Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ်သားတစ်ဦး လက်နက်အပြည့်အစုံနှင့်အတူ CDF-ကန်ပက်လက်ထံအလင်းဝင်

ရဲဘော်လင်းထက်အောင်သည် ပြည်သူနှင့်ပူးပေါင်းရန် အလင်းဝင်လာခြင်းဖြစ်ပြီး ဝင်လာသူများကို နွေးနွေးထွေးထွေးကြိုဆိုသည်ဟု အဆိုပါအဖွဲ့တာဝန်ရှိသူကပြောသည်။

(လက်နက်ခဲယမ်းအပြည့်အစုံဖြင့်အလင်းဝင်လာ​သောစစ်​သား ။ ဓါတ်ပုံ-CDF-ကန်ပက်လက်)
(လက်နက်ခဲယမ်းအပြည့်အစုံဖြင့်အလင်းဝင်လာ​သောစစ်​သား ။ ဓါတ်ပုံ-CDF-ကန်ပက်လက်)

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့၊ ခမရ( ၃၀၄)မှ စစ်ကောင်စီတပ်သားတစ်ဦးသည် လက်နက်ခဲယမ်းအပြည့်အစုံနှင့်အတူ အလင်းဝင်ရောက်လာကြောင်း CDF-ကန်ပက်လက်က ယနေ့သတင်းထုတ်ပြန်သည်။

ရဲဘော်လင်းထက်အောင်သည် ဇန်နဝါရီ ၃၀ ရက် MA1​သေနက်တစ်လက် MAကျည် ၃၃၆ တောင့်၊ နင်းမိုင်း တစ်လုံး၊ လက်ပစ်မိုင်း ၁ လုံး၊ အီနာဂါ နှစ်လုံး၊ စကားပြောစက်တစ်လုံး၊ ကျည်ကာအင်္ကျီ တစ်ထည်တို့ကိုယူ​ဆောင်လာပြီးအလင်းဝင်ရောက်လာခြင်းဖြစ်သည်ဟု CDF-ကန်ပက်လက်က​ဖော်ပြထားသည်။

ရဲဘော်လင်းထက်အောင်သည် ပြည်သူနှင့်ပူးပေါင်းရန် အလင်းဝင်လာခြင်းဖြစ်ပြီး ဝင်လာသူများကို နွေးနွေးထွေးထွေးကြိုဆိုသည်ဟု အဆိုပါအဖွဲ့တာဝန်ရှိသူကပြောသည်။

Public Service Announcement
Public Service Announcement

“ကျနော်တိုဘက်ကတော့ ဆက်ပီးတော့လာမယ့်သူတွေကို အမြဲတမ်းနွေးနွေးထွေးထွေးကြိုဆိုသလို တော်လှန်ရေးအလွန်ကာလမှ ခံစားခွင့် ရပိုင်ခွင့်ရအောင်လည်းလုပ်ဆောင်ပေးသွားမှာပါ လိုပြောချင်ပါ” ဟု အထက်ပါတာဝန်ရှိသူကPeople’s Springသို့ပြောသည်။

ထိုအပြင် စစ်ကောင်စီတပ်တွင်း၌ သတင်းလွှင့်ထားသကဲ့သို့ CDMဝင်လာသူများကို သတ်ပစ်သည့်မှာ မဟုတ်ကြောင်းနှင့် CDMဝင်လာသူများကိုလည်း ရွေးချယ်ထားသည့် လွတ်မြောက်နယ်များကို ပို့ပေးမည်ဖြစ်ကြောင်းCDF-ကန်ပက်လက်တာဝန်ရှိသူကပြောသည်။ သတ်မှတ်ဆုကြေးငွေများကိုလည်း ပေးမည်ဟုလည်း ဆိုသည်။

CDF-ကန်ပလက်ထံ လက်နက်နှင့် CDMဝင်ရောက်သူ၁၀ ဦးရှိ​နေပြီဖြစ်ပြီး လက်နက်မဲ့ဝင်ရောက်လာသူအရေအတွက်အမြောက်အများရှိကာအများစုနယ်မြေခံရဲများဖြစ်သည်ဟု CDF-ကန်ပက်လက်ထံမှသိရသည်။

You May Also Like

သတင်း

ပျူများအနေဖြင့် ပြည်သူလူထုနှင့် ပူးပေါင်း၍ အလင်းဝင်သွားကြရန်နှင့် အလင်းမဝင်ပါက မိမိတို့၏ နေအိမ်များအတွင်း အချိန်မရွေး ပေါက်ကွဲမှု ဖြစ်ပွားနိုင်ကြောင်း မြိုင်(ပ.က.ဖ)က သတိပေးသည်။

သတင်း

ဖေဖော်ဝါရီ ၇ ရက်ကလည်း မုံရွာ-မန္တလေးလမ်းပေါ်တွင် ​မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာမှ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းဘက်သို့ ထွက်လာသော စစ်ကောင်စီခြေလျင်စစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများရှိခဲ့သည်။

သတင်း

စစ်ကောင်စီတပ်၏ တစ်လကြာ စစ်ကြောင်းထိုးမှုတွင် ကနီမြို့နယ်က (၁၇)ရွာနှင့် ယင်းမာပင်မြို့နယ်က(၈)ရွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

သတင်း

စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီလ ၁ဝ ရက်နေ့တွင်လည်း ငွေသာရွာကို ထပ်မံမီးရှို့ဖျက်ဆီးသွားပြီး မီးလောင်ပျက်စီးမှုအခြေအနေ မသိရသေးကြောင်း ဒေသခံများက ပြောသည်။