Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ABSDFချင်းတွင်းဒေသ အခြေခံစစ်ပညာသင်တန်း ဆင်းပွဲပြုလုပ်၊ ကာကွယ်ရေးဝန်ကြီး သဝဏ်လွှာပို့

ဇန်နဝါရီ ၁၄ရက်က ကျင်းပခဲ့သည့် အဆိုပါ သင်တန်း ဆင်းပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သည်။

(မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်)- ချင်းတွင်းဒေသ၊​ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်-၁ သင်တန်းဆင်းပွဲပြုလုပ်နေစဉ်၊ ဓာတ်ပုံ - ABSDF)
(မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်)- ချင်းတွင်းဒေသ၊​ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်-၁ သင်တန်းဆင်းပွဲပြုလုပ်နေစဉ်၊ ဓာတ်ပုံ - ABSDF)

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး(ABSDF)၏ ချင်းတွင်းဒေသအခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲကိုကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း ABSDFက ယနေ့ ထုတ်ပြန်သည်။

ဇန်နဝါရီ ၁၄ရက်က ကျင်းပခဲ့သည့် အဆိုပါ သင်တန်း ဆင်းပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သည်။

(မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်)- ချင်းတွင်းဒေသ၊​ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်-၁ သင်တန်းဆင်းပွဲပြုလုပ်နေစဉ်၊ ဓာတ်ပုံ - ABSDF)
(မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်)- ချင်းတွင်းဒေသ၊​ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်-၁ သင်တန်းဆင်းပွဲပြုလုပ်နေစဉ်၊ ဓာတ်ပုံ – ABSDF)

ABSDFသည် ၁၉၈၈ လူထုအရေးတော်ပုံ ကာလကစတင်ပြီး တော်လှန်ရေးတာဝန်ကို မဆုတ်မနစ် ထမ်းပို့းခဲ့၍ မြန်မာပြည်သူများ၊ လူငယ်များက လေးစားမှု ၊ ယုံကြည်မှု ထားရှိသကဲ့သို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူ့အရေးတော်ပုံ အပြီးသတ်အောင်ပွဲခံသည့်အထိ တော်လှန်ရေးညီနောင် အင်အား စုများနှင့် လက်တွဲပြီးရှေ့ဆောင်ပါဝင်ရန်လည်း ပြည်သူအားလုံးက မျှော်လင့်ကြကြောင်း သဝဏ်လွှာ ၌ ဖော်ပြထားသည်။

ABSDF နှင့် ၂၀၂၁နွေဦးတော်လှန်ရေးမျိုးဆက် သစ် လူငယ်များဖြင့် တည်ထောင်ခဲ့သည့် ပြည်သူ့ကာကွယ် ရေးတပ်မတော် PDFသည် စစ်အာဏာရှင်စနစ်ဆန့်ကျင်တိုက်ဖျက်ရေး တော်လှန်ရေး အလံတော် တစ်လက်တည်းကို ကိုင်ဆောင်ကြသူချင်းလည်းဖြစ်၍ ABSDFနှင့် PDFသည် ညီရင်းအကို တော်လှန်ရေးအင်အားစုနှစ်ခုဟုဆိုနိုင် ကြောင်း ကာကွယ်ရေးဝန်ကြီးက ဆိုသည်။

တော်လှန်ရေးအင်အားစုများ ပေါင်းစည်းမိသည့်အခါတွင် အားကောင်းသည့် တော်လှန်ရေးအနေဖြင့် လူသတ် အကြမ်းဖက်စစ်အာဏာရှင်များကို ရှင်းလင်းသုတ်သင်ဖယ်ရှားနိုင်မည်ဖြစ်ကြောင်း ယုံကြည်သည်ဟုလည်း သဝဏ်လွှာ၌ ဖော်ပြထားသည်။

ABSDFသည် ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင်လည်း တပ်ဖွဲ့များရှိပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး တိုက်ပွဲဝင်နေသည့် တပ်ဖွဲ့ဖြစ်သည်။

You May Also Like

သတင်း

ယနေ့ (ဇန်နဝါရီ ၁၂ရက်)တွင် ကျရောက်သည့် နှစ်(၆၀)ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားသို့ ညီနောင်မဟာမိတ်တပ်ဖွဲ့များမှ ဖြစ်ကြသည့် MNDAAနှင့် AA တို့က ဂုဏ်ပြု သဝဏ်လွှာပေးပို့ခြင်းဖြစ်သည်။

သတင်း

၂၀၂၃ တွင် စစ်ကောင်စီက ကျင်းပမည်ဆိုသော ရွေးကောက်ပွဲနှင့်ပတ်သက်၍ အထက်ပါ တော်လှန်ရေးအင်အားစုအားလုံးက ပြတ်သားစွာ ဆန့်ကျင်ကြောင်း ကြေညာသည်။

သတင်း

ပြည်ထောင်စုဝန်ကြီး ဇန်နဝါရီ ၁ရက်တွင် NUG အသံလွှင့် အစီအစဉ်မှတဆင့် PDF ရဲဘော်များသို့ ပြောကြားချက်တွင် အထက်ပါအတိုင်း ပြောဆိုခဲ့သည်။

သတင်း

လက်လုပ်များဖြင့် တိုက်ခိုက်နေရခြင်းဖြစ်ပြီး အဖူးတစ်ဖူးမှာ စစ်ကောင်စီတပ်များကိုကျော်ပြီး ရွာတစ်ရွာထဲသို့ ကျရောက်ခဲ့ကြောင်း၊ ပျက်စီးထိခိုက်မှုမရှိသော်လည်း ထိုကျေးရွာရှိပြည်သူများအား တောင်းပန်ကြောင်း ၎င်းက ပြောသည်။