Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီပဲယင်းတွင် စစ်ကောင်စီတပ်အထိုင်ချရာနေရာများအား တာဝေးပစ်ဒုံးကျည်ဖြင့် တိုက်ခိုက်

ယမန်နေ့(ဖေဖော်ဝါရီ ၂၂ ရက်) ညပိုင်းက ဒီပဲယင်းမြို့ပေါ်တွင် အထိုင်ချထားသော စစ်ကောင်စီတပ်များကို တာဝေးပစ် Rocket များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Northern Tigers Group(NTG)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီတပ်သားများ ဝင်ရောက်စီးနင်းနေသည်ကို ၂၀၂၁သြဂုတ်ကတွေ့ရစဥ်၊ ဓာတ်ပုံ - CJ
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီတပ်သားများ ဝင်ရောက်စီးနင်းနေသည်ကို ၂၀၂၁သြဂုတ်ကတွေ့ရစဥ်၊ ဓာတ်ပုံ - CJ

တန့်ဆည်တွင်လည်း စစ်အုပ်စုအား ပဒေသာမိုင်းဆွဲတိုက်ခိုက်ရာ ခြောက်ဦးသေဟုဆို

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်အား တာဝေးပစ် Rocketများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တန့်ဆည်မြို့တွင်လည်း စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ခြောက်ဦးထက်မနည်းသေဆုံးကြာင်း ​ဒေသတွင်းတော်လှန်ရေးအင်အားစုများက ထုတ်ပြန်သည်။

ယမန်နေ့(ဖေဖော်ဝါရီ ၂၂ ရက်) ညပိုင်းက ဒီပဲယင်းမြို့ပေါ်တွင် အထိုင်ချထားသော စစ်ကောင်စီတပ်များကို တာဝေးပစ် Rocket များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Northern Tigers Group(NTG)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

မြို့ပေါ်ရှိ စစ်အုပ်စုက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့၍ ဆုတ်ခွာခဲ့ကြောင်း၊ စစ်အုပ်စုထိခိုက်မှုအတိအကျ မသိရသေးကြောင်း NTG ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

Public Service Announcement
Public Service Announcement

“စကစ ဗိုလ်တစ်ကောင် ကျော်သီဟအပါဝင် သုံးဦးထိခိုက် သေဆုံးတယ်လို့ သိရပါတယ်။ ၆၀(မမ)နဲ့ ပြန်ပစ်တာ ကျွန်တော်တို့ မဟာမိတ်အဖွဲ့ ငါးဦး ထိခိုက်ပါတယ်။ အသက်အန္တရာယ် မစိုးရိမ်ရပါဘူး”ဟု NTG ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို Northern Tigers Group (NTG)နှင့် ရွှေဘိုခရိုင်တပ်ရင်း(၂၀)/တပ်ခွဲ(၃) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး Rockets များထုတ်လုပ်နိုင်ရန် Sagaing supporting team က ကူညီခဲ့ကြောင်း သိရသည်။

တန့်ဆည်မြို့နယ်တွင်လည်း စစ်ကောင်စီ စစ်ကြောင်းအား တပ်ရင်း(၂၅)နှင့် ပူးပေါင်း၍ သုံးရက်အတွင်း နှစ်ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားနှင့်ပျူစောထီး ခြောက်ဦးသေဆုံးခဲ့ကြောင်း တန့်ဆည်(ပကဖ)အဖွဲ့က သတင်းထုတ်ပြန်သည်။

​ဖေဖော်ဝါရီ ၂၀ ရက် ည၇ နာရီခွဲခန့်က ဘေရင်းရွာသစ် မြောက်ဖက် ပေလမ်းပေါ်တွင် ကင်းပတ်လာသော ပျူများအား ပ.က.ဖမှ ပဒေသာမိုင်းဖြင့်တိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးကြောင်း တန့်ဆည်(ပကဖ)အဖွဲ့က ဆိုသည်။

ဖေဖော်ဝါရီ ၂၂ ရက်နံနက် ၇နာရီ မိနစ် ၄၀ခန့်ကလည်း ခပေါင်းကြိုင်ရွာမှ မှန်ရင်းကျေးရွာသို့ စစ်ကြောင်းထိုးလာသော ခမရ(၃၆၁)နှင့် ပျူစောထီးအဖွဲ့အား တန့်ဆည်(ပကဖ)နှင့် တပ်ရင်း (၂၅)တို့က ပဒေသာမိုင်း ရှစ်လုံးတွဲဖြင့် တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားနှင့်ပျူ ငါးဦးသေဆုံးကြောင်း တန့်ဆည်(ပကဖ)အဖွဲ့က ထုတ်ပြန်ထားသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ တန့်ဆည်(ပကဖ)အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

စစ်ကိုင်းတိုင်း၊ ရွှေဘို၊ ကန့်ဘလူ၊ အရာတော်နယ်တို့တွင်လည်း စစ်အုပ်စုနှင့် ဒေသခံ PDFများကြား ပစ်ခတ်မှုများရှိနေသည်။

You May Also Like

သတင်း

ယခုလ တတိယပတ်အတွင်း ကရင်နီပြည်နယ်ရှိ ဖရူဆို၊ရှားတော၊ ဒီးမော့ဆိုနှင့် ရှမ်း - ကရင်နီဒေသအစပ်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားများ အရှင်ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိထားသည်။

သတင်း

ရန်ကုန်မြို့တွင် စစ်​ကောင်စီတပ်က အရပ်ဝတ်များဖြင့်ပါလုံခြုံ​ရေးတိုးမြှင့်ထားသလို ၊​နေရာအချို့တွင် ဗုံး​တွေ့သည်ဟုဆိုကာ ​တွေ့ရာလူငယ်များကိုဖမ်းဆီးမှုများလုပ်​နေသည်။ထိုအ​ခြေအ​နေကြားမှပင် မြို့ပြ​ပြောက်ကျားအဖွဲ့က စစ်​ကောင်စီ​ပစ်မှတ်များကိုတိုက်ခိုက်​နေခြင်းဖြစ်သည်။

သတင်း

စစ်​ကောင်စီက​ဖေ​ဖော်ဝါရီ ၂၂ ရက်မှ စ၍ အရာ​တော် ၊​ရွှေဘို နှင့်ဝက်လက်မြို့နယ်တို့ကို စစ်အုပ်ချုပ်​ရေးထပ်မံ​ကြေညာခဲ့သည်။ထို​ကြောင့်စစ်ကိုင်းတိုင်းတွင် စစ်​ကောင်စီကစစ်အုပ်ချုပ်​ရေး ​ကြေညာထား​သောမြို့နယ် ၁၂ မြို့နယ် ရှိလာပြီး တစ်န်ုင်ငံလုံးတွင် ၄၇ မြို့နယ်ရှိသည်။

သတင်း

ယနေ့(ဖေဖော်ဝါရီ ၂၃)ညနေ ၃ နာရီ ၄၀ ခန့်က ညောင်လေးပင်မြို့နယ် ပုဇွန်မြောင်ကျေးရွာအတွင်း ရောက်ရှိနေသော စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ရွှေကျင်မြို့နယ်ဘက်အခြမ်းမှ ညောင်ပင်ကြီး ရွာသစ်ရှိ ဆန်စက်တစ်လုံးနှင့် လူနေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။