Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရန်ကုန်သင်္ကြန်စည်းကားရေးနှင့် ရပ်ကွက်တစ်ခု ကျပ်နှစ်သိန်းကောက်ခံရန် စစ်ကောင်စီညွှန်ကြား

တော်လှန်ရေးအခြေအနေများကို ဖုံးကွယ်ရန် စစ်ကောင်စီက မကြာခဏကြိုးပမ်းနေပြီး ပြီးခဲ့သည့် နှစ်သစ်ကူးနေ့တွင် ပျော်ပွဲ၊ရွှင်ပွဲများကျင်းပရန် ၎င်းတို့ ချမှတ်ထားသည့် ညမထွက်ရ အမိန့်ကိုပင် ခေတ္တပယ်ဖျက်ခဲ့ဖူးသည်။

ယမန်နှစ် သင်္ကြန်အကြိုနေ့တွင် မန္တလေးမြို့၌ သံဃသမဂ္ဂသပိတ်စစ်ကြောင်းက ဆန္ဒပြလှုံ့ဆော်နေစဉ်၊ ဓာတ်ပုံ - သံဃသမဂ္ဂသပိတ်စစ်ကြောင်း
ယမန်နှစ် သင်္ကြန်အကြိုနေ့တွင် မန္တလေးမြို့၌ သံဃသမဂ္ဂသပိတ်စစ်ကြောင်းက ဆန္ဒပြလှုံ့ဆော်နေစဉ်၊ ဓာတ်ပုံ - သံဃသမဂ္ဂသပိတ်စစ်ကြောင်း

ရန်ကုန်မြို့၌ သင်္ကြန်ပွဲတော်ကာလမဏ္ဍပ်များဆောက်လုပ်ရန်နှင့် ပျော်ပွဲ၊ရွှင်ပွဲများကျင်းပရန် ရပ်ကွက်တစ်ခုလျှင် ကျပ်နှစ်သိန်း ကောက်ခံရန် စစ်ကောင်စီက ညွှန်ကြားထားသည်ဟု ရပ်ကွက် အုပ်ချုပ်ရေးမှူးအချို့က ပြောသည်။

အဆိုပါ ညွှန်ကြားချက်မှာ တိုင်းစစ်ဌာနချုပ်မှ တဆင့် တိုင်းအစိုးရအဖွဲ့နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများကို နှုတ်မိန့်ဖြင့်ကနဦးပြောကြားခြင်းဟု ဆိုသည်။

“တနေ့က မြို့နယ်အုပ်မှူးက ခေါ်ပြောတယ်။အဓိကတော့ ရပ်ကွက်တစ်ခုချင်းအလိုက် နှစ်သိန်းစီကောက်ပြီး တိုင်းအစိုးရအဖွဲ့ကိုပေးရမယ်။ပြီးတော့ ပျော်မယ့်၊ ရွှင်မယ့်လူတွေပါ သင်္ကြန်နားနီးရင် ရှာပေးရမယ်လို့လည်း ပြောတယ်”ဟု တာမွေမြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောသည်။

ယခုကဲ့သို့စီစဥ်ခြင်းကြောင့် မြို့နယ်ရှိ ငွေကြေး အဆင်ပြေသူများထံ စစ်ကောင်စီက ငွေကြေးကောက်ခံမည်ဟုလည်း ၎င်းက ရှင်းပြသည်။

“၁၅ ရက်နေ့က ထင်တယ်။ရပ်ကွက်ရုံးထဲ မှာ အဲဒီ ပိုက်ဆံ နှစ်သိန်းကောက်ရမယ်ဆိုတာ ပြောနေတယ်။မဏ္ဍပ်တွေ များများလုပ်ရမယ်လို့လည်း ပြောသံကြား တယ်”ဟု မရမ်းကုန်းမြို့နယ်ရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူက ပြောသည်။

တော်လှန်ရေးအခြေအနေများကို ဖုံးကွယ်ရန် စစ်ကောင်စီက မကြာခဏကြိုးပမ်းနေပြီး ပြီးခဲ့သည့် နှစ်သစ်ကူးနေ့တွင် ပျော်ပွဲ၊ရွှင်ပွဲများကျင်းပရန် ၎င်းတို့ ချမှတ်ထားသည့် ညမထွက်ရ အမိန့်ကိုပင် ခေတ္တပယ်ဖျက်ခဲ့ဖူးသည်။

အာဏာသိမ်းပြီးနောက်ပိုင်း (၂)နှစ်ကျော်ကာလအတွင်း သင်္ကြန်ပွဲတော်ကာလ နှစ်ကြိမ်တွင် စစ်ကောင်စီက လမ်းလျှောက်ရေပက်ခံနေရာများ နှင့် ၎င်းတို့ စီစဥ်ခဲ့သည့် ရေပက်ခံကားအချို့ဖြင့် စည်းကားရန် ကြိုတင်ဖန်တီးခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

You May Also Like

သတင်း

ဖေ​ဖော်ဝါရီ ၁၆ရက် နံနက် ၁၁နာရီခန့်က ကန့်ဘလူမြို့နယ်​တောင်ခြမ်း ထန်းကုန်းတိုက်နယ် ​ညောင်ဇင်ရွာမှ ဒေသခံတစ်ဦး လယ်​တောသို့ လှည်းဖြင့်သွားစဉ် ပျူ​စောထီးများ​ထောင်ထားသည့်မိုင်းထိမှန်ကာ လူ​ရော နွားများပါ ထိခိုက်ဒဏ်ရာရရှိခဲ့​ကြောင်း သိရသည်။

သတင်း

အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၈ ရက်က ရေဦးမြို့မှတဆင့် ဝင်ရောက်လာပြီးနောက် သနပ်စိန်၊ စောကြီး၊ ကွမ်းတိုင်း၊ မင်းကံကြီး၊ လက်ပံလှ၊ လောင်းရှည် အစရှိသည့် ကျေးရွာ ခြောက်ရွာမှ အိမ်ခြေ ၅၀၀ကျော်အား မီးရှို့ဖျက်ဆီးခဲ့သည်။

သတင်း

KNLA ပူးပေါင်းတပ်နှင့် ဇရဲအခြေစိုက် ခမရ (၅၆၆)တပ်ရင်းမှ သက်ရင်းမှူး ဒုဗိုလ်မှူးကြီး သက်ဦး ဦးစီးသည့် ရန်သူ့တပ်သား အင်အား ၅၀ ခန့်နှင့် နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်သည်။

သတင်း

နှစ်ဖက်ထိတွေ့မှုမှာ ၁နာရီနီးပါးကြာမြင့်ခဲ့ပြီး စစ်ကောင်စီဖက်မှ တစ်ဦးသေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိပြီး ကရင်နီပူးပေါင်းတပ် ဖက်မှ အထိခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြသည်။