Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လောင်းလုံးမြို့တွင် ပျူစောထီးအဖွဲ့ဝင်တစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

ထို့အပြင် လောင်းလုံးမြို့နယ်အတွင်းရှိ ပျူစောထီးများ၊ သတင်းပေးဒလန်များအနေဖြင့် စစ်ကောင်စီနှင့် ဆက်လက်ပူးပေါင်းခြင်းမပြုဘဲ အမြန်ဆုံးရပ်တန်းကရပ်ကြရန် Dawei Defense Team – DDT က နောက်ဆုံးအကြိမ်အဖြစ် သတိပေးထားသည်။

လောင်းလုံးမြို့တွင် ပျူစောထီးအဖွဲ့ဝင်တစ်ဦး ပစ်ခတ်ရှင်းလင်းခံရ
လောင်းလုံးမြို့တွင် ပျူစောထီးအဖွဲ့ဝင်တစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

ထားဝယ်ခရိုင် လောင်းလုံးမြို့ပေါ်တွင် စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် ပျူစောထီးအဖွဲ့ဝင်ဆိုသူတစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း Dawei Defense Team(DDT)က ပြောသည်။

ယမန်နေ့(ဖေဖော်ဝါရီ ၁၆)ညနေ ၆ နာရီကျော်က လောင်းလုံးမြို့မရဲစခန်းမှ စစ်ကောင်စီတပ်သားများ၊ ရဲများနှင့်အတူ ခြင်းလုံးခပ်ပြီးပြန်လာသော ပျူစောထီးအဖွဲ့ဝင် အောင်ဆန်းဦးဆိုသူကို မြို့ပေါ်လမ်းပိုင်းတစ်နေရာတွင် DDTတပ်ခွဲ (၃)မှ ရဲဘော်များက သေနတ်ဖြင့် ငါးချက်ပစ်ခတ်ရှင်းခဲ့ခြင်းဖြစ်သည်ဟု DDT တပ်ဖွဲ့က ပြောသည်။

“သူက ပျူစောထီးအဖွဲ့ဝင် ကြေးစားပါခင်ဗျာ။ စစ်တပ်က ငွေပေးပြီးခိုင်းရင်အကုန်လုပ်ပါတယ်။ သူကြောင့် ပြေးနေရတဲ့ CDMဝန်ထမ်းတွေ၊ သပိတ်လှုပ်ရှားသူတွေ မနည်းပါဘူး။ ဖမ်းခံရတာလည်း မနည်းပါဘူး”ဟု Dawei Defense Team – DDT မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပျူစောထီးအဖွဲ့ဝင်ဟုဆိုသူ ကိုအောင်ဆန်းဦးအား DDT တပ်ဖွဲ့မှ စစ်ကောင်စီနှင့် ဆက်လက်မပူးပေါင်းရန် သုံးကြိမ်တိတိ သတိပေးခဲ့သော် လည်း လိုက်နာခြင်းမရှိဘဲ စစ်ကောင်စီနှင့်ပူးပေါင်းပြီး ပြည်သူကို ဆက်လက်ဒုက္ခပေးနေသောကြောင့် ယခုကဲ့သို့ ရှင်းလင်းရခြင်းဖြစ် ကြောင်း အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

ထို့ကြောင့် ပျူစောထီးအဖွဲ့ဝင် အောင်ဆန်းဦးဆိုသူအား ရှင်းလင်းမှုသည် DDT တပ်ခွဲ (၃) ထားဝယ်(ပ.က.ဖ)ရဲဘော်များ၏ လုပ်ဆောင်ချက်သာဖြစ်ပြီး ပြည်သူလူထုနှင့် လုံးဝသက်ဆိုင်ခြင်းမရှိကြောင်း အသိပေးသည်။

ထို့အပြင် လောင်းလုံးမြို့နယ်အတွင်းရှိ ပျူစောထီးများ၊ သတင်းပေးဒလန်များအနေဖြင့် စစ်ကောင်စီနှင့် ဆက်လက်ပူးပေါင်းခြင်းမပြုဘဲ အမြန်ဆုံးရပ်တန်းကရပ်ကြရန် Dawei Defense Team – DDT က နောက်ဆုံးအကြိမ်အဖြစ် သတိပေးထားသည်။

You May Also Like

သတင်း

ယမန်နေ့ (ဖေဖော်ဝါရီ ၁၆ ရက်)နံနက် ၁၁နာရီခွဲခန့်က ဝက်လက်မြို့ပေါ်ရှိ ပျူစောထီးများနေထိုင်သော နေအိမ် ဝင်ရောက်တိုက်ခိုက်ရာ မိနစ် ၂၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပျူနှစ်ဦးသေဆုံးခဲ့ကြောင်း PAFD၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

ယင်းပစ်ခတ်မှုကြောင့် ကြီးမြင့်သည် သေနတ်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ပြီး သာယာဝတီဆေးရုံမှတဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဖေဖော်ဝါရီ ၁၅ရက်တွင် စိုးရိမ်ရလူနာအဖြစ် ပို့ဆောင်လိုက်ရကြောင်း ဒေသခံပြည်သူတစ်ဦးက ပြောသည်။

သတင်း

ပြည်သူများအား ဒုက္ခ‌ ပေးနေသော စစ်ကောင်စီတ​ပ်နှင့်ပျူများအား နည်းလမ်းအမျိုးမျိုးဖြင့်နှိမ်နင်းသုတ်သင်သွားမည်ဖြစ်ကြောင်း ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF)အဖွဲ့က သတိပေးသည်။

သတင်း

ပစ်ခတ်ရှင်းလင်းခံလိုက်ရသော မြင့်ရီ(ခ)ပေါပီသည် စစ်ကောင်စီလက်အောက်တွင် ပြည်သူ့စစ်ခေါင်းဆောင်အဖြစ် ပျူစောထီးများအား စစ်သင်တန်းပေးနေသူဖြစ်ပြီး ရင်ငြိမ်းရဲစခန်း၌ ညစဥ်လုံခြုံရေးကင်းစောင့်လေ့ရှိကြောင်း SOF က အသိပေးသည်။