Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လောင်းရှည်မြို့ရှိ စစ်ကောင်စီတပ်စွဲရာနေရာများကို PDF ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်

ဆောမြို့နယ်၌ PDF တပ်ရင်း (၆)ရင်း ရှိပြီး ယင်းအနက် အမှတ် (၃)တပ်ရင်းနှင့် အမှတ်(၅) တပ်ရင်းများက လက်နက်ရရှိထားသည့် တပ်ရင်းများဖြစ်ကြောင်း၊ ကျန်တပ်ရင်းများ၌ လူအင်အားရှိသော်လည်း လက်နက်လိုအပ်ချက်ရှိနေကြောင်း ဆော PDF တပ်ရင်းတစ်ခုမှ တာဝန်ရှိသူက ပြောသည်။

လောင်းရှည်မြို့ရှိ စစ်ကောင်စီတပ်စွဲရာနေရာများကို PDF ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်
လောင်းရှည်မြို့ရှိ စစ်ကောင်စီတပ်စွဲရာနေရာများကို PDF ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်

စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိဟုဆို

မကွေးတိုင်း ဆောမြို့နယ် လောင်းရှည်မြို့ရှိ စစ်ကောင်စီတပ်စွဲရာနေရာများကို ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့သည်ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဖေဖော်ဝါရီ ၉ရက်က လောင်းရှည်မြို့ရှိ စစ်ကောင်စီတပ်စွဲရာနေရာများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ကျွန်တော်တို့ဘက်က PDF တစ်ယောက်ကျဆုံးတယ်။ သူတို့ဘက်က ဘယ်လောက်ကျတယ်ဆိုတာ မသိရဘူး။ သူတို့က နေရာကောင်းယူပြီး ထိုင်တဲ့ဟာ။ ကျွန်တော်တို့က သွားပြီး ဖြိုတာပေါ့။ သူတို့ကတော့ အမာခံယူထားတာကိုး။ မီးသတ်ကုန်းတွေမှာ ဘုန်းကြီးကျောင်းတွေမှာ နေရယူထားတာ။လောင်းရှည်မြို့ ဘုရားကုန်း၊ မီးသတ်ရုံးစခန်းတွေမှာ”ဟု ဆောဒေသ PDF တပ်ရင်းတစ်ခုမှတာဝန်ရှိသူ တစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

အခြားသတင်းရင်းမြစ်တစ်ဦးကလည်း လောင်းရှည်ဒေသ လောင်းရှည် ရဲစခန်းကုန်း၊ ညောင်နီချောင်းရဲစခန်းကုန်း၊ ယွင်းချောင်း၊ စက်တော်ရာကုန်း ၊ မီးသတ်ကုန်းတို့အား ဂန့်ဂေါ ခရိုင် အမှတ်(၃၊ ၅၊ ၆) တပ်ရင်း၊ မကွေး ခရိုင် အမှတ်(၁)တပ်ရင်း တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ရှစ်ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူများ ရှိခဲ့သည်ဟု ဆိုသည်။

ဆောမြို့နယ်၌ PDF တပ်ရင်း (၆)ရင်း ရှိပြီး ယင်းအနက် အမှတ် (၃)တပ်ရင်းနှင့် အမှတ်(၅) တပ်ရင်းများက လက်နက်ရရှိထားသည့် တပ်ရင်းများဖြစ်ကြောင်း၊ ကျန်တပ်ရင်းများ၌ လူအင်အားရှိသော်လည်း လက်နက်လိုအပ်ချက်ရှိနေကြောင်း ဆော PDF တပ်ရင်းတစ်ခုမှ တာဝန်ရှိသူက ပြောသည်။

“ကျွန်တော်တို့ကတော့ တွန်းလှန်စစ်ဆိုပေမယ့် ခုခံကာကွယ်စစ်ပဲ လုပ်နေရသေးတယ်။ ဆောမြို့ နယ်မှာ တပ်ရင်း(၃)နဲ့ တပ်ရင်း(၅)ပဲ လက်နက်အပြည့်အစုံရထားတာ။ လောင်းရှည်တို့ ကျောက်ထုတို့ကလက်နက်တွေမရတဲ့အခါ အင်အားနည်းနေတာပေါ့။ လောင်းရှည်ကလည်း အဓိက နေရာဖြစ်နေတယ် စေတုတ္တရာ ဘက်က လာတယ် ကန်ပက်လက်ကို သွားတဲ့လမ်းဖြစ်နေတယ်။ ကျောက်ထုကျတော့လည်း မင်းတပ် မတူပီ သွားလမ်းဖြစ်နေတယ်။” ဟု ဆောမြို့နယ်ရှိ PDF တပ်ရင်းတစ်ခုမှ တာဝန်ရှိသူက ပြောသည်။

You May Also Like

သတင်း

စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီလ ၁ဝ ရက်နေ့တွင်လည်း ငွေသာရွာကို ထပ်မံမီးရှို့ဖျက်ဆီးသွားပြီး မီးလောင်ပျက်စီးမှုအခြေအနေ မသိရသေးကြောင်း ဒေသခံများက ပြောသည်။

သတင်း

မြေပြင်တိုက်ပွဲများ ဖြစ်ပွါးရုံတင်မက စစ်ကောင်စီဘက်က Mi 35 ရဟတ်ယာဉ်နှင့်တိုက်လေယာဉ်များဖြင့်ပါ ၃ ကြိမ်တိုင် လေကြောင်းပစ်ကူကာထိုးစစ်ဆင်ခဲ့ကြောင်းသိရသည်။

သတင်း

စစ်ကောင်စီတပ်မှ ယခုရက်အတွင်း စစ်ရေးလှုပ်ရှားမှုလုပ်ဆောင်လာ၍ KIA အမှတ်(၃) တပ်မဟာနှင့် အမှတ်(၆)တပ်မဟာတို့၌ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

သတင်း

စီးပွားရေးနှင့်ပတ်သတ်ပြီးမှန်ကန်တိကျသည့်သတင်းအချက်အလက်များမရရှိမှုနှင့် ဗီဇာသက်တမ်းကိစ္စအခက်အခဲများသည်လည်းအာဏာသိမ်းစစ်ကောင်စီလက်ထက်တွင်ပိုမိုအခက်အခဲဖြစ်လာနေသည်ဟု ဥရောပကုန်သည်ကြီးများအသင်းကဆိုသည်။