Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးတည်ထောင်ဖို့လိုနေတယ်လို့ NUG ယာယီသမ္မတဆို

“အိမ်နီးချင်းနိုင်ငံတွေနဲ့ မိတ်ဖက်နိုင်ငံတွေ အဖြစ် အသွင်ပြောင်းတည်ဆောက်ရေးကို လက်တွေ့ကျကျ လုပ်ရပါလိမ့်မယ်” လို့ NUG ယာယီသမ္မတက ဆိုပါတယ်။

အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးတည်ထောင်ဖို့လိုနေတယ်လို့ NUG ယာယီသမ္မတဆို
အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးတည်ထောင်ဖို့လိုနေတယ်လို့ NUG ယာယီသမ္မတဆို

တော်လှန်ရေးအောင်မြင်ဖို့အတွက် အိမ်နီးချင်းနိုင်ငံတွေနဲ့ မဟာမိတ်ဆက်ဆံရေးတည်ထောင်ဖို့ NUG အစိုးရ ယာယီသမ္မတက ဒီနေ့ ပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာတိုက်တွန်းလိုက်ပါတယ်။

“အိမ်နီးချင်းနိုင်ငံတွေနဲ့ မိတ်ဖက်နိုင်ငံတွေ အဖြစ် အသွင်ပြောင်းတည်ဆောက်ရေးကို လက်တွေ့ကျကျ လုပ်ရပါလိမ့်မယ်” လို့ NUG ယာယီသမ္မတက ဆိုပါတယ်။

ပြည်တွင်းရေးဟာ ပထဝီနိုင်ငံရေးနဲ့တိုက်ရိုက် သက်ဆိုင်နေပြီး အိမ်နီးချင်းနိုင်ငံတွေထဲမှာလည်း နွေဦးတော်လှန်ရေးအပေါ်မတူတဲ့သဘောထားတွေရှိတယ်လို့ ယာယီသမ္မတက ပြောပါတယ်။

ဒီအခြေအနေတွေရှိနေတာကို နားလည်လက်ခံပြီး လက်တွေ့ကျတဲ့ သံခင်းတမန်ခင်း မူဝါဒတွေနဲ့ ရှေ့ဆက်ဖို့ လိုနေတယ်လို့ ယာယီသမ္မတ က NUG အစိုးရအဖွဲ့ကို ပြောပါတယ်။

မြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံတွေဟာ အာဏာသိမ်း စစ်ကောင်စီ နဲ့ထိတွေ့ဆက်ဆံမှုတွေရှိနေပါတယ်။

အဲဒီနိုင်ငံတွေထဲက အင်အားကြီး တရုတ်နဲ့ အိန္ဒိယကို NUG အစိုးရက နွေဦးတော်လှန်ရေးဟာ သက်ဆိုင်ရာနိုင်ငံတွေရဲ့အကျိုးစီးပွားကိုထိခိုက်မှု ရှိစေမှာမဟုတ်ဘူးလို့သတင်းစကားပါးထားပါတယ်။

You May Also Like

သတင်း

ပြည်သူ့ကာကွယ်ရေးအဖွဲ့များကို အမျိုးသားညီညွတ်ရေးအစိုးရ၏ Chain of Command ထဲ၌ ပိုမိုကျင်လစ်စွာ စုစည်းနိုင်ရေး အစဉ် ကြိုးစားရန်လိုအပ်ကြောင်းလည်း ယာယီသမ္မတက ပြောသည်။

သတင်း

NUG အစိုးရ ဟာ ကိုယ်စားလှယ်ရုံးတွေကို အမေရိကန် ၊ ဗြိတိန် ၊ ပြင်သစ် ၊သြစတြေးလျ ၊ နော်ဝေ၊ချက်သမ္မတနိုင်ငံ၊ဂျပန် နဲ့ တောင်ကိုရီးယား တို့မှာ ဖွင့်လှစ်ထားပြီဖြစ်ပါတယ်။

သတင်း

ယမန်နေ့ (ဖေဖော်ဝါရီ ၁၂ရက်)က ပြုလုပ်သည့် Global Town Hall Meeting ဖက်ဒရယ်အရေး၊ ပြည်သူ့အုပ်ချုပ်ရေး၊ အသွင်ကူးပြောင်းရေး ကာလ တရားမျှတမှု အစီအစဉ်တွင် ဝန်ကြီးက ထိုသို့ ပြောပြသည်။

သတင်း

ရန်ကုန်မြို့ရှိ သုံးမြို့နယ်တွင် စစ်တပ်သိမ်းယူထား​သောမြေနေရာများကိုတန်ဖိုးသင့်အိမ်ရာအခန်းများ​ဖော်ထုတ်၍ နွေဦး​တော်လှန်​ရေးရန်ပုံငွေအတွက် ကြိုပွိုင့်စနစ်ဖြင့်EOD ကရောင်းချ​ပေးနေခြင်းဖြစ်သည်။