Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ်ကပစ်သည့်လက်နက်ကြီးကျည်ထိပြီး အဆောက်အအုံနှစ်လုံးမီးလောင်ကာပြည်သူ ၃ဦးဒဏ်ရာရ

ယနေ့(ဖေဖော်ဝါရီ ၂၃)ညနေ ၃ နာရီ ၄၀ ခန့်က ညောင်လေးပင်မြို့နယ် ပုဇွန်မြောင်ကျေးရွာအတွင်း ရောက်ရှိနေသော စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ရွှေကျင်မြို့နယ်ဘက်အခြမ်းမှ ညောင်ပင်ကြီး ရွာသစ်ရှိ ဆန်စက်တစ်လုံးနှင့် လူနေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။

(စစ်​ကောင်စီတပ်ဖွဲ့ဝင်အချိုကို ကရင်ပြည်နယ်တွင်၂၀၂၁ နှစ်ကုန်ပိုင်းက​တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ်ဖွဲ့ဝင်အချိုကို ကရင်ပြည်နယ်တွင်၂၀၂၁ နှစ်ကုန်ပိုင်းက​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

▪︎ဒဏ်ရာရအမျိုးသမီးတစ်ဦးမှာ ကြံ့ခိုင်ရေးပါတီဝင်တစ်ဦး၏ သမီးဖြစ်

ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်တွင် ကျေးရွာများအား ဝင်ရောက်လုယက်သောင်းကျန်းနေသည့် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်ကျရောက်ပြီး အဆောက်အအုံနှစ်လုံးမီးလောင်းဆုံးရှုံးကာ အမျိုးသမီးသုံးဦးထိခိုက်ဒဏ်ရာရသွားကြောင်း ဒေသခံများက People’s Spring သတင်းဌာနသို့ ပြောသည်။

ယနေ့(ဖေဖော်ဝါရီ ၂၃)ညနေ ၃ နာရီ ၄၀ ခန့်က ညောင်လေးပင်မြို့နယ် ပုဇွန်မြောင်ကျေးရွာအတွင်း ရောက်ရှိနေသော စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ရွှေကျင်မြို့နယ်ဘက်အခြမ်းမှ ညောင်ပင်ကြီး ရွာသစ်ရှိ ဆန်စက်တစ်လုံးနှင့် လူနေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဆန်စက်နေအိမ်သို့ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲစဥ် ၎င်းနေရာသို့ အလယ်အပတ်ရောက်ရှိနေသော ကြံ့ခိုင်ရေးပါတီဝင် ဦးပန်းကျော်၏သမီးဖြစ်သူမှာလက်နက်ကြီးစထိမှန် ဒဏ်ရာရခဲ့ခြင်းဖြစ်ကြောင်း ဒေသ ခံများက ပြောသည်။

Public Service Announcement
Public Service Announcement

“(ဆန်စက်ပေါ်သို့) လက်နက်ကြီးကျပြီး အိမ်ပါမီး လောင်သွားတာ။ ဦးပန်းကျော်ရဲ့သမီးက ပဲနှုတ်ရင်း အဲဒီအိမ် ခဏဝင်နားတာထင်တယ်။ လက်နက်ကြီးထိပြီး ပဲခူးဆေးရုံပို့လိုက်ရတယ်”ဟု ဒေသခံတစ်ဦးက People’s Spring သို့ ပြောသည်။

ထို့အပြင် လက်နက်ကြီးကျရောက်ပွဲကွဲကာဆန်စက်နှင့် နေအိမ်မီးလောင်သည့်ဖြစ်စဥ်တွင်အခြားရွာခံနှစ်ဦးလည်း ထိခိုက်ဒဏ်ရာများရခဲ့ပြီး ၎င်းတို့နှစ်ဦးကို တော် လှန်ရေးတပ်ဖွဲ့များဖွင့်လှစ်ထားသည့်ဆေးခန်းသို့ပို့ဆောင်ကုသထားကြောင်းအထက်ပါဒေသခံက ရှင်းပြသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များ ပုဇွန်မြောင်ကျေးရွာအတွင်းဝင်ရောက်တပ်စွဲထားသောကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသောကြောင့် လူမရှိသည့်နေအိမ်များကို စစ်ကောင်စီတပ်သားများက ဖောက် ထွင်းဝင်ရောက်ကာ တန်ဖိုးရှိပစ္စည်းများအား ခိုးယူမှုရှိနေသည်ဟု ဒေသခံများက ဆိုသည်။

