Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကြာအင်းဆိပ်ကြီးတိုက်ပွဲ စစ်ကောင်စီက ဒေသခံများအား လူသားတံတိုင်းလုပ် ဆုတ်ခွာသွားရာ ကလေးငယ်အပါအဝင် အရပ်သားအချို့ပျောက်ဆုံးနေ

KNLA ပူးပေါင်းတပ်နှင့် ဇရဲအခြေစိုက် ခမရ (၅၆၆)တပ်ရင်းမှ သက်ရင်းမှူး ဒုဗိုလ်မှူးကြီး သက်ဦး ဦးစီးသည့် ရန်သူ့တပ်သား အင်အား ၅၀ ခန့်နှင့် နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်သည်။

(ရှမ်းပြည်နယ်‌တောင်ပိုင်း ဖယ်ခုံမြို့ မြောက်ဘက် ၃ မိုင်ခန့် အကွာရှိ ကသဲ(ရွှေပြည်အေး) ရွာတွင် ၂၀၂၁ အောက်တိုဘာ ၂၇ ရက်က စစ်ကောင်စီတပ်ဖမ်းသွားသည့် ရွာသား ၁၉ ဦးကို တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့)
(ရှမ်းပြည်နယ်‌တောင်ပိုင်း ဖယ်ခုံမြို့ မြောက်ဘက် ၃ မိုင်ခန့် အကွာရှိ ကသဲ(ရွှေပြည်အေး) ရွာတွင် ၂၀၂၁ အောက်တိုဘာ ၂၇ ရက်က စစ်ကောင်စီတပ်ဖမ်းသွားသည့် ရွာသား ၁၉ ဦးကို တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့)

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က ဒေသခံများအား လူသားတံတိုင်းလုပ်ပြီး ပြန်လည်ဆုတ်ခွာသွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့ညပိုင်းတွင်ထုတ်ပြန်သည်။

ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် နေ့စဉ် စစ်ရေးသတင်းတွင် ဖေဖော်ဝါရီ ၁၆ရက်က ကြာအင်းဆိပ်ကြီးမြို့နယ် ဒါလီကျေးရွာနှင့် ထီးမူးခီးကျေးရွာအနီး ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းကို ဖော်ပြသည်။

KNLA ပူးပေါင်းတပ်နှင့် ဇရဲအခြေစိုက် ခမရ (၅၆၆)တပ်ရင်းမှ သက်ရင်းမှူး ဒုဗိုလ်မှူးကြီး သက်ဦး ဦးစီးသည့် ရန်သူ့တပ်သား အင်အား ၅၀ ခန့်နှင့် နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်ချိန်တွင် စစ်ကောင်စီတပ်က ဒါလီကျေးရွာနှင့် ထီးမူးခီး ရွာနေပြည်သူများအား လူသားတံတိုင်းလုပ် အကာအကွယ်ယူကာ ပြန်လည်ဆုတ်ခွာသွားကြောင်း ဖော်ပြသည်။

ထိုသို့ ဆုတ်ခွာသွားပြီးနောက် အမျိုးသမီးနှင့် ကလေးငယ် အပါအဝင် ရွာသူ၊ ရွာသား ခြောက်ဦးခန့် ပျောက်ဆုံးနေကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့ညပိုင်း၌ ထုတ်ပြန်သည်။

You May Also Like

သတင်း

ဖမ်းဆီးခံရ‌သော တောင်သူ ငါးဦး ယနေ့အထိ လွှတ်ပေးခြင်း မရှိသေးကြောင်း Chaung U Revolution အဖွဲ့က ပြောသည်။

သတင်း

တော်လှန်ရေးအခြေအနေများကို ဖုံးကွယ်ရန် စစ်ကောင်စီက မကြာခဏကြိုးပမ်းနေပြီး ပြီးခဲ့သည့် နှစ်သစ်ကူးနေ့တွင် ပျော်ပွဲ၊ရွှင်ပွဲများကျင်းပရန် ၎င်းတို့ ချမှတ်ထားသည့် ညမထွက်ရ အမိန့်ကိုပင် ခေတ္တပယ်ဖျက်ခဲ့ဖူးသည်။

သတင်း

ဖေ​ဖော်ဝါရီ ၁၆ရက် နံနက် ၁၁နာရီခန့်က ကန့်ဘလူမြို့နယ်​တောင်ခြမ်း ထန်းကုန်းတိုက်နယ် ​ညောင်ဇင်ရွာမှ ဒေသခံတစ်ဦး လယ်​တောသို့ လှည်းဖြင့်သွားစဉ် ပျူ​စောထီးများ​ထောင်ထားသည့်မိုင်းထိမှန်ကာ လူ​ရော နွားများပါ ထိခိုက်ဒဏ်ရာရရှိခဲ့​ကြောင်း သိရသည်။

သတင်း

အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၈ ရက်က ရေဦးမြို့မှတဆင့် ဝင်ရောက်လာပြီးနောက် သနပ်စိန်၊ စောကြီး၊ ကွမ်းတိုင်း၊ မင်းကံကြီး၊ လက်ပံလှ၊ လောင်းရှည် အစရှိသည့် ကျေးရွာ ခြောက်ရွာမှ အိမ်ခြေ ၅၀၀ကျော်အား မီးရှို့ဖျက်ဆီးခဲ့သည်။