Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

NUGက ရောင်းချသည့်တန်ဖိုးသင့်တိုက်ခန်းကြိုတင်အမှာဖြင့် အခန်း၆၅၀၀ခန်းရောင်းကုန်

ရန်ကုန်မြို့ရှိ သုံးမြို့နယ်တွင် စစ်တပ်သိမ်းယူထား​သောမြေနေရာများကိုတန်ဖိုးသင့်အိမ်ရာအခန်းများ​ဖော်ထုတ်၍ နွေဦး​တော်လှန်​ရေးရန်ပုံငွေအတွက် ကြိုပွိုင့်စနစ်ဖြင့်EOD ကရောင်းချ​ပေးနေခြင်းဖြစ်သည်။

NUGက ရောင်းချသည့်တန်ဖိုးသင့်တိုက်ခန်းကြိုတင်အမှာဖြင့် အခန်း၆၅၀၀ခန်းရောင်းကုန်
NUGက ရောင်းချသည့်တန်ဖိုးသင့်တိုက်ခန်းကြိုတင်အမှာဖြင့် အခန်း၆၅၀၀ခန်းရောင်းကုန်

▪︎ရောင်းချပြီး​သောအခန်း၆၅၀၀ စာရင်းသွင်းပြီးလျှင်ကျန်အခန်းများဆက်​ရောင်း​ပေးမည်ဟုအသိ​ပေး

NUGက ရောင်းချ​နေသည့် “နွေဦးစံရိပ်ငြိမ်”တန်ဖိုးသင့် တိုက်ခန်းများကိုဖေဖော်ဝါရီ၁၁ ရက်က စတင်ရောင်းချ​နေရာကြိုတင်ငွေ​ပေးသွင်း၍အခန်းဝယ်ယူထားသူ ၆၅၀၀ရှိ​ကြောင်း NUG ရန်ပုံငွေရှာဖွေရေးအဖွဲ့ဖြစ်သည့် အာဏာရှင်နိဂုံး-The End of Dictatorship (EOD)ကယနေ့ ထုတ်ပြန်လိုက်သည်။

ရန်ကုန်မြို့ရှိ သုံးမြို့နယ်တွင် စစ်တပ်သိမ်းယူထား​သောမြေနေရာများကိုတန်ဖိုးသင့်အိမ်ရာအခန်းများ​ဖော်ထုတ်၍ နွေဦး​တော်လှန်​ရေးရန်ပုံငွေအတွက် ကြိုပွိုင့်စနစ်ဖြင့်EOD ကရောင်းချ​ပေးနေခြင်းဖြစ်သည်။

NUGက ရောင်းချသည့်တန်ဖိုးသင့်တိုက်ခန်းကြိုတင်အမှာဖြင့် အခန်း၆၅၀၀ခန်းရောင်းကုန်
NUGက ရောင်းချသည့်တန်ဖိုးသင့်တိုက်ခန်းကြိုတင်အမှာဖြင့် အခန်း၆၅၀၀ခန်းရောင်းကုန်

မူလက ထိုနေရာသုံးခုမှ တိုက်ခန်းပေါင်း ၂၅၀၀ ခန့်​ရောင်းချရန်​ကြေညာခဲ့ရာမှ ၊ဝယ်ယူလိုသူများလွန်း​သော​ကြောင့်ထပ်တိုး၍ အခန်း ၁၀၀၀၀ ရောင်း​ပေးခြင်းဖြစ်သည်။​ဖေ​ဖော်ဝါရီ ၁၁ ရက် ည ၁၁ နာရီမှစတင်​ရောင်းချရာတွင် ကြိုတင်အမှာဖြင့်ဝယ်ယူသွား​သော အခန်းပေါင်း ၆၅၀၀ ​ရှိ​နေဖြစ်​ကြောင်း EODအဖွဲ့ကယ​နေ့ (​ဖေ​ဖော်ဝါရီ ၁၂)အသိ​ပေးသည်။

” EOD ကိုယ်စားလှယ်များထံမှာ ကြိုတင်ငွေပေးသွင်းထားသူ ၆၅၀၀ အတွက် စာရင်းတင်နေကြပြီ ဖြစ်ပါတယ်။ အခုထိ ၅၀၀၀ ကျော် စာရင်းသွင်းပြီး ပါပြီ။ အရေအတွက်များလွန်းတာကြောင့် ရက်ခွဲပြီး စာရင်းသွင်းရ၊ အချက်အလက်တွေ ပြန်စစ်ဆေး နေရတာကို သည်းခံ စောင့်စားကြစေလိုပါတယ်”ဟု ​ဖော်ပြထားသည်။

