Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်က လက်ပံလှရွာမီးရှို့ဖျက်ဆီးပြီး သီလရှင်တစ်ပါး မီးရှို့သတ်ဖြတ် သွား

အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၈ ရက်က ရေဦးမြို့မှတဆင့် ဝင်ရောက်လာပြီးနောက် သနပ်စိန်၊ စောကြီး၊ ကွမ်းတိုင်း၊ မင်းကံကြီး၊ လက်ပံလှ၊ လောင်းရှည် အစရှိသည့် ကျေးရွာ ခြောက်ရွာမှ အိမ်ခြေ ၅၀၀ကျော်အား မီးရှို့ဖျက်ဆီးခဲ့သည်။

မီးရှို့ဖျက်ဆီးခံရသည့် လက်ပံလှကျေးရွာအား တွေ့ရစဥ်၊ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး
မီးရှို့ဖျက်ဆီးခံရသည့် လက်ပံလှကျေးရွာအား တွေ့ရစဥ်၊ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် လက်ပံလှကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးစဥ် (၇၀)အရွယ် သီလရှင်ဆရာတစ်ပါးလည်း မီးရှို့သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ဖေဖော်ဝါရီ ၁၃ရက် ညနေ ၃နာရီခန့်က ခင်ဦးမြို့နယ်၊ လက်ပံလှကျေးရွာအား စစ်ကောင်စီတပ်နှင့် မကျီးတုံကျေးရွာမှ ပျူစောထီးများပါသည့် အင်အား၁၀၀ခန့်စစ်ကြောင်းသည် ကျေးရွာနေအိမ်၂၅၀ကျော်အား မီးလောင်ဗုံးများ၊ရေနံဆီမီးစာများဖြင့်မီးရှို့ဖျက်ဆီးခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

ထိုသို့မီးရှို့ဖျက်ဆီးစဥ် အဆိုပါ ကျေးရွာရှိ အသက်(၇၀)နှစ်အရွယ် သီလရှင်ဆရာလေးတစ်ဦးကိုလည်း နေအိမ်အတွင်း၌ မီးရှို့သတ်ဖြတ်ခဲ့သည်ကို တွေ့ရှိခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

မီးရှို့သတ်ဖြတ်ခံရသူ သီလရှင်မှာ ဒေါ်ဆိတ်ဟုအမည်ရပြီး AAPP ပြုစုထား​​သောစာရင်းအရ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသူ ၃,၀၀၀ ဦး​​မြောက်ဖြစ်ကြောင်း AAPP က​​ ဖေ​ဖော်ဝါရီ ၁၇ရက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အသတ်ခံရတဲ့ဆရာလေးက အသက်ကြီးမှ သီလရှင်ဝတ်ခဲ့တာလို့သိရပြီး ကျေးရွာရှိ နေအိမ်မှာဘဲ သီတင်းသုံးခဲ့တာပါ”ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါ စစ်ကြောင်းသည် ဖေဖော်ဝါရီ၁၅ရက်ကချောင်းဆုံကျေးရွာအား မီးတင်ရှို့ခဲ့ပြီး ယမန်နေ့ (ဖေဖော်ဝါရီ ၁၇ ရက်)တွင် ခင်ဦးမြို့ပေါ်သို့ရောက်ရှိသွားကြောင်း ဒေသခံများက ပြောသည်။

အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၈ ရက်က ရေဦးမြို့မှတဆင့် ဝင်ရောက်လာပြီးနောက် သနပ်စိန်၊ စောကြီး၊ ကွမ်းတိုင်း၊ မင်းကံကြီး၊ လက်ပံလှ၊ လောင်းရှည် အစရှိသည့် ကျေးရွာ ခြောက်ရွာမှ အိမ်ခြေ ၅၀၀ကျော်အား မီးရှို့ဖျက်ဆီးခဲ့သည်။

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ၎င်းတို့မီးရှိုဖျက်ဆီးခဲ့မှုကြောင့် ကျေးရွာပေါင်း(၆၆)ရွာက နေအိမ်ပေါင်း ၄,၀၀၀ကျော် ပြာကျပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်၏ သတ်ဖြတ်မှုကြောင့် ရဲဘော်နှင့် ဒေသခံပြည်သူ ၂၅၀နီးပါး ရှိပြီဖြစ်သည်။

You May Also Like

သတင်း

ဖမ်းဆီးခံရ‌သော တောင်သူ ငါးဦး ယနေ့အထိ လွှတ်ပေးခြင်း မရှိသေးကြောင်း Chaung U Revolution အဖွဲ့က ပြောသည်။

သတင်း

တော်လှန်ရေးအခြေအနေများကို ဖုံးကွယ်ရန် စစ်ကောင်စီက မကြာခဏကြိုးပမ်းနေပြီး ပြီးခဲ့သည့် နှစ်သစ်ကူးနေ့တွင် ပျော်ပွဲ၊ရွှင်ပွဲများကျင်းပရန် ၎င်းတို့ ချမှတ်ထားသည့် ညမထွက်ရ အမိန့်ကိုပင် ခေတ္တပယ်ဖျက်ခဲ့ဖူးသည်။

သတင်း

ဖေ​ဖော်ဝါရီ ၁၆ရက် နံနက် ၁၁နာရီခန့်က ကန့်ဘလူမြို့နယ်​တောင်ခြမ်း ထန်းကုန်းတိုက်နယ် ​ညောင်ဇင်ရွာမှ ဒေသခံတစ်ဦး လယ်​တောသို့ လှည်းဖြင့်သွားစဉ် ပျူ​စောထီးများ​ထောင်ထားသည့်မိုင်းထိမှန်ကာ လူ​ရော နွားများပါ ထိခိုက်ဒဏ်ရာရရှိခဲ့​ကြောင်း သိရသည်။

သတင်း

KNLA ပူးပေါင်းတပ်နှင့် ဇရဲအခြေစိုက် ခမရ (၅၆၆)တပ်ရင်းမှ သက်ရင်းမှူး ဒုဗိုလ်မှူးကြီး သက်ဦး ဦးစီးသည့် ရန်သူ့တပ်သား အင်အား ၅၀ ခန့်နှင့် နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်သည်။