Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်အာဏာသိမ်းကာလ (၂)နှစ်ပြည့်ချိန် စစ်ကောင်စီ သတ်ဖြတ်၍ အနည်းဆုံး ပြည်သူ ၂,၉၄၀ ဦးကျဆုံးခဲ့ဟု AAPP ထုတ်ပြန်

ယနေ့ရရှိသော အချက်အလက်များအရ ဧရာဝတီတိုင်းအစိုးရအဖွဲ့၏ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးကို ပုသိမ်အကျဉ်းထောင်တွင်း အထူးတရားရုံးမှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ)ဖြင့် ဇန်နဝါရီ ၃၀ ရက်တွင် ထောင်ဒဏ် (၂)နှစ် အမိန့်ချမှတ်ခဲ့ကြောင်း ဖော်ပြသည်။

စစ်ကောင်စီတပ် အာဏာသိမ်းယူထားသည့် (၂)နှစ် တာအတွင်း စစ်ကောင်စီတပ် လက်ချက် ကြောင့် ပြည်သူ ၂,၉၄၀ဦး ကျဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ယနေ့ (ဇန်နဝါရီ ၃၁ရက်) ညပိုင်း၌ ထုတ်ပြန်သည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေး လှုပ်ရှားသူများ နှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်း ၂,၉၄၀ဦး ရှိခဲ့ပြီဟု ဖော်ပြထားပြီး ဖမ်းဆီးချုပ်နှောင်ခံရသူ ၁၃,၇၆၃ဦး ရှိခဲ့ကြောင်း အသိပေးထားသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့်အချက်အလက်နှင့် ကိန်းဂဏန်းအရေအတွက်များမှာ ယခုထက်ပိုမိုများပြား နိုင်ကြောင်း ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

ထို့ပြင် ယနေ့ (ဇန်နဝါရီ ၃၁ရက်)အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း ၁၀၁ဦးရှိပြီး မျက်ကွယ်သေဒဏ်ချမှတ်ခြင်းခံထားရသူ ၄၂ဦး အပါအဝင် သေဒဏ်ချမှတ်ခံရသူ ၁၄၃ဦး ရှိပြီဟု ဆိုသည်။

ယနေ့ရရှိသော အချက်အလက်များအရ ဧရာဝတီတိုင်းအစိုးရအဖွဲ့၏ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးကို ပုသိမ်အကျဉ်းထောင်တွင်း အထူးတရားရုံးမှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ)ဖြင့် ဇန်နဝါရီ ၃၀ ရက်တွင် ထောင်ဒဏ် (၂)နှစ် အမိန့်ချမှတ်ခဲ့ကြောင်း ဖော်ပြသည်။

ဒေါက်တာလှမြတ်သွေးသည် ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းသည့်နေ့ကစ၍ ဧရာဝတီတိုင်းအတွင်းရှိ အစိုးရအိမ်ရာဝင်း၌ နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပြီး ၂၀၂၂ ဒီဇင်ဘာ ၃၀ ရက်တွင် ပုသိမ်အကျဉ်းထောင်သို့ လွှဲပြောင်း ခြင်းခံထားရသူဖြစ်သည်။

You May Also Like

သတင်း

ယမန်နေ့ (ဇန်နဝါရီ ၃၁ရက်) မွန်းလွဲပိုင်းက အရာတော်မြို့နယ်၊ သလဲဘာကျေးရွာရှိ မူးတံတားဂိတ် စောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စပါးတွင်းကျေးရွာမှ ပျူစောထီးများအား ဗုံးသီးချ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

သတင်း

ဇန်နဝါရီ ၂၉ ရက် မွန်းလွဲပိုင်းကလည်း မြင်းခြံမြို့နယ်၊ နဘူးအိုင်ရွာမှ ထွက်ခွာလာသော စစ်အုပ်စုလိုက်ပါလာသည့် ပါကျဲရိုးကားတစ်စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားပေါ်ပါ စစ်ကောင်စီအုပ်စုထိခိုက်မှုများရှိနိုင်ကြောင်း ရွှေခြံသားပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

သတင်း

စစ်ကောင်စီဘက်မှ လစာ​ငွေများယူ​ဆောင်သွားခြင်းမှာ ဒေသခံကာကွယ်ရေးတပ်များလုပ်သည်ဟု သတင်းလွှင့်​နေ​ကြောင်း ​ဒေသခံများက​ပြောသည်။

သတင်း

ဇန်နဝါရီ ၃၀ရက်က ကန်တော်ကျေးရွာရှိ နေအိမ် ၇၀ခန့်ကို မီးရှို့ခဲ့ပြီး ယနေ့ (ဇန်နဝါရီ ၃၁ရက်)တွင် ဆားကျင်းရွာမှ နေအိမ် ၃၀ခန့်ကို မီးရှို့ခဲ့သည်ဟုဆိုသည်။