NUGက ရောင်းချသည့်တန်ဖိုးသင့်တိုက်ခန်းကြိုတင်အမှာဖြင့် အခန်း၆၅၀၀ခန်းရောင်းကုန်
NUGက ရောင်းချသည့်တန်ဖိုးသင့်တိုက်ခန်းကြိုတင်အမှာဖြင့် အခန်း၆၅၀၀ခန်းရောင်းကုန်

ထို​ကြောင့်အခန်း ၆၅၀၀ အတွက်စာရင်းသွင်းပြီးပါက ကျန် အခန်း ၃၅၀၀ ကိုဆက်​ရောင်း​ပေးမည်ဟုဆိုသည်။

“ငွေလက်ခံရထားတဲ့ သူတွေကို စာရင်းသွင်းပြီးအတည်ပြုစာတွေပို့နေတာပါ။ ဒါတွေပြီးမှာ အခန်းသစ်တွေ ထပ်ရောင်းမှာပါ”ဟု အရောင်းကိုယ်စားလှယ်တစ်ဦးကPeople’s Spring သို့ပြောသည်။

အဆိုပါတိုက်ခန်းများ၏ တန်ဖိုးမှာ ဒေါ်လာ ၄၄၀၀မှ ဒေါ်လာ ၁၁,၄၀၀ အထိဖြစ်ပြီးဝယ်ယူရာတွင် သတ်မှတ်တန်ဖိုး၏ ၃၀ ရာခိုင်နှုန်းကို တော်လှန်ရေးကာလအတွင်း ၁၂ကြိမ်ခွဲပေးရမည်ဖြစ်သည်။ ကျန် ၇၀ ရာခိုင်နှုန်းကို တော်လှန်ရေးအပြီးတွင် အရစ်ကျဆက်လက်ပေးသွင်းရမည်ဖြစ်သည်။

NUGက ရောင်းချသည့်တန်ဖိုးသင့်တိုက်ခန်းကြိုတင်အမှာဖြင့် အခန်း၆၅၀၀ခန်းရောင်းကုန်
NUGက ရောင်းချသည့်တန်ဖိုးသင့်တိုက်ခန်းကြိုတင်အမှာဖြင့် အခန်း၆၅၀၀ခန်းရောင်းကုန်

နွေဦးစံရိပ်မွန် အိမ်ယာများတွင်လှိုင်သာယာ၊ဘုရင့်နောင် တံတားအဆင်းဘယ်ဘက်ရှိ စစ်ကောင်စီတပ်ပိုင်မြေဧက ၂၀၀၊ တောင်ဒဂုံမြို့နယ်ရှိ အမှတ် (၂) လမ်းမကြီးဘေးရှိ စစ်ကောင်စီ တပ်ရင်း ၃ မြေနေရာ နှင့် မင်္ဂလာဒုံ၊လေဆိပ်လမ်းဆုံအကျော် သီရိမင်္ဂလာလမ်းအတွင်းရှိစစ်ကောင်စီ တပ်ပိုင်မြေ ၈၀တွင် အိမ်ရာများအကွက်​ဖော်​ရောင်းချနေခြင်းဖြစ်သည်။

You May Also Like

သတင်း

ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ပုလဲမြို့နယ်တွင် စစ်ရေးပစ်မှတ် ၄ ခု၊ ကန့်ဘလူ၊ မုံရွာ တို့တွင် စစ်ရေးပစ်မှတ် ၃ ခုစီ၊ ကောလင်း၊ တန့်ဆည်၊ ခင်ဦး၊ ယင်းမာပင်၊ မြောင်၊ ရွှေဘို မြို့နယ်များတွင် စစ်ရေးပစ်မှတ် ၁ ခုစီတို့ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

အကြမ်းဖက်စစ်အုပ်စုကြောင့် ဝမ်းနည်းကြေကွဲရခြင်း၊ အာဏာရှင်များ၏ ရက်စက်မှုကို ခါးစည်းခံနေရခြင်းများ ကြုံနေရသော်လည်း အနာဂတ်သည် ဝေဝါးမနေကြောင်း ယာယီသမ္မတက ပြောသည်။

သတင်း

ဝန်ကြီးဒေါ်ဇင်မာအောင်၏ အမေရိကန်ပြည်ထောင်စုခရီးစဉ်အတွင်း သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံကာ မြန်မာ့အရေးဆွေးနွေးသွားမည်ဟု ထုတ်ပြန်ထားသည်။

သတင်း

ယခုသင်တန်းဆင်းပွဲကို နှစ်လနီးပါးအကြာတွင်သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။