Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ချောင်းဦးမြို့နယ်တွင် ဂျုံလာရောင်းသည့်တောင်သူများအား စစ်ကောင်စီတပ်က PDF ဂျုံဟုဆိုကာ ဖမ်းဆီး

ဖမ်းဆီးခံရ‌သော တောင်သူ ငါးဦး ယနေ့အထိ လွှတ်ပေးခြင်း မရှိသေးကြောင်း Chaung U Revolution အဖွဲ့က ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဆန္ဒပြပြည်သူများအား ပစ်ခတ်ဖြိုခွင်းရန် ပြင်ဆင်နေသော စစ်ကောင်စီတပ်သားများအား ၂၀၂၁ ဧပြီက တွေ့ရစဉ်၊ ဓာတ်ပုံ - CJ
စစ်တပ်က အာဏာသိမ်းပြီးနောက် ဆန္ဒပြပြည်သူများအား ပစ်ခတ်ဖြိုခွင်းရန် ပြင်ဆင်နေသော စစ်ကောင်စီတပ်သားများအား ၂၀၂၁ ဧပြီက တွေ့ရစဉ်၊ ဓာတ်ပုံ - CJ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့သို့ ဂျုံလာရောင်းသော ဒေသခံတောင်သူများအား PDFများစိုက်ပျိုးပြုလုပ်သည့် ဂျုံဟုစွပ်စွဲကာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး ကျပ်သိန်း၁၀၀ကျော်ပါ သိမ်းဆည်းသွားကြောင်း ဒေသခံများက ပြောသည်။

ဖေဖော်ဝါရီ ၁၆ရက်က ချောင်းဦးမြို့ပေါ်ရှိ ပွဲရုံတစ်ရုံသို့ ထူးနီကျေးရွာမှ ဂျုံရောင်းလာသော ဒေသခံ တောင်သူငါးဦးအား ပွဲရုံ၌ ရောင်းချပြီး ငွေရှင်းပြီးချိန်တွင် ချောင်းဦးမြို့မရဲစခန်းမှ စစ်အုပ်စုက PDFများစိုက်ပျိုးသည့် ဂျုံဟုစွပ်စွဲကာ အဓမ္မဖမ်းဆီးသွားခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

၎င်းတောင်သူများနှင့်အတူ ဂျုံများတင်ဆောင်လာသော ကားနှစ်စီး၊ ဂျုံရောင်းရသောငွေ ကျပ်သိန်း ၁၀၀ကျော်ကိုပါ အဓမ္မသိမ်းဆည်းသွားကြောင်း Chaung U Revolution အဖွဲ့က ပြောသည်။

‌”အခုအဖမ်းခံရတဲ့တောင်သူတွေက ဧကအများကြီးစိုက်တာဗျ။ တောင်သူတွေရဲ့ဂျုံတွေရယ်။ ပိုက်ဆံလိုချင်လို့ ဖမ်းတာရယ်။ ဘာ PDFဂျုံမှ မဟုတ်ဘူး”လို့ ဒေသခံပြည်သူတစ်ဦးက ‌Chaung U Revolution ကိုပြောကြားထားသည်။

“PDFဂျုံဆိုရင် ဂျုံကိုအစယူလာစဥ်ကတည်းသိမ်း​ပေါ့။ ခု​တော့ ဂျုံရောင်းနေတုန်း ​သေချာ​စောင့် ​ငွေထုပ်ပိုက်ပြီးပြန်အထွက်မှသိမ်းတာ။ စိတ်မကောင်းဘူး။ မြေဆီ စျေးတွေတက်နေတဲ့ကြားက လုပ်ထားရတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရ‌သော တောင်သူ ငါးဦး ယနေ့အထိ လွှတ်ပေးခြင်း မရှိသေးကြောင်း Chaung U Revolution အဖွဲ့က ပြောသည်။

You May Also Like

သတင်း

စစ်ကြောင်းတွင် ရဲများလည်းပါပြီး ရဲများလည်းထိခိုက်သေဆုံးမှုရှိကြောင်း၊ မိုင်းရှာစက်များအသုံးပြု ဖြတ်တောက်ခဲ့၍ ပေပါမိုင်းများ မကွဲခဲ့ကြောင်း Southern YSO PDF က ဆိုသည်။

သတင်း

တော်လှန်ရေးအခြေအနေများကို ဖုံးကွယ်ရန် စစ်ကောင်စီက မကြာခဏကြိုးပမ်းနေပြီး ပြီးခဲ့သည့် နှစ်သစ်ကူးနေ့တွင် ပျော်ပွဲ၊ရွှင်ပွဲများကျင်းပရန် ၎င်းတို့ ချမှတ်ထားသည့် ညမထွက်ရ အမိန့်ကိုပင် ခေတ္တပယ်ဖျက်ခဲ့ဖူးသည်။

သတင်း

ဖေ​ဖော်ဝါရီ ၁၆ရက် နံနက် ၁၁နာရီခန့်က ကန့်ဘလူမြို့နယ်​တောင်ခြမ်း ထန်းကုန်းတိုက်နယ် ​ညောင်ဇင်ရွာမှ ဒေသခံတစ်ဦး လယ်​တောသို့ လှည်းဖြင့်သွားစဉ် ပျူ​စောထီးများ​ထောင်ထားသည့်မိုင်းထိမှန်ကာ လူ​ရော နွားများပါ ထိခိုက်ဒဏ်ရာရရှိခဲ့​ကြောင်း သိရသည်။

သတင်း

မဏိပူရ်ပြည်နယ်ရောက် မြန်မာစစ်ဘေးရှောင် ၈၀ ကျော်ကို အိန္ဒိယအာဏာပိုင်များက ဇန်နဝါရီ ၂၇ နှင့် ၃၀ တွင်ဖမ်းဆီးပြီးနိုင်ငံခြားသားထိမ်းသိမ်းရေးစခန်းတခုတွင်ထိမ်းသိမ်းထားခြင်းဖြစ်သည်ဟုသိရသည်။