Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးမိတ်မြို့ရှိ စစ်​ကောင်စီတပ်ရင်းများကို PDF ကလက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်

စစ်ကောင်စီက ညနေ ၃နာရီခန့်အထိ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

(ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ (Thabeikkyin PDF ) မိုးကုတ်ဗျူဟာတပ်ရင်းအမှတ် ၁၂၂၂ မှတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-TBK-PDF)
(ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ (Thabeikkyin PDF ) မိုးကုတ်ဗျူဟာတပ်ရင်းအမှတ် ၁၂၂၂ မှတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-TBK-PDF)

မိုးမိတ်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းများအားမိုးကုတ်ဗျူဟာတပ်ရင်းက လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ​ဒေသခံအချို့နှင့်တိုက်ခိုက်ခဲ့​သောအဖွဲ့က​ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့ရှိ စစ်ကောင်စီတပ်ရင်း ၂၂၃၊၂၇၆နှင့် ၃၄၈ တပ်ရင်းများကို ဖေဖော်ဝါရီ၂၀ရက် နံနက်ပိုင်းတွင်လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်း သပိတ်ကျင်းမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ (Thabeikkyin PDF ) မိုးကုတ်ဗျူဟာတပ်ရင်းအမှတ် ၁၂၂၂ က သတင်းထုတ်ပြန် သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန လက်​အောက်ရှိ PDFတပ်ရင်းများဖြစ်​သောမိုးကုတ်ဗျူဟာတပ်ရင်း ၁၂၂၁၊ ၁၂၂၂နှင့်မိုးကုတ်ဗျူဟာလက်နက်ကြီးအဖွဲ့(တပ်ရင်းအမှတ် ၁၂၂၁၊၁၂၂၂၊၁၂၂၃) တို့ကပူး​ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

” စစ်ကောင်စီ၏ မိုးမိတ်တပ်ရင်းများသို့ နံနက် ၇နာရီ ၄၅မိနစ်အချိန်တွင် ၆၀မမ စိန်ပြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီတပ်ရင်း ၂၂၃ နှင့် ၂၇၆ ကြားတွင်တစ်ကြိမ်၊ ဂိတ်စခန်းအနီးတွင်တစ်ကြိမ်၊ ဗျူဟာရုံးအနီးတွင်တစ်ကြိမ် ပစ်ခတ်ထိမှန်ခဲ့သည်။ ထိခိုက်ကျဆုံးဒဏ်ရာရရှိမှုအခြေအနေကိုလက်ရှိအချိန်တွင်မသိရသေးပါ”ဟုတပ်ရင်းအမှတ် ၁၂၂၂ က ဖေဖော်ဝါရီ ၂၁ရက်တွင်သတင်းထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီက ညနေ ၃နာရီခန့်အထိ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

တိုက်ခိုက်ရခြင်း၏အဓိကရည်ရွယ်ချက်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ရှေ့တန်းစစ်မြေပြင်၌သာမကနောက်တန်းတပ်စခန်းများမှ မိသားစုဝင်များလည်း အသက်အာမခံချက်မရှိကြောင်းနှင့်လုံခြုံမှုမရှိကြောင်း သိရှိစေရန်ဖြစ်​ကြောင်းအသိ​ပေးထားသည်။ စစ်ကောင်စီဘက်က အထိအခိုက်အကျအဆုံးများကိုမူ အတည်ပြုနေဆဲဖြစ်ပြီးသိရပါက သတင်း ထပ်မံထုတ်ပြန်မည်ဟု ​ဖော်ပြထားသည်။

“ပစ်တာကတော့ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဘက်ကပစ်တာ”ဟု မိုးမိတ်မြို့ခံတစ်ဦးကလည်း အဆိုပါတိုက်ခိုက်မှုကိုအတည်ပြု​ပေးသည်။စစ်​ကောင်စီဘက်မှာဒေသခံပြည်သူများကို တပ်ရင်းရှိရာ​နေရာ အနီးဝန်းကျင်သို့ဖြတ်သန်း

ခွင့်မပြု၍ ​သေဆုံးထိခိုက်မှုအ​ခြေအ​နေကို သိရှိရရန်မလွယ်ကူ​ကြောင်းလည်း အဆိုပါ​ဒေသခံက​ပြောသည်။

Facebook

You May Also Like

သတင်း

ဖေဖော်ဝါရီ ၂၁ ရက် ည၈နာရီခန့်က မုံရွာမြို့၊အမြင့်လမ်းထိပ် လဝကရုံးအဟောင်းတွင်တပ်စွဲထားသော စစ်ကောင်စီတပ်အား (၄၀) မမလက်နက်ကြီးဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Golden Eagle Force-Monywa-V2 အဖွဲ့က အသိပေးသည်။

သတင်း

မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း - ၂ တပ်ရင်း - ၃ တပ်ရင်း - ၄ ၏ တပ်ရင်းတပ်ခွဲတပ်ဖွဲ့များ ထိုးစစ်တိုက်နေသဖြင့် အရေးပေါ် လက်နက် ခဲယမ်း များစွာလိုအပ်နေကြောင်း သိရသည်။

သတင်း

စစ်ကောင်စီက ကားပေါ်မှ ရမ်းသမ်းပစ်ခတ်သဖြင့် ဒုက္ခသည်စခန်းတွင် ခိုလှုံနေသော ပြည်သူတစ်ဦး ဦးခေါင်းဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။ ကော်ဘရာစစ်ကြောင်းမှလည်း တစ်ဦးဒဏ်ရာရရှိခဲ့သော်လည်း စိုးရိမ်စရာအခြေအနေမရှိကြောင်း ထပ်မံ အသိပေးထားသည်။

သတင်း

သေဆုံးသူနှစ်ဦးမှာဖေဖော်ဝါရီ ၁၉ရက်တွင် ဖမ်းဆီးခံရခြင်းဖြစ်ပြီးသုံးရက်အကြာယ​နေ့(ဖေဖော်ဝါရီလ ၂၂ရက်)နံနက်တွင်မှ ရုပ်အလောင်းကို တွေ့ရှိရခြင်းဖြစ်သည်။