Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KNUတပ်မဟာ(၃)နယ်မြေရှိ ကျေးရွာများအား စစ်ကောင်စီလက်နက်ကြီးပစ်၍ ဒေသခံထောင်ချီ တိမ်းရှောင်နေရ

စစ်ကောင်စီတပ်ကကျေးရွာများအတွင်းသို့ လက်နက်ကြီးများပစ်ခတ်၍ ကလေးငယ်များ အပါအဝင် အရပ်သားသေဆုံးထိခိုက်မှုများ မကြာခဏ ရှိခဲ့သည်။

စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်တစ်ခုအား တွေ့ရစဉ်၊ ဓာတ်ပုံ - KNU
စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်တစ်ခုအား တွေ့ရစဉ်၊ ဓာတ်ပုံ - KNU

▪️အရပ်သားအချို့ ဒဏ်ရာရ၊ အိမ်မွေးတိရိစ္ဆာန်များသေဆုံးမှုရှိ

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ ရှိကျေးရွာများအားစစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်၍ ဒေသခံထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၁၁ရက် ညပိုင်းနှင့် ဖေဖော်ဝါရီ ၁၂ရက် နံနက်ပိုင်းတွင်ရညောင်လေးပင်ခရိုင် ပုဇွန်မြောင်းကျေးရွာတွင် ဝင်ရောက်တပ်စွဲထားသော အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီ၏ ခမရ (၂၀)သည် ဆောထိ(ရွှေကျင်)မြို့နယ်အတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများ ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်၍ ရွှေကျင်မြို့နယ် ညောင်ပင်ကြီးရွာသစ်နှင့် ညောင်ပင်ကြီးရွာမကျေးရွာတွင်းသို့ ကျရောက်ပေါက်ကွဲပြီး ပြည်သူလူထုများ မွေးမြူထားသော နွား လေးကောင်ကို ထိခိုက်သေဆုံးခဲ့ကြောင်း ဖော်ပြသည်။

ဖေဖာ်ဝါရီ ၁၁ရက်တွင် စစ်ကောင်စီတပ်၏ ခမရ(၂၀)မှ လက်နက်ကြီး သုံးလုံးပစ်ခတ်ခဲ့၍ ဒေသခံသုံးဦး ထိခိုက်ဒဏ်ရာရရှိထားသည်။

ထိုသို့ တိုက်ခိုက်ခံရချိန်မှစ၍ ညောင်ပင်ကြီးရွာ၊ ညောင်ပင်ကြီးရွာသစ်နှင့် သက်တူးကုန်းကျေးရွာမှ ပြည်သူလူထုသည် ကျေးရွာအတွင်း မနေရဲကြတော့ဘဲ အနီးအနားရှိကျေးရွာများ၊ နီးစပ်ရာဆွေမျိုးများနှင့် မြို့ပေါ် များသို့ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ရကြောင်း KNUက ထုတ်ပြန်သည်။

ထွက်ပြေးတိမ်းရှောင်ရသည့် ကျေးရွာ သုံးရွာတွင် အိမ်ခြေစုစုပေါင်း ၂၆၉လုံးနှင့် လူဦးရေ ၁,၂၀၀ ကျော်ရှိကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်ကကျေးရွာများအတွင်းသို့ လက်နက်ကြီးများပစ်ခတ်၍ ကလေးငယ်များ အပါအဝင် အရပ်သားသေဆုံးထိခိုက်မှုများ မကြာခဏ ရှိခဲ့သည်။

You May Also Like

သတင်း

ခင်ဦးမြို့နယ်မြောက်ခြမ်း၊ အရှေ့ခြမ်းနှင့်အရှေ့တောင်ခြမ်းရှိ ကျေးရွာများမှ ဒေသခံများသည် ဖေဖော်ဝါရီ၁၁ရက်မှစ၍ ယနေ့နံနက်အထိ ထွက်ပြေးတိမ်းရှောင်နေရပြီး နေထိုင်စားသောက်ရေးများ အခက်အခဲတွေ့နေကြောင်း သတင်းရရှိသည်​။

သတင်း

ယနေ့(ဖေဖော်ဝါရီ ၁၄ရက်) နံနက် ၈ နာရီခန့်က ကနီမြို့ အလယ်ကျွန်းပျုရွာသို့ လှည်း ခြောက်စီးဖြငင့် ရိက္ခာပို့သွားသော စစ်ကောင်စီတပ်နှင့်ပျူစောထီးပူးပေါင်းအဖွဲ့ကို ကျောက်လုံးကြီး KLG တပ်မဟာက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

“မံဝိန်းကြီးနားလောက်မှာ ဖြစ်မှာပါ။ မံစီမြို့နယ်တော့ ဟုတ်ပါတယ်။ အဲဒါကလည်း စစ်ကောင်စီဘက်က ကျနော်တို့နေတဲ့ဘက်ကို ထိုးဝင်လာလို့ ဒါကလည်း ခုခံတိုက်ပွဲပါ” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

သတင်း

ကသာမြို့နယ်အင်းကြီးအုပ်စုကိုအင်းအား ၇၀ ​​ကျော်ပါ​​သောစစ်ကောင်စီတပ်စစ်ကြောင်းတစ်ကြောင်းက ‌ဖေဖော်ဝါရီ ၁၁ရက်မှစ၍ စစ်ကြောင်းထိုးဝင်ရောက်လာပြီး နေအိမ်များကိုမီးရှို့ဖျက်ဆီး​နေခြင်းဖြစ်သည်။