Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မတူပီ – ဟားခါးကြား ချင်းတပ်ဖွဲ့နှင့် စစ်ကောင်စီ နှစ်ပတ်ကျော်ကြာတိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများ

ဇန်နဝါရီ ၂၀ ရက်နောက်ပိုင်းမှစ၍ အဆိုပါ ဒေသ၌ တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ ယမန်နေ့အထိ တိုက်ပွဲဆက်ဖြစ်ခဲ့သည်ဟုဆိုသည်။

ကျဆုံးခဲ့ရသော CNA မှ တပ်ကြပ်အား တွေ့ရစဉ်၊ ဓာတ်ပုံ - The Chin Journal
ကျဆုံးခဲ့ရသော CNA မှ တပ်ကြပ်အား တွေ့ရစဉ်၊ ဓာတ်ပုံ - The Chin Journal

▪️CNAနှင့် CDF ဇိုတုန် ရဲဘော်အချို့ကျဆုံး၊ဒဏ်ရာရ

ချင်းပြည်နယ် မတူပီနှင့် ဟားခါးမြို့နယ်အကြားလမ်းတလျှောက်၌ တိုက်ပွဲများဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၂၅ဦးခန့် သေဆုံးခဲ့ကြောင်း ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ဇန်နဝါရီ ၂၀ ရက်နောက်ပိုင်းမှစ၍ အဆိုပါ ဒေသ၌ တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ ယမန်နေ့အထိ တိုက်ပွဲဆက်ဖြစ်ခဲ့သည်ဟုဆိုသည်။

Public Service Announcement
Public Service Announcement

“မတူပီ ဇိုတုန်နယ်ဆိုတာ မတူပီနဲ့ ဟားခါးမြို့အကြား ကားလမ်းတလျှောက် အဲဒီမှာရေဇွာတပ်စခန်းဆိုတာရှိပါတယ်။ အဲဒီ ဂွင်ထဲမှာ စစ်ကောင်စီဘက်က အင်အား ၁၀၀ကျော်လောက်နဲ့ CAN၊ ကာကွယ်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေပါတယ်။ဇန်နဝါရီ ၂၀နောက်ပိုင်းဖြစ်ခဲ့တာ အခုထိပေါ့။ ကျွန်တော်တို့ဘက်က ချင်းအမျိုးသားတပ်မတော်က တစ်ဦး တိုက်ပွဲမှာ ကျသွားတယ်။ပြီးတော့ တစ်ဦး ဒဏ်ရာရသွားတယ်။ ဇိုတုန်ကာကွယ်ရေးတပ်ဖွဲ့ဘက်က တစ်ဦးကျသွားတယ်။ သူတို့ဘက်ကတော့ မြေပြင်သတင်းအရဆိုရင် ၂၅နဲ့ ၃၀ လောက်ပေါ့”ဟု ဆလိုင်းထက်နီက ပြောသည်။

အဆိုပါ ဇိုတုန်နယ်တွင် ယမန်နေ့ ဖေဖော်ဝါရီ ၉ရက်က ဖြစ်ခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၁၀ဦးခန့် သေဆုံးခဲ့ပြီး CNAမှ တပ်ကြပ်တစ်ဦး ကျဆုံးခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်ကို ကိုးကားပြီး The Chin Journalက ဖော်ပြသည်။

ကျဆုံးတပ်ကြပ်သည် စစ်ကောင်စီတပ်သားများ၏ လက်နက်လိုက်ကောက်ချိန် ကျည်ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်မှ လက်နက် ၂လက်ကိုလည်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

You May Also Like

သတင်း

အာဏာသိမ်းမှု ၂ နှစ်အတွင်း ချင်းပြည်နယ်တွင် လူနေအိမ် ၁,၄၈၄ လုံး နှင့် အခြားတိုင်းနှင့် ပြည်နယ်များတွင် စုစုပေါင်း လူနေအိမ် ၁,၄၈၄ လုံး စစ်တပ်၏ မီးရှို့ဖျက်ဆီးခံခဲ့ကြောင်း Data For Myanmar က ဖော်ပြသည်။

သတင်း

ရဲစခန်းသိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီက ရဟတ်ယာဉ်များဖြင့် စစ်ကောင်စီတပ်ကုန်းသို့ အကြိမ်ကြိမ်လာရောက်လျက်ရှိသည်ဟု ဆိုသည်။

သတင်း

မနက်ဖြန် ဖေဖော်ဝါရီ ၁၁ရက်၌ ကျရောက်မည့် (၇၅)နှစ်မြောက် ကရင်အမျိုးသားနေ့သို့ KNU ဥက္ကဋ္ဌ ပြောကြားသည့် မိန့်ခွန်းကို ယနေ့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သတင်း

ယာဉ်တိုက်မှု မှာ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့တဲ့ မိုးစေတနာပရဟိတအသင်းရဲ့ ဓာတ်ပုံတွေအရ ဟိုက်ဂျက်ကားရဲ့ ခေါင်းခန်းဟာ ပိပြားသွားတာတွေ့ရပါတယ်။