝန်းကျင် မှာ ချီတက်ကြဖို့လည်းရှိနေပါတယ်။