Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးဗဟိုအကျဥ်းထောင်(အိုးဘို)တွင် နိုင်ကျဥ်းအမျိုးသမီး ၁၀၀ကျော်ကို ထောင်ဝန်ထမ်းအမျိုးသားများက အကြမ်းဖက်ရိုက်နှက်

အလားတူ အိုးဘိုအကျဥ်းထောင် အိပ်ဆောင် (၄)သို့ အသစ်ရောက်ရှိလာသော နိုင်ကျဥ်းအမျိုးသမီးတစ်ဦးကို ရိုက်နှက်သည့်အပြင် အိပ်ဆောင် (၅)မှ အကျဥ်းသူများကိုလည်း စစ်ကောင်စီ ထောင်ဝန်ထမ်းအမျိုးသားများက အကြမ်းဖက်ရိုက်နှက် နှိပ်စက်ခဲ့ကြောင်း ဖော်ပြသည်။

အိုးဖို​ထောင်တွင်း အမျိုးသမီး နိုင်ကျဥ်းများအ​ပေါ်အကြမ်းဖက်မှုအ​​ခြေအ​နေပြ အင်ဖိုဂရပ်။
အိုးဖို​ထောင်တွင်း အမျိုးသမီး နိုင်ကျဥ်းများအ​ပေါ်အကြမ်းဖက်မှုအ​​ခြေအ​နေပြ အင်ဖိုဂရပ်။

▪︎အကျဥ်းသူ (၇၂)ဦးအား အစားအသောက်နှင့် အဝတ်အထည်မပေးဘဲပြစ်ဒဏ်တိုက်ပို့၊ အချို့ပြင်းထန်ဒဏ်ရာရ

စစ်ကောင်စီလက်အောက်ခံ မန္တလေးဗဟိုအကျဥ်းထောင် (အိုးဘို)တွင် နိုင်ငံရေးအကျဥ်းသား အမျိုးသမီး (၁၀၀) ကျော်ကို ထောင်ဝန်ထမ်းအမျိုးသားများက အိပ်ဆောင်အတွင်းဝင်ရောက်ကာ အကြမ်းဖက်ရိုက်နှက်ခဲ့ကြောင်း NUG အစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်သည်။

ဖြစ်စဥ်မှာ ဖေဖော်ဝါရီ ၃ ရက်နေ့ညနေ ၃ နာရီ ၅၀ ခန့်တွင် အိုးဘိုအကျဥ်းထောင် အိပ်ဆောင် (၁)မှ နိုင်ကျဥ်းအမျိုးသမီးအချို့ စကားများရန်ဖြစ်သည်ကို အမျိုးသမီးထောင်အရာရှိနှင့် ဝန်ထမ်းများက ပြေလည်အောင်ဖြေရှင်းမပေးဘဲ အကျဥ်ထောင်ဝန်ထမ်းအမျိုးသား (၁၅၀)ခန့်က အမျိုးသမီးအိပ်ဆောင်အတွင်းဝင်၍ အကြမ်းဖက်ရိုက်နှက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

ထို့အပြင် ဖေဖော်ဝါရီ ၄ ရက်နေ့နံနက် ၉ နာရီခန့်တွင်အိပ်ဆောင် (၂)အတွင်း အလားတူဖြစ်စဥ်မျိုးပေါ်ပေါက်ခဲ့ရာအကျဥ်းထောင်ဝန်ထမ်းအမျိုးသားများကအထက်ပါအတိုင်းအကြမ်းဖက်ရိုက်နှက်ခဲ့သည်ဟု ဆိုသည်။

အိုးဖို​ထောင်တွင်း အမျိုးသမီး နိုင်ကျဥ်းများအ​ပေါ်အကြမ်းဖက်မှုအ​​ခြေအ​နေပြ အင်ဖိုဂရပ်။
အိုးဖို​ထောင်တွင်း အမျိုးသမီး နိုင်ကျဥ်းများအ​ပေါ်အကြမ်းဖက်မှုအ​​ခြေအ​နေပြ အင်ဖိုဂရပ်။

