Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖရူဆိုနယ်တွင် ရေခပ်လာသည့် စစ်ကောင်စီတပ်အား တိုက်ခိုက်ရာ တစ်ဦးသေဟု KNDF ပြော

နှစ်ဖက်ထိတွေ့မှုမှာ ၁နာရီနီးပါးကြာမြင့်ခဲ့ပြီး စစ်ကောင်စီဖက်မှ တစ်ဦးသေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိပြီး ကရင်နီပူးပေါင်းတပ် ဖက်မှ အထိခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြသည်။

KNDFတပ်ရင်း - ၁၅မှ ရဲဘော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - KNDF
KNDFတပ်ရင်း - ၁၅မှ ရဲဘော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - KNDF

ရေခပ်ဆင်းလာသည့် စစ်ကောင်စီတပ်သားများအား တိုက်ခိုက်ရာ တစ်ဦးသေဆုံးပြီး ထိခိုက်မှုများရှိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း – ၁၅က ယနေ့ ထုတ်ပြန်သည်။

ဖရူဆိုမြို့နယ်၊ မာခရောရှေ့ကျေးရွာရှိ စစ်ကောင်စီ ၏ ခြေကုပ်စခန်းမှ ကျေးရွာတွင်းရေထွက်ပေါက်သို့ ရေခပ်ဆင်းလာသော စစ်ကောင်စီ တပ်သားများကို ယခုလ ၁၅ ရက်​ နံနက် ၁၁နာရီခန့်က KNDF တပ်ရင်း – ၁၅နှင့် ကရင်နီတပ်မတော်(KA)တို့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

ဖရူဆိုမြို့နယ်အခြေစိုက် စစ်ကောင်စီ၏အမှတ် (၁၄)တန်းမြှင့်စစ်လေ့ကျင့်ရေးကျောင်းမှ အင်အား ၆၀ခန့်ပါစစ်ကြောင်းသည် မာခရောရှေ့ကျေးရွာရှိ ၎င်းတို့၏ ခြေကုပ်စခန်းသို့ ရိက္ခာပို့ဆောင်ခဲ့အပြီး နေ့လည်ပိုင်းတွင် ထိတွေ့မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

နှစ်ဖက်ထိတွေ့မှုမှာ ၁နာရီနီးပါးကြာမြင့်ခဲ့ပြီး စစ်ကောင်စီဖက်မှ တစ်ဦးသေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိပြီး ကရင်နီပူးပေါင်းတပ် ဖက်မှ အထိခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြသည်။

ထိတွေ့တိုက်ပွဲများအ​ပြီး စစ်ကောင်စီဖက်မှ လက် နက်ကြီးများ အဆမတန် အသုံးပြုပစ်ခတ်ခဲ့သောကြောင့် မာခေရာရှေ့ကျေးရွာတွင်းရှိ ဒေသခံပြည်သူ၏ နေအိမ်တစ်လုံး ထိမှန်ပျက်ဆီးခဲ့ရသည်။

“ဒီနေ့လည်း မိုးဗြဲ ဘက်တိုက်ပွဲ ဖြစ်တယ်လို့သိရတယ်။နေ့တိုင်းလို တိုက်ပွဲက ရှိနေတယ်။အထူးသဖြင့် စကစ ဘက်က တပ်တည်တပ်ရွှေ့တွေ ပိုလှုပ်လာတယ်”ဟု ကရင်နီ ဒေသခံစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

လက်ရှိ ကရင်နီ(ကယား)ဒေသတွင်း နှစ်ဖက်စစ်ရေး အခြေအနေတင်းမာနေပြီး ​ဒေသတွင်းလမ်းပိုင်း အချို့ကိုပြည်သူများအသုံးမပြုသေးရန် ကာကွယ်ရေးတပ်ဖွဲ့များက မေတ္တာရပ်ခံထားမှုများလည်းရှိနေသည်။

You May Also Like

သတင်း

တော်လှန်ရေးအခြေအနေများကို ဖုံးကွယ်ရန် စစ်ကောင်စီက မကြာခဏကြိုးပမ်းနေပြီး ပြီးခဲ့သည့် နှစ်သစ်ကူးနေ့တွင် ပျော်ပွဲ၊ရွှင်ပွဲများကျင်းပရန် ၎င်းတို့ ချမှတ်ထားသည့် ညမထွက်ရ အမိန့်ကိုပင် ခေတ္တပယ်ဖျက်ခဲ့ဖူးသည်။

သတင်း

ဖေ​ဖော်ဝါရီ ၁၆ရက် နံနက် ၁၁နာရီခန့်က ကန့်ဘလူမြို့နယ်​တောင်ခြမ်း ထန်းကုန်းတိုက်နယ် ​ညောင်ဇင်ရွာမှ ဒေသခံတစ်ဦး လယ်​တောသို့ လှည်းဖြင့်သွားစဉ် ပျူ​စောထီးများ​ထောင်ထားသည့်မိုင်းထိမှန်ကာ လူ​ရော နွားများပါ ထိခိုက်ဒဏ်ရာရရှိခဲ့​ကြောင်း သိရသည်။

သတင်း

အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၈ ရက်က ရေဦးမြို့မှတဆင့် ဝင်ရောက်လာပြီးနောက် သနပ်စိန်၊ စောကြီး၊ ကွမ်းတိုင်း၊ မင်းကံကြီး၊ လက်ပံလှ၊ လောင်းရှည် အစရှိသည့် ကျေးရွာ ခြောက်ရွာမှ အိမ်ခြေ ၅၀၀ကျော်အား မီးရှို့ဖျက်ဆီးခဲ့သည်။

သတင်း

KNLA ပူးပေါင်းတပ်နှင့် ဇရဲအခြေစိုက် ခမရ (၅၆၆)တပ်ရင်းမှ သက်ရင်းမှူး ဒုဗိုလ်မှူးကြီး သက်ဦး ဦးစီးသည့် ရန်သူ့တပ်သား အင်အား ၅၀ ခန့်နှင့် နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်သည်။