“ပုဇွန်မြောင်ရွာက ရွာသားတွေမရှိတော့ဘူး။ (စစ်တပ်က)အိမ်တွေဖောက်ထွင်းပြီး အနှံ့ဝင်နေတာ။ တစ်အိမ်ပြီးတစ်အိမ် ဝင်ဖောက်ထားတာလဲ ကုန်နေပြီ”ဟု ဒေသခံတစ်ဦးက ပြောသည်။

အထက်ပါ ညောင်လေးပင်မြို့နယ် ပုဇွန်မြောင်ကျေးရွာဘက်သို့ ဖေဖော်ဝါရီ ၂၁ ရက်က စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ပဲခူးခရိုင် PDF တပ်ရင်း ၃၇၀၂၊ တပ်ခွဲ ၄၊ တပ်စု ၃ မှတပ်ဖွဲ့ဝင်များကသွားရောက်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်မှ (၁၀)ဦး​ခန့်သေဆုံးခဲ့သည်။

ထို့ကြောင့် အထိနာသွားသော စစ်ကောင်စီတပ်က ယင်းနေ့နံနက်ပိုင်းတွင် လက်နက်ကြီးများဖြင့် ကျေးရွာများသို့ရမ်းသမ်း ပစ်ခတ်ခဲ့ရာ အင်းဝိုင်းကြီးကျေး ရွာဘုန်းတော်ကြီးကျောင်းမှ သိမ်ကျောင်း ဆောင်ထိ ခိုက်ပျက်ဆီး သွားပြီး ထောင်လောင်ရွာမှ နေအိမ်တစ်လုံးပေါ် လက် နက်ကြီးကျည် ကျရောက်ကာ ပြည်သူသုံးဦးထိခိုက်ဒဏ်ရာရခဲ့သည်။

You May Also Like

သတင်း

ယခုလ တတိယပတ်အတွင်း ကရင်နီပြည်နယ်ရှိ ဖရူဆို၊ရှားတော၊ ဒီးမော့ဆိုနှင့် ရှမ်း - ကရင်နီဒေသအစပ်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားများ အရှင်ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိထားသည်။

သတင်း

ရန်ကုန်မြို့တွင် စစ်​ကောင်စီတပ်က အရပ်ဝတ်များဖြင့်ပါလုံခြုံ​ရေးတိုးမြှင့်ထားသလို ၊​နေရာအချို့တွင် ဗုံး​တွေ့သည်ဟုဆိုကာ ​တွေ့ရာလူငယ်များကိုဖမ်းဆီးမှုများလုပ်​နေသည်။ထိုအ​ခြေအ​နေကြားမှပင် မြို့ပြ​ပြောက်ကျားအဖွဲ့က စစ်​ကောင်စီ​ပစ်မှတ်များကိုတိုက်ခိုက်​နေခြင်းဖြစ်သည်။

သတင်း

စစ်​ကောင်စီက​ဖေ​ဖော်ဝါရီ ၂၂ ရက်မှ စ၍ အရာ​တော် ၊​ရွှေဘို နှင့်ဝက်လက်မြို့နယ်တို့ကို စစ်အုပ်ချုပ်​ရေးထပ်မံ​ကြေညာခဲ့သည်။ထို​ကြောင့်စစ်ကိုင်းတိုင်းတွင် စစ်​ကောင်စီကစစ်အုပ်ချုပ်​ရေး ​ကြေညာထား​သောမြို့နယ် ၁၂ မြို့နယ် ရှိလာပြီး တစ်န်ုင်ငံလုံးတွင် ၄၇ မြို့နယ်ရှိသည်။

သတင်း

ယမန်နေ့(ဖေဖော်ဝါရီ ၂၂ ရက်) ညပိုင်းက ဒီပဲယင်းမြို့ပေါ်တွင် အထိုင်ချထားသော စစ်ကောင်စီတပ်များကို တာဝေးပစ် Rocket များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Northern Tigers Group(NTG)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။