အလားတူ အိုးဘိုအကျဥ်းထောင် အိပ်ဆောင် (၄)သို့ အသစ်ရောက်ရှိလာသော နိုင်ကျဥ်းအမျိုးသမီးတစ်ဦးကို ရိုက်နှက်သည့်အပြင် အိပ်ဆောင် (၅)မှ အကျဥ်းသူများကိုလည်း စစ်ကောင်စီ ထောင်ဝန်ထမ်းအမျိုးသားများက အကြမ်းဖက်ရိုက်နှက် နှိပ်စက်ခဲ့ကြောင်း ဖော်ပြသည်။

ထိုသို့ အကျဥ်းထောင်မှ အမျိုးသားဝန်ထမ်း (၁၅၀)ခန့်၏ အကြမ်းဖက်ရိုက်နှက်ရာတွင် သံတုတ်၊ ဝါးဆစ်ပိတ်၊ လောက်လေးခွ၊ ကွန်ကရစ်လောက်စာလုံးနှင့် ကျင်စက်များကို အသုံးပြုခဲ့ပြီး နိုင်ငံရေးအကျဥ်းသူများကို ရိုက်နှက်ခြင်း၊ လေးခွဖြင့် ပစ်ခြင်း၊ အစားအသောက်နှင့် ပစ္စည်းများကို ဖျက်ဆီးခြင်းအပြင် ပုဆိုးလှန်ပြခြင်းများရှိခဲ့သည်ဟု ဆိုသည်။

အိုးဖို​ထောင်တွင်း အမျိုးသမီး နိုင်ကျဥ်းများအ​ပေါ်အကြမ်းဖက်မှုအ​​ခြေအ​နေပြ အင်ဖိုဂရပ်။
အိုးဖို​ထောင်တွင်း အမျိုးသမီး နိုင်ကျဥ်းများအ​ပေါ်အကြမ်းဖက်မှုအ​​ခြေအ​နေပြ အင်ဖိုဂရပ်။

အ​ကြမ်းဖက်ခံရမှုကြောင့် အကျဥ်းသူများထိခိုက်ဒဏ်ရာရရှိခဲ့ရာ အမျိုးသမီး (၆)ဦး ဦးခေါင်းကွဲ၊ (၃)ဦး မျက် လုံးအနီးလေးခွမှန်၊ (၂)ဦး နားရွက်ပြတ်ရှ ဒဏ်ရာရ၊ (၁)ဦး မျက်လုံးထဲ မျက်မှန်စဝင်၊ (၁)ဦး လက်ကျိုးခဲ့သည်ဟု ဖော်ပြသည်။

“မတရားအပြစ်ပေးပြီးတော့ စီရင်ချက်ချခံထိထားတဲ့ အမျိုးသမီးတွေအပေါ်မှာ နောက်ထပ်ရက်စက်ယုတ်မာတဲ့ အကြမ်းဖက်မှုတစ်ခုပါပဲ။ ဒီနေရာမှာ ကျနော်တို့ ဒီအကျဥ်းထောင်ဝန်ထမ်းတွေရဲ့ ရက်စက်ယုတ်မာမှုတွေက ပိုပြီးတော့ များပြားလာတာတွေ့ရတယ်”ဟု NUG အစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာန ပြည်ထောဂ်စုဝန်ကြီး ဦးအောင်မျိုးမင်းက မှတ်ချက်ပေးသည်။

အိုးဖို​ထောင်တွင်း အမျိုးသမီး နိုင်ကျဥ်းများအ​ပေါ်အကြမ်းဖက်မှုအ​​ခြေအ​နေပြ အင်ဖိုဂရပ်။
အိုးဖို​ထောင်တွင်း အမျိုးသမီး နိုင်ကျဥ်းများအ​ပေါ်အကြမ်းဖက်မှုအ​​ခြေအ​နေပြ အင်ဖိုဂရပ်။

