Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ငြိမ်းချမ်းသည့် နိုင်ငံဖြစ်ပေါ်လာရေး လက်တွဲညီညီဖြင့် စစ်အုပ်စုကိုဖယ်ရှားရန် NUG ယာယီသမ္မတနှင့် CRPH ဥက္ကဋ္ဌ တိုက်တွန်း

အကြမ်းဖက်စစ်အုပ်စုကြောင့် ဝမ်းနည်းကြေကွဲရခြင်း၊ အာဏာရှင်များ၏ ရက်စက်မှုကို ခါးစည်းခံနေရခြင်းများ ကြုံနေရသော်လည်း အနာဂတ်သည် ဝေဝါးမနေကြောင်း ယာယီသမ္မတက ပြောသည်။

ငြိမ်းချမ်းပြီး တရားမျှတသည့်လူ့အဖွဲ့အစည်း တစ်ခုနှင့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံကို တည်ဆောက်နိုင်ရန်အတွက် အကြမ်းဖက်စစ်အုပ်စုကို ဖယ်ရှားနိုင်ရေး လက်တွဲညီညီ ကြိုးပမ်းရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ခေါင်းဆောင်များက တိုက်တွန်းလိုက်သည်။

ယနေ့ ကျင်းပသည့် ပင်လုံစာချုပ်ချုပ်ဆိုခြင်း (၇၆) နှစ်မြောက် အခမ်းအနားတွင် ထိုသို့ တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်အုပ်စုကြောင့် ဝမ်းနည်းကြေကွဲရခြင်း၊ အာဏာရှင်များ၏ ရက်စက်မှုကို ခါးစည်းခံနေရခြင်းများ ကြုံနေရသော်လည်း အနာဂတ်သည် ဝေဝါးမနေကြောင်း ယာယီသမ္မတက ပြောသည်။

ငြိမ်းချမ်းသည့် နိုင်ငံဖြစ်ပေါ်လာရေး လက်တွဲညီညီဖြင့် စစ်အုပ်စုကိုဖယ်ရှားရန် NUG ယာယီသမ္မတနှင့် CRPH ဥက္ကဋ္ဌ တိုက်တွန်း
ငြိမ်းချမ်းသည့် နိုင်ငံဖြစ်ပေါ်လာရေး လက်တွဲညီညီဖြင့် စစ်အုပ်စုကိုဖယ်ရှားရန် NUG ယာယီသမ္မတနှင့် CRPH ဥက္ကဋ္ဌ တိုက်တွန်း

လက်နက်ကို လက်နက်ဖြင့် တုံ့နှင်းရန် ကြိုးစားမှုသည် ရင်းနှီးမြှုပ်နှံမှု အင်မတန်ကြီးမားကြောင်း ယာယီသမ္မတက ပြောကြားခဲ့ပြီး ဆုံးရှုံးနစ်နာခဲ့ရမှုများသည် နွေဦးတော်လှန်ရေးအတွက် အလဟသ မဖြစ်စေရဟု ဆိုသည်။

“ငြိမ်းချမ်းပြီး တရားမျှတတဲ့ လူ့အဖွဲ့အစည်းတစ်ခုနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတစ်ခုကို တည်ဆောက်နိုင်ဖို့ မျှော်လင့်ခြင်းရောင်ခြည်တွေ ပေါ်လာနေပြီဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ရဲ့ မျှော်လင့်ချက်ပန်းတိုင်ကိုရောက်ဖို့ အတူတကွ လက်တွဲညီညီ ဆက်လက်ကြိုးစားကြပြီး စစ်မှန်တဲ့ နိုင်ငံတော်သစ် တစ်ရပ် ထူထောင်နိုင်ဖို့ စစ်အုပ်စုကို အားလုံးဝိုင်းဖယ်ရှားကြပါစို့”ဟု ယာယီသမ္မတက ပြောသည်။

Public Service Announcement
Public Service Announcement

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ကလည်း လက်ရှိကာလသည် ဖက်ဆစ်စစ်အုပ်စု၏ မတရားအာဏာသိမ်းမှု ကျူးလွန်နေခြင်းအား တွန်းလှန်နေရခြင်းဖြစ်ကြောင်းပြောသည်။

အနာဂတ်မျိုးဆက်သစ်များအတွက် ကောင်းသော သမိုင်းအမွေအဖြစ် ထာ၀ရ ငြိမ်းချမ်းသည့်နိုင်ငံကို ချန်ရစ်ထားနိုင်စေရန် ဆက်လက်ကြိုးစား ကြရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“တိုင်းရင်းသားလူမျိုးအားလုံး အတူယှဉ်တွဲနေထိုင်နိုင်မယ့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေး အခုထက်ပိုမိုတဲ့ စည်းလုံးညီညွတ်မှုတွေနဲ့အတူ လက်တွဲကြိုးပမ်းသွားကြပါစို့”ဟုလည်း ဦးအောင်ကြည်ညွန့်က တိုက်တွန်းသည်။

ယနေ့အခမ်းအနားသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များလည်း တက်ရောက်ခဲ့ပြီး စစ်အာဏာရှင်အပါအဝင် အာဏာရှင်စနစ်အမြစ်ဖြတ်နိုင်ရေး၊ တော်လှန်ရေး အမြန်ဆုံးအောင်မြင်ရေး ရှိသည့်အားဖြင့် အတူတကွရုန်းကြရန် တိုက်တွန်းခဲ့ကြသည်။

You May Also Like

သတင်း

ရန်ကုန်မြို့ရှိ သုံးမြို့နယ်တွင် စစ်တပ်သိမ်းယူထား​သောမြေနေရာများကိုတန်ဖိုးသင့်အိမ်ရာအခန်းများ​ဖော်ထုတ်၍ နွေဦး​တော်လှန်​ရေးရန်ပုံငွေအတွက် ကြိုပွိုင့်စနစ်ဖြင့်EOD ကရောင်းချ​ပေးနေခြင်းဖြစ်သည်။

သတင်း

ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ပုလဲမြို့နယ်တွင် စစ်ရေးပစ်မှတ် ၄ ခု၊ ကန့်ဘလူ၊ မုံရွာ တို့တွင် စစ်ရေးပစ်မှတ် ၃ ခုစီ၊ ကောလင်း၊ တန့်ဆည်၊ ခင်ဦး၊ ယင်းမာပင်၊ မြောင်၊ ရွှေဘို မြို့နယ်များတွင် စစ်ရေးပစ်မှတ် ၁ ခုစီတို့ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

လူငယ်များသည် တိုင်းပြည်၏အနာဂတ် ခေါင်းဆောင်များဖြစ်သည်ဟု ပြောဆိုကြရာဝေါဟာရအဖြစ်သာမက လက်တွေ ဖော်ဆောင်ရန်လိုအပ်ကြောင်း KNPP ဥက္ကဋ္ဌက ပြောသည်။

သတင်း

NCA ထိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU )၊ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ ကျောင်းသား တပ်မတော်(ABSDF) တို့ဟာ စစ်ကောင်စီနဲ့ တိုက်ပွဲတွေဖြစ်နေပါတယ်။