Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြိတ်မြို့နယ် တုံးဗျောကြီးရွာတိုက်ပွဲ စစ်ကောင်စီတပ်သားတစ်ဦးသေ၊ လက်နက်တစ်လက်ရဟု PDF ပြော

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က စစ်ကူရောက်လာခြင်းကြောင့် ပြန်လည်ဆုတ်ခွာလာရခြင်းဖြစ်သည်ဟု အထက်ပါ ရဲဘော်က ပြောသည်။

တိုက်ပွဲဖြစ်ပွားသော ကျေးရွာနှင့် သိမ်းဆည်းရမိသော လက်နက်အား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ
တိုက်ပွဲဖြစ်ပွားသော ကျေးရွာနှင့် သိမ်းဆည်းရမိသော လက်နက်အား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ

တနင်္သာရီတိုင်း မြိတ်မြို့နယ်၊ တုံးဗျောကြီးကျေးရွာ လမ်းဆုံရှိ စစ်ကောင်စီကင်းစခန်းကို ဒေသခံကာကွယ်ရေးတပ်များက ယနေ့ နံနက် ၆နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ပြောက်ကျားနည်းဖြင့် ဝင်တိုက်ခဲ့ခြင်းဖြစ်ပြီးအပြန်အလှန်ပစ်ခတ်မှုဖြစ်ကာ စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးပြီး သေနတ်တစ်လက်သိမ်းဆည်းရမိသည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါကင်းစခန်းသည် မြိတ်-တနင်္သာရီလမ်းပိုင်းတွင်တည်ရှိပြီး ခလရ (၁၀၁)စစ်သားများနှင့် ပျူစောထီးအဖွဲ့ ၂၀ခန့်ပါဝင်ကာ စုပေါင်းတပ်စွဲထားသည့် စခန်းဖြစ်သည်။

တိုက်ပွဲဖြစ်ပွားသော ကျေးရွာနှင့် သိမ်းဆည်းရမိသော လက်နက်အား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ
တိုက်ပွဲဖြစ်ပွားသော ကျေးရွာနှင့် သိမ်းဆည်းရမိသော လက်နက်အား တွေ့ရစဉ်၊ ဓာတ်ပုံ – CJ

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က စစ်ကူရောက်လာခြင်းကြောင့် ပြန်လည်ဆုတ်ခွာလာရခြင်းဖြစ်သည်ဟု အထက်ပါ ရဲဘော်က ပြောသည်။

စစ်ကောင်စီတပ်သားထံမှ သိမ်းဆည်းရမိသည့် လက်နက်မှာ MA!အမျိုးအစားဖြစ်သည်။

“PDFတွေက မဟာမိတ်ပုံစံစုပေါင်းတိုက်ခိုက်ခဲ့ပါ”ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ S.W.D.Fတပ်ဖွဲ့၊ မြိတ်ခရိုင်တပ်ရင်း-၂၊ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

You May Also Like

သတင်း

CNAနှင့် ချင်းကာကွယ်ရေးတပ်(CDF) ပူးပေါင်းတပ်သည် ထန်တလန်ရဲစခန်းနှင့် ထွေအုပ်ရုံးကို ဖေဖော်ဝါရီ ၈ရက်ညပိုင်းက တိုက်ခိုက်ခဲ့ရာ ဖေဖော်ဝါရီ ၉ရက် နံနက်အစောပိုင်း၌ စခန်းကို သိမ်းပိုက်နိုင်ခဲ့သည်။ အဆိုပါ စခန်းသိမ်းတိုက်ပွဲ၌ လက်နက် ၄၂လက် ရရှိခဲ့သည်ဟု ဆိုသည်။

သတင်း

မူဆယ်နှင့်ကွတ်ခိုင်မြို့နယ်ကြားရှိ KIA တပ်မဟာ (၆) တပ်ရင်း (၉)နယ်မြေသို့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ လွန်ခဲ့သည့် တစ်ပတ်ခန့်မှစ၍ တိုက်ပွဲ စတင်ခဲ့ခြင်းဖြစ်သည်။

အတွေးအမြင်ဆောင်းပါး

မနိုင်ဝန်ကို ထမ်းလာရပြီး မူလတာဝန်အပြင် လိုရင်လိုသလို၊ ကြုံရင်ကြုံသလို တာဝန်များစွာ ထမ်းဆောင်လာရတာကြောင့် လက်ဆင့်ကမ်းအမွေဆက်ဟာ ပေးသူမရှိ ယူသူမရှိဖြင့် အဆက်ပြတ်ခဲ့ကြပြီး စစ်တပ်ဟာ အာဏာရှင်စစ်ဗိုလ်ချုပ်တွေ လက်အောက် ပြားပြားဝပ်ခဲ့ရပါတယ်။

သတင်း

ရေစကြို(ပကဖ)သည် ဖေဖော်ဝါရီ ၁၄ရက်က ရေစကြိုမြို့နယ် အထက(၁)ကျောင်းရှေ့ရှိသော စစ်ကောင်စီတပ်သားများအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။