NUG အနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်အား အ ရေးယူဖို့ ကြိုးစားနေသကဲ့သို့ စစ်ကောင်စီ၏ လက်မရွံ့လက်ပါးစေ အကြမ်းဖက် အကျဥ်းထောင်ဝန်ထမ်းများကိုလည်း တရားမျှတမှုဖော်ဆောင်ရေးတွင် ပါဝင်လာပြီး အရေးယူနိုင်အောင် လုပ်ဆောင်သွားမည်ဟု ဝန်ကြီး ဦးအောင်မျိုးမင်းက ဆက်ပြောသည်။

အဆိုပါ အိုးဘိုထောင်တွင် အကျဥ်းထောင်ဝန်ထမ်းများ ၏ နောက်ဆက်တွဲကျူးလွန်မှုများအနက် နိုင်ငံရေးအကျဥ်းသူများအား အကြမ်းဖက်ရိုက်နှက်ပြီးနောက် အကျဥ်းသူ (၇၂)ဦးအား အစားသောက်၊ အဝတ်အထည်နှင့် အ သုံးအဆောင်များ ယူဆောင်ခွင့်မပြုဘဲ ပြစ်ဒဏ်တိုက်သို့ ပို့ဆောင်ခဲ့ကြောင်း ဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အိုးဖို​ထောင်တွင်း အမျိုးသမီး နိုင်ကျဥ်းများအ​ပေါ်အကြမ်းဖက်မှုအ​​ခြေအ​နေပြ အင်ဖိုဂရပ်။
အိုးဖို​ထောင်တွင်း အမျိုးသမီး နိုင်ကျဥ်းများအ​ပေါ်အကြမ်းဖက်မှုအ​​ခြေအ​နေပြ အင်ဖိုဂရပ်။

၎င်းအပြင် အကြမ်းဖက်ရိုက်နှက်ခံရ၍ ထိခိုက်ဒဏ်ရာရရှိခဲ့သော အကျဥ်းသူများကို လုံလောက်သည့် ကျန်းမာ ရေးကုသမှုမပေးသောကြောင့် နောက်ရက်များတွင် ကျန်းမာရေးအခြေအနေပိုဆိုးလာနိုင်ပြီး ဆိုးရွားသော လိင်အကြမ်းဖက်မှုများပါ ရှိလာနိုင်ကြောင်း ခိုင်လုံသည့်သတင်းရင်းမြစ်များထံမှ သိရသည်ဟု ထုတ်ပြန်ထား သည်။

ကိုးကား-NUG-HR

You May Also Like

သတင်း

ဖေဖော်ဝါရီလ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ အမျိုးသမီး အိပ်ဆောင် ၁ နဲ့ အိပ်ဆောင် ၂ တို့ကို ထောင်ဝန်ထမ်းတွေက ဝင်ရိုက်တာပါ။

သတင်း

ယမန်နေ့ မွန်းလွဲပိုင်းက ရေဦးမြို့ပေါ်မှထွက်လာသော စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့်တိုက်ခိုက်ခဲ့သေးသည်။

သတင်း

သေဆုံးသူ ၈ ဦးမှာ ရပ်ကျေး အုပ်ချုပ်ရေးမှူး ၆ ဦးနဲ့ ရာအိမ်မှူး ၂ ဦး ပါဝင်တယ်လို့ ပုသိမ်ကြီးမြို့နယ်မှာနေထိုင်သူတွေကပြောပါတယ်။

သတင်း

ပညာရေးကဏ္ဍ က ၃၆၅ ဦး ၊ ပါတီနိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၉၂ဦး၊ ကျန်းမာရေးကဏ္ဍမှာပါဝင်လုပ်ကိုင်နေသူ ၅၁ဦး နဲ့ကျန်တဲ့ ဦးရေဟာ အနုပညာ ၊ မီဒီယာ ၊ အစိုးရမဟုတ်တဲ့ ကဏ္ဍအသီးသီက သူတွေနဲ့ သာမန်အရပ်သားအမျိုးသမီးတွေဖြစ်ကြပါတယ်။