Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်အာဏာသိမ်းမှုကြောင့် ငြိမ်းချမ်းရေး ရပ်ဆိုင်းသွား

NCA ထိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU )၊ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ ကျောင်းသား တပ်မတော်(ABSDF) တို့ဟာ စစ်ကောင်စီနဲ့ တိုက်ပွဲတွေဖြစ်နေပါတယ်။

ရုရှားခရီးစဉ်မှာတွေ့ရတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်
ရုရှားခရီးစဉ်မှာတွေ့ရတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်

စစ်တပ်ရဲ့အာဏာသိမ်းမှုကြောင့် အရှိန်ရနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ရပ်ဆိုင်းသွားတယ်လို့အပစ်ရပ်အဖွဲ့တွေ စုဖွဲ့ထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဖွဲ့ ဦးဆောင်ကော်မတီက ထုတ်ပြောလိုက်ပါတယ်။

ဒီနေ့မှာကျရောက်တဲ့ ပြည်ထောင်စုနေ့ဆီ ပေးပို့တဲ့သဝဏ်လွှာမှာ စစ်အာဏာသိမ်းကြောင့် ငြိမ်းချမ်းရေးထိခိုက်သွားတာကို ထည့်သွင်းပြောဆိုလိုက်တာပါ။

နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းတဲ့ နိုင်ငံရေးယဉ်ကျေးမှုကို ပျိုးထောင်ဆဲကာလမှာ စစ်တပ်အာဏာကောက်သိမ်းလို့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ” ကံမကောင်းအကြောင်းမလှစွာ” ရပ်ဆိုင်းသွားတယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဖွဲ့ ဦးဆောင်ကော်မတီက ကဆိုပါတယ်။

ဒါအပြင် အာဏာသိမ်းမှု အကျိုးဆက်အဖြစ် နိုင်ငံတကာရဲ့ အရေးယူပိတ်ဆို့မှုတွေအပါအဝင် အထွေထွေအကြပ်အတည်းတွေဖြစ်ပွားနေတယ်လို့လည်း ပြောပါတယ်။

တိုင်းပြည်ဟာ ပြည်တွင်းစစ် ပုံသဏ္ဍာအသစ်ဆီ ဦးတည်နေပြီး အချိန်ကြာနိုင်တဲ့ နိုင်ငံရေးအကြပ်အတည်း ဝဲသြဃအတွင်း ဆင်းသက်နေတယ်လို့လည်း ထောက်ပြထားတာတွေ့ရပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဖွဲ့ ဦးဆောင်ကော်မတီ အနေနဲ့တော့ နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းမယ့်မူကို ဆက်လက်ကိုင်စွဲထားတယ်လို့သဝဏ်လွှာကတဆင့်အသိပေးထားပါတယ်။

စစ်ကောင်စီခေါင်းဆောင်ကလည်း ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ်သတ်မှတ်ခဲ့ပေမယ့်မအောင်မြင်ခဲ့ဘူးလို့ ဒီနေ့ မှာ ဝန်ခံသွားပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဖွဲ့ ဦးဆောင်ကော်မတီ ကို တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA)ထိုးထားတဲ့အဖွဲ့တွေ ဖွဲ့ထားပေမယ့် အာဏာသိမ်းပြီးနောက် အဖွဲ့အချို့သာ ပါဝင်ဆွေးနွေးနေတာပါ။

NCA ထိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU )၊ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ ကျောင်းသား တပ်မတော်(ABSDF) တို့ဟာ စစ်ကောင်စီနဲ့ တိုက်ပွဲတွေဖြစ်နေပါတယ်။

You May Also Like

သတင်း

အကြမ်းဖက်စစ်အုပ်စုကြောင့် ဝမ်းနည်းကြေကွဲရခြင်း၊ အာဏာရှင်များ၏ ရက်စက်မှုကို ခါးစည်းခံနေရခြင်းများ ကြုံနေရသော်လည်း အနာဂတ်သည် ဝေဝါးမနေကြောင်း ယာယီသမ္မတက ပြောသည်။

သတင်း

မလေးရှားဝန်ကြီးချုပ် Anwar Ibrahim သည် အာဆီယံ၏ အနာဂတ်နှင့်ပတ်သက်၍ ဆက်လက်အကောင်းမြင်သော်လည်း စစ်ကောင်စီသည် မြန်မာပြည်သူများအပေါ် ကျူးလွန်နေသော ရက်စက်ကြမ်းကြုတ်မှုများကို အဆုံးသတ်ရမည်ဟု အလေးပေးတိုက်တွန်းသည်။

သတင်း

ယနေ့ရရှိသော အချက်အလက်များအရ ဧရာဝတီတိုင်းအစိုးရအဖွဲ့၏ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးကို ပုသိမ်အကျဉ်းထောင်တွင်း အထူးတရားရုံးမှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ)ဖြင့် ဇန်နဝါရီ ၃၀ ရက်တွင် ထောင်ဒဏ် (၂)နှစ် အမိန့်ချမှတ်ခဲ့ကြောင်း ဖော်ပြသည်။

သတင်း

အောင်လအန်ဆန်သည် ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက ကျင်းပခဲ့သည့် MMA မစ်ဒယ်ဝိတ်တန်း စိန်ခေါ်ပွဲတွင်လည်း ဂျပန်ဖိုက်တာ အိုကာမီကို အလဲထိုး အနိုင်ရရှိခဲ့သည်။