Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကွတ်ခိုင်နှင့် မူဆယ်ကြား KIAနှင့် စစ်ကောင်စီတပ် တိုက်ပွဲဆက်ဖြစ်

KIAတပ်ရင်း(၉)နယ်မြေသို့ စစ်ကောင်စီတပ်က စစ်ကြောင်း သုံးကြောင်းဖြင့် ထိုးစစ်ဆင်လာ၍ လွန်ခဲ့သည့် သုံးရက်ကတည်းက တိုက်ပွဲနေ့စဉ်ဖြစ်ပွားခဲ့ဟု KIA ဘက်က အတည်ပြုထားသည်။

KIA တပ်ဖွဲ့ဝင်အချို့ကို​ တွေ့ရစဥ်
KIA တပ်ဖွဲ့ဝင်အချို့ကို​ တွေ့ရစဥ်

▪️စစ်ကောင်စီတပ် အထိနာ၍ လေကြောင်းပစ်ကူ ၂ရက်ဆက်လာဟု ဒေသခံပြော

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်များသည် ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်နှင့် မူဆယ်မြို့အကြားရှိ နားဖိုင်ရွာအနီး၌ ယနေ့ (ဖေဖော်ဝါရီ ၁၅ရက်)တွင်လည်း တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း ရှမ်းမြောက်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

KIAတပ်ရင်း(၉)နယ်မြေသို့ စစ်ကောင်စီတပ်က စစ်ကြောင်း သုံးကြောင်းဖြင့် ထိုးစစ်ဆင်လာ၍ လွန်ခဲ့သည့် သုံးရက်ကတည်းက တိုက်ပွဲနေ့စဉ်ဖြစ်ပွားခဲ့ဟု KIA ဘက်က အတည်ပြုထားသည်။

“ဒီကနေလက်နက်ကြီးကတော့ မိုးလင်းကတည်း က ထုနေတယ်။ ခုဏကတောင် ဒုန်းကနည်း အသံတစ်ချက်ကြားလိုက်သေးတယ်။ မနက်ကလည်း လေယာဉ်လာသွားသေးတယ်။ အထိအခိုက်ရှိလိုပဲပစ်ကူပေးတာဖြစ်မယ်”ဟု ရှမ်းမြောက်သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement
Public Service Announcement

ယမန်နေ့ တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်က လေကြောင်းက တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် နမ့်ဖက်ကာ အခြေစိုက် စစ်ကောင်စီတပ်များမှလည်း လက်နက်ကြီး ပစ်ကူများပေးနေကြောင်း ဒေသခံက ပြောသည်။

“ဒါတွေမဖြစ်ခင်ရှေ့နေကဆို တစ်လမ်းလုံးအပြည့်။ လမ်းပေါ်မှာ လျှောက်သွားနေတာ။ ၉၉ အဖွဲ့(စစ်ကောင်စီတပ်)တွေက အများကြီးပဲ တစ်လမ်းလုံး”ဟု ဒေသခံက တိုက်ပွဲမဖြစ်မီ စစ်ကောင်စီတပ်၏ စစ်ရေးလှုပ်ရှားမှုအခြေနေကို ပြောပြသည်။

KIAနှင့် စစ်ကောင်စီတပ်တို့သည် ယခုလအတွင်း၌ပင် ကချင်ပြည်နယ် မံစီမြို့နယ်၌ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်ကသေဆုံးထိခိုက်များခဲ့သည်ဟု KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြထားသည်။

ဓာတ်ပုံ-CJ

You May Also Like

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း KIA အမှတ်(၆)တပ်မဟာ အမှတ်(၉)တပ်ရင်းနယ်မြေ ကုန်ရန်ကော်အနီးတစ်၀ိုက်တွင် ယနေ့ ဖေဖေါ်ဝါရီလ(၁၅)ရက် နံနက်ကစ၍ စစ်ကောင်စီတပ်နှင့် KIA တပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲပြန်လည်ဖြစ်ပွားနေသည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီတပ်သည် KIA တပ်ရင်း(၉) တပ်များအား စစ်ကြောင်း သုံးကြောင်းဖြင့် ထိုးစစ်ဆင်နေ၍ တိုက်ပွဲဖြစ်နေကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယမန်နေ့တွင် People's Spring သတင်းဌာနသို့ပြောကြားထားသည်။

သတင်း

ယမန်နေ့ကပင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ကျားဘေကျေးရွာနှင့် ဘဲကျရွာကို လက်နက်ကြီးကျည်ကျရောက်ခဲ့ပြီး ဘဲကျရွာမှ ပြည်သူနှစ်ဦး လက်နက်ကြီးကျည်အပိုင်းအစများထိမှန် ဒဏ်ရာရခဲ့သည်။

သတင်း

စင်ကာပူဟာ ယခင်စစ်အစိုးရ လက်ထက်တွေမှာ စစ်ခေါင်းဆောင်တွေနဲ့ နီးစပ်တဲ့ဆက်ဆံရေး ရှိခဲ့ပေမယ့် တကျော့ပြန် အာဏာသိမ်းတဲ့စစ်ကောင်စီအပေါ်မှာ တင်းမာတဲ့သဘောထားရှိနေပါတယ်။