Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရှမ်းမြောက်၌ KIAနှင့် စစ်ကောင်စီတပ် တိုက်ပွဲဆက်ဖြစ်

မူဆယ်နှင့်ကွတ်ခိုင်မြို့နယ်ကြားရှိ KIA တပ်မဟာ (၆) တပ်ရင်း (၉)နယ်မြေသို့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ လွန်ခဲ့သည့် တစ်ပတ်ခန့်မှစ၍ တိုက်ပွဲ စတင်ခဲ့ခြင်းဖြစ်သည်။

KIA တပ်ဖွဲ့ဝင်အချို့ ကို​တွေ့ရစဥ်၊ ဓာတ်ပုံ - CJ
KIA တပ်ဖွဲ့ဝင်အချို့ ကို​တွေ့ရစဥ်၊ ဓာတ်ပုံ - CJ

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ KIAတပ်ရင်း(၉) နယ်မြေ၌ စစ်ကောင်စီတပ်နှင့် ယနေ့ တိုက်ပွဲဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

မူဆယ်နှင့်ကွတ်ခိုင်မြို့နယ်ကြားရှိ KIA တပ်မဟာ (၆) တပ်ရင်း (၉)နယ်မြေသို့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ လွန်ခဲ့သည့် တစ်ပတ်ခန့်မှစ၍ တိုက်ပွဲ စတင်ခဲ့ခြင်းဖြစ်သည်။

“အဲဒီဘက်ကတော့ စစ်ကြောင်းသုံးကြောင်းနဲ့ ကျွန်တော်တို့ တပ်ရင်း (၉)နယ်မြေဘက်မှာ ထိုးစစ် ဆင်တဲ့အနေအထားဖြစ်ပါတယ်။ ဒီကနေ့ ဆိုရင် တော့ ၄ရက်၊ ၅ရက်ရှိပါပြီ။ တိုက်ပွဲကတော့ ဆက်ဖြစ်နေတဲ့ အနေအထားဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

Public Service Announcement
Public Service Announcement

တိုက်ပွဲနှင့်ပတ်သက်ပြီး ထိခိုက်ကျဆုံးအပါအဝင် အသေးစိတ် အခြေအနေများ မသိရသေးဟုဆိုသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ဖြစ်ခဲ့သည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူများအသုံးပြု တိုက်ခိုက်ခဲ့ကြောင်း ရှမ်းမြောက်ဒေသခံက ပြောသည်။ ထို့ပြင် နမ့်ဖက်ကာ အခြေစိုက် စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟုဆိုသည်။

ကချင်စစ်ရေးသတင်းများဖော်ပြနေသည့် သတင်းရင်းမြစ်တစ်ဦးကလည်း ဖေဖော်ဝါရီ ၁၇ရက် နံနက် ၉နာရီခန့်တွင် ကွတ်ခိုင်နှင့် မူဆယ်မြို့နယ်ကြားရှိ ကောင်ရာကျေးရွာ ဖိုင်လုံယာန်ဟု ခေါ်သည့် နေရာ၌ စစ်ကောင်စီ​၏ တပ်မ(၉၉)ခြေလျင် စစ်ကြောင်းကို KIA တပ်ရင်း (၉)က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု အသိပေးရေးသားထားသည်။

You May Also Like

သတင်း

နှစ်ဖက်ထိတွေ့မှုမှာ ၁နာရီနီးပါးကြာမြင့်ခဲ့ပြီး စစ်ကောင်စီဖက်မှ တစ်ဦးသေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိပြီး ကရင်နီပူးပေါင်းတပ် ဖက်မှ အထိခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြသည်။

သတင်း

အလားတူ ယနေ့နံနက် ၁၁ နာရီခန့်က မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)၊ တပ်ခွဲ ၁၊ တပ်ခွဲ ၂(ဂဠုန်)၊ အလင်းတန်းပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပြီး သရက်ကန်ပျူစောထီးစခန်းအား ဒရုန်းဖြင့် အီနာဂါ (၈)လုံးချ၍ တိုက်ခိုက်ခဲ့ကြောင်း မြိုင်(ပကဖ)က ပြော သည်။

သတင်း

CNAနှင့် ချင်းကာကွယ်ရေးတပ်(CDF) ပူးပေါင်းတပ်သည် ထန်တလန်ရဲစခန်းနှင့် ထွေအုပ်ရုံးကို ဖေဖော်ဝါရီ ၈ရက်ညပိုင်းက တိုက်ခိုက်ခဲ့ရာ ဖေဖော်ဝါရီ ၉ရက် နံနက်အစောပိုင်း၌ စခန်းကို သိမ်းပိုက်နိုင်ခဲ့သည်။ အဆိုပါ စခန်းသိမ်းတိုက်ပွဲ၌ လက်နက် ၄၂လက် ရရှိခဲ့သည်ဟု ဆိုသည်။

သတင်း

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က စစ်ကူရောက်လာခြင်းကြောင့် ပြန်လည်ဆုတ်ခွာလာရခြင်းဖြစ်သည်ဟု အထက်ပါ ရဲဘော်က ပြောသည်။