Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဆားလင်းကြီးတွင် PDF ၅ ဦးနှင့် ပြည်သူ ၂ ဦးစစ်​ကောင်စီတပ်၏ဖမ်းဆီးသတ်ဖြတ်မှုခံရ

ဖေဖော်ဝါရီလ ၉ ရက်နေ့က ဆားလင်းကြီးမြို့ပေါ်မှ ထွက်လာသော အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီတပ်နှင့်ပျူများသည် ၉ ရက်နေ့နှင့် ၁၀ ရက်နေ့များက ငွေသာကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသတွင်းတော်လှန်ရေးအင်အားစုများနှင့်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်။

(ကျဆုံးခဲ့သော ရဲဘော်နှင့်ပြည်သူများအားမီးသင်​ဂြိုလ်နေစဥ်။ဓာတ်ပုံ-Toe Wai Aung Facebook)
(ကျဆုံးခဲ့သော ရဲဘော်နှင့်ပြည်သူများအားမီးသင်​ဂြိုလ်နေစဥ်။ဓာတ်ပုံ-Toe Wai Aung Facebook)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်က PDF ရဲဘော် ၅ ဦးနှင့် ပြည်သူ ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက အသိပေးသည်။

ယနေ့ (ဖေဖော်ဝါရီလ ၁၂ ရက်နေ့ )နံနက် ၁၁ နာရီခန့်က ဆားလင်းကြီးမြို့နယ်၊ ငွေသာကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဒေါင်းနက် နယ်စည်းမခြားပြောက်ကျားတပ်ဖွဲ့က တိုက်ခိုက်ရန် သွားရောက်ခဲ့ကြောင်း၊ ထိုအချိန် စစ်ကောင်စီတပ် ကင်းပုန်းနှင့် ထိပ်တိုက်တွေ့ပြီး PDF ရဲဘော် ၄ ဦးနှင့် ရပ်ရွာကာကွယ်ရေး တပ်ဖွဲ့ ၁ ဦးတို့ ကျဆုံးခဲ့ပြီး ပြည်သူ ၂ ဦးလည်း ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက အသိပေးသည်။

“မနက် (၁၁)နာရီဝန်းကျင်မှာ သတင်းစကြားရပြီ ရဲဘော်(၇)ယောက် ကျတယ်။ ကား(၃)စီးကျန်ခဲ့တယ်။ ရဲ‌ဘော်တွေကို ကားပေါ်မှာ မီးတင်ရှို့နေပြီလို့ သိလိုက်ရတယ်။(စကစ)တွေ ပုလဲမြို့ပေါ်ဝင်ပြီသိတာနဲ့ ကျဆုံးရဲဘော်တွေရှိတဲ့‌နေရာဆီ ‌ထွက်လာခဲ့မိတာပဲ။”ဟု ပုလဲလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ကိုတိုးဝေအောင်က လူမှုကွန်ရက်တွင် ရေးသားသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ ဒေါင်းနက်နယ်စည်းမခြားပြောက်ကျားတပ်ဖွဲ့ထံဆက်သွယ်မေးမြန်းထား​သော်လည်းပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ဖေဖော်ဝါရီလ ၉ ရက်နေ့က ဆားလင်းကြီးမြို့ပေါ်မှ ထွက်လာသော အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီတပ်နှင့်ပျူများသည် ၉ ရက်နေ့နှင့် ၁၀ ရက်နေ့များက ငွေသာကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသတွင်းတော်လှန်ရေးအင်အားစုများနှင့်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်။

You May Also Like

သတင်း

ဖေဖော်ဝါရီ ၁ရက်မှ ၁၁ရက်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကို ထုတ်ပြန်ခဲ့ရာ မတူပီမြို့နယ်၊ ထန်တလန်မြို့နယ်အတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ်များ အထိနာခဲ့သည်။

သတင်း

ပျူများအနေဖြင့် ပြည်သူလူထုနှင့် ပူးပေါင်း၍ အလင်းဝင်သွားကြရန်နှင့် အလင်းမဝင်ပါက မိမိတို့၏ နေအိမ်များအတွင်း အချိန်မရွေး ပေါက်ကွဲမှု ဖြစ်ပွားနိုင်ကြောင်း မြိုင်(ပ.က.ဖ)က သတိပေးသည်။

သတင်း

ရဲဘော်လင်းထက်အောင်သည် ပြည်သူနှင့်ပူးပေါင်းရန် အလင်းဝင်လာခြင်းဖြစ်ပြီး ဝင်လာသူများကို နွေးနွေးထွေးထွေးကြိုဆိုသည်ဟု အဆိုပါအဖွဲ့တာဝန်ရှိသူကပြောသည်။

သတင်း

ဖေဖော်ဝါရီ ၇ ရက်ကလည်း မုံရွာ-မန္တလေးလမ်းပေါ်တွင် ​မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာမှ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းဘက်သို့ ထွက်လာသော စစ်ကောင်စီခြေလျင်စစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများရှိခဲ့သည်။