Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာမြို့ ကညနနှင့် လဝကရုံးရှိ စစ်ကောင်စီတပ်တိုက်ခို​က်ရာ နှစ်ဦးသေဟုဆို

ဖေဖော်ဝါရီ ၂၁ ရက် ည၈နာရီခန့်က မုံရွာမြို့၊အမြင့်လမ်းထိပ် လဝကရုံးအဟောင်းတွင်တပ်စွဲထားသော စစ်ကောင်စီတပ်အား (၄၀) မမလက်နက်ကြီးဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Golden Eagle Force-Monywa-V2 အဖွဲ့က အသိပေးသည်။

မုံရွာမြို့ရှိ လဝကရုံးအား မြင်တွေ့ရစဉ်၊(ပုံအဟောင်း အသုံးပြုထားပါသည်)
မုံရွာမြို့ရှိ လဝကရုံးအား မြင်တွေ့ရစဉ်၊(ပုံအဟောင်း အသုံးပြုထားပါသည်)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန(လဝက)နှင့် ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)ရုံးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးကြောင်း Golden Eagle Force-Monywa-V2 အဖွဲ့က သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၂၁ ရက် ည၈နာရီခန့်က မုံရွာမြို့၊အမြင့်လမ်းထိပ် လဝကရုံးအဟောင်းတွင်တပ်စွဲထားသော စစ်ကောင်စီတပ်အား (၄၀) မမလက်နက်ကြီးဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Golden Eagle Force-Monywa-V2 အဖွဲ့က အသိပေးသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၂၂ရက်) နံနက် ၄နာရီခန့်တွင်လည်း မုံရွာမြို့အဝင် ​ကားကြီးကွင်းနှင့်မျက်နှာချင်းဆိုင် ကညနရုံးတွင်တပ်စွဲထားသော စစ်ကောင်စီတပ်များအား (၄၀)မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Golden Eagle Force-Monywa-V2 အဖွဲ့ကဆိုသည်။

လဝကရုံးရှိ စစ်ကောင်စီတပ်များ ထိခိုက်မှုမရှိသော်လည်း ကညနရုံးရှိ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးသွားကြောင်း၊ ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း Golden Eagle Force-Monywa-V2 အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကောင်စီတပ်ဘက်က လက်နက်ငယ်များ၊ (၄၀) မမ၊ (၆၀) မမတို့ဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး ရဲဘော်များထိခိုက်မှုမရှိကြောင်း သိရသည်။

“လဝကမှာကတော့ ထိခိုက်မှုမရှိခဲ့ပါဘူးဗျ။ ကညနကိုက ဒီကောင်တွေမနက်ပိုင်း လူလဲပြီးကင်းပတ်တဲ့အချိန် ၄နာရီလောက်မှာ ပစ်ခတ်ခဲ့တာပါ”ဟု Golden Eagle Force-Monywa-V2 အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါ စစ်ဆင်ရေးနှစ်ခုကို Golden Eagle Force-Monywa-V2 နှင့်အတူ Springs Dove၊ ပုဏ္ဏက ပြောက်ကျားတပ်ဖွဲ့၊၊ သေမင်းတမန် ပြောက်ကြားအဖွဲ့၊ 5/UG Task Force(မြေအောက်တော်လှန်ရေးအဖွဲ့)တို့နှင့်ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ဖေဖော်ဝါရီ၂၁ ရက်ကလည်း မုံရွာမြို့၊ ကျောက္ကာလမ်း၊ ဇလုပ်အဝိုင်းပတ်ရှိ စစ်ကောင်စီတပ်ဖွဲ့ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားနှစ်ဦးထိမှန်ခဲ့ကြောင်း မုံရွာနတ်ဆိုးအထူးကွန်မန်ဒိုအဖွဲ့က ထုတ်ပြန်ထားသည်။

You May Also Like

သတင်း

မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း - ၂ တပ်ရင်း - ၃ တပ်ရင်း - ၄ ၏ တပ်ရင်းတပ်ခွဲတပ်ဖွဲ့များ ထိုးစစ်တိုက်နေသဖြင့် အရေးပေါ် လက်နက် ခဲယမ်း များစွာလိုအပ်နေကြောင်း သိရသည်။

သတင်း

KIA တပ်မဟာ(၃) တပ်ရင်း(၃)နယ်မြေ ဝိုင်းမော်မြို့နယ်တွင်လည်း ခြေလျင်လှုပ်ရှားလာသည့် စစ်ကောင်စီတပ် အင်အား ၃၀ ကျော်တပ်ဖွဲ့ကို KIAက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုဆိုသည်။

သတင်း

စစ်ကောင်စီက ကားပေါ်မှ ရမ်းသမ်းပစ်ခတ်သဖြင့် ဒုက္ခသည်စခန်းတွင် ခိုလှုံနေသော ပြည်သူတစ်ဦး ဦးခေါင်းဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။ ကော်ဘရာစစ်ကြောင်းမှလည်း တစ်ဦးဒဏ်ရာရရှိခဲ့သော်လည်း စိုးရိမ်စရာအခြေအနေမရှိကြောင်း ထပ်မံ အသိပေးထားသည်။

သတင်း

သေဆုံးသူနှစ်ဦးမှာဖေဖော်ဝါရီ ၁၉ရက်တွင် ဖမ်းဆီးခံရခြင်းဖြစ်ပြီးသုံးရက်အကြာယ​နေ့(ဖေဖော်ဝါရီလ ၂၂ရက်)နံနက်တွင်မှ ရုပ်အလောင်းကို တွေ့ရှိရခြင်းဖြစ်သည်။