Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီတပ် ကသာမြို့နယ်အတွင်းရှိ ရွာ​လေးရွာမှအိမ်​ခြေ ၅၀၀ ​ကျော်ကိုမီးရှို့ဖျက်ဆီး

ကသာမြို့နယ်အင်းကြီးအုပ်စုကိုအင်းအား ၇၀ ​​ကျော်ပါ​​သောစစ်ကောင်စီတပ်စစ်ကြောင်းတစ်ကြောင်းက ‌ဖေဖော်ဝါရီ ၁၁ရက်မှစ၍ စစ်ကြောင်းထိုးဝင်ရောက်လာပြီး နေအိမ်များကိုမီးရှို့ဖျက်ဆီး​နေခြင်းဖြစ်သည်။

(အင်းကြီးရွာမီး​လောင်ကျွမ်း​နေသည်ကိုမြင်​တွေ့ရပုံ။ ဓါတ်ပုံ-CJ)
(အင်းကြီးရွာမီး​လောင်ကျွမ်း​နေသည်ကိုမြင်​တွေ့ရပုံ။ ဓါတ်ပုံ-CJ)

ကသာမြို့နယ် အင်းကြီးအုပ်စုအတွင်းရှိရွာ​လေးရွာကိုစစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေရာ ​လေးရက်အတွင်း​နေအိမ်​ ၅၀၀ ​ကျော်မီး​လောင်ဖျက်ဆီးခံထားရ​ကြောင်းကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးကပြောသည်။

ကသာမြို့နယ်အင်းကြီးအုပ်စုကိုအင်းအား ၇၀ ​​ကျော်ပါ​​သောစစ်ကောင်စီတပ်စစ်ကြောင်းတစ်ကြောင်းက ‌ဖေဖော်ဝါရီ ၁၁ရက်မှစ၍ စစ်ကြောင်းထိုးဝင်ရောက်လာပြီး နေအိမ်များကိုမီးရှို့ဖျက်ဆီး​နေခြင်းဖြစ်သည်။

“ငအိုး(ကသာနှင့်ထိစပ်ဒေသ)တပ်ထဲနေကသာနယ်ထဲကို ဝင်လာတာ။ ကသာနယ်ထဲရောက်တော့နှစ်ဖွဲ့ကွဲပြီး ထီးချိုင့်ဖက်ဘက်ကို တစ်ဖွဲ့ဝင်တယ်။ ကသာနယ်ထဲကို တစ်ဖွဲ့၀င်လာပြီးမီးရှို့နေတာ”ဟုကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးကပြောသည်။

စစ်​ကောင်စီတပ်ကအင်းကြီကျေးရွာအုပ်စုအတွင်းရှိအင်းကြီး၊ လှေဘို၊ ဘုရားတောင်နှင့်မယ်ငိုကျေးရွာတို့ကိုမီးရှို့ဖျက်ဆီးနေခြင်းပြီး ဖေဖော်ဝါရီ ၁၁ရက်မှ ဖေဖော်ဝါရီ ၁၄ရက်နံနက်အထိ နေအိမ် ငါးရာကျော် မီးလောင်ထားကြောင်းအင်းကြီးကျေးရွာဒေသခံများကပြောသည်။

“ရွာတွေကို မီးတိုက်ရှို့လာတာ။ အချို့ရွာ‌တွေဖုန်းလိုင်းလုံးဝမရတော့လို့ ဘာသတင်းမှ မကြားခဲ့ရတာ။ အဲ့ဒီစစ်ကြောင်း အင်းကြီးကိုရောက်မှ သိရတာ”ဟုဒေသခံတစ်ဦးကပြောသည်။

ယ​နေ့(​ဖေ​ဖော်ဝါရီ ၁၄) နံနက်ပိုင်းအထိစစ်​ကောင်စီတပ်ကစစ်​ကြောင်းထိုးမီးရှို့ဖျက်ဆီး​နေဆဲဖြစ်​ကြောင်း​ဒေသခံများက​ပြောသည်။

စစ်ကောင်စီတပ်သည်လေဘိုရွာမှအော်ရီဒူးဖုန်းတာဝါတိုင်ကိုလည်း မီးရှို့ဖျက်ဆီးသွားသည်ဟု ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ပြီးခဲ့သည့်ဇန်နဝါရီလလယ်ကကသာမြို့နယ်တိုက်ကုန်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့က ပိတ်ဆို့တိုက်ခိုက်ခဲ့ရာအရာရှိအပါအဝင်​သေဆုံးဒဏ်ရာရရှိသူများစွာဖြင့်စစ်ကောင်စီဘက်က အထိနာခဲ့သည်။ ထို့နောက်ပိုင်းတွင် စစ်ကောင်စီတပ်ကတိုက်ကုန်းကျေးရွာအနီးမှမိုတားလေးကျေးရွာကိုဇန်နဝါရီလ ၁၈ ရက်ည​နေတွင်လေကြောင်းမှသွား​ရောက်ဗုံးကျဲခဲ့၍ဒေသခံပြည်သူ ၇ဦးသေဆုံးပြီး ၃၀ဦးထက်မနည်းဒဏ်ရာရရှိခဲ့သည်။

You May Also Like

သတင်း

ယမန်နေ့ (ဖေဖော်ဝါရီ ၁၃ ရက်)ကလည်း ရေစကြိုမြို့ အမှတ်(၄) ဖောင်တော်ဦးရပ်ကွက်ရှိ စစ်ကောင်စီတပ်၏ ငြိမ်းဇာနည်တပ်စခန်းငယ်တစ်ခုကို တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့များက စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၅ဦးခန့် သေဆုံးခဲ့သည်ဟု ဆိုသည်။

သတင်း

"ဒီနေ့မနက် ဂျက်ဖိုက်တာ တစ်စီးလာသွားတယ်။ နားဖိုင်ဘက်ဖြစ်မယ်။ မနေ့ကလည်း တော်တော်ကြမ်းတယ်။ မနေ့က နမ့်ဖက်ကာ ဘက်မှာ ဟိုဘက်(KIA) ကလည်း တွယ်တယ် ဒီဘက်(နမ့်ဖက်ကာ စစ်ကောင်စီတပ်)ကလည်း အကြီး(လက်နက်ကြီး)တွေနဲ့ ပြန်ထုတယ်။ အသေး(လက်နက်ငယ်)သံတွေလည်းကြားရတယ်”ဟု ဒေသခံက ပြောသည်။

သတင်း

ခင်ဦးမြို့နယ်မြောက်ခြမ်း၊ အရှေ့ခြမ်းနှင့်အရှေ့တောင်ခြမ်းရှိ ကျေးရွာများမှ ဒေသခံများသည် ဖေဖော်ဝါရီ၁၁ရက်မှစ၍ ယနေ့နံနက်အထိ ထွက်ပြေးတိမ်းရှောင်နေရပြီး နေထိုင်စားသောက်ရေးများ အခက်အခဲတွေ့နေကြောင်း သတင်းရရှိသည်​။

သတင်း

ယနေ့(ဖေဖော်ဝါရီ ၁၄ရက်) နံနက် ၈ နာရီခန့်က ကနီမြို့ အလယ်ကျွန်းပျုရွာသို့ လှည်း ခြောက်စီးဖြငင့် ရိက္ခာပို့သွားသော စစ်ကောင်စီတပ်နှင့်ပျူစောထီးပူးပေါင်းအဖွဲ့ကို ကျောက်လုံးကြီး KLG တပ်မဟာက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။