Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ်က ဒီပဲယင်းမြို့နယ်ရှိ ကလေးငယ်များ၏ ကျောင်းသုံးစာအုပ်များကို ရေထဲပစ်ချဖျက်ဆီး

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဇန်နဝါရီ ၆ရက်က စိုင်ပြင်မှတဆင့် မန်ကျည်းစောက်ကျေးရွာကို ဒုတိယအကြိမ်မြောက်ထပ်မံဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၆၉ လုံးမီးလောင်ပျက်စီးခဲ့သည်။

(ရေထဲပစ်ချ ဖျက်ဆီးခံရသည့် မန်ကျည်းစောက်ကျေးရွာရှိ ပညာရေးကျောင်းသုံးစာအုပ်များ။ ဓာတ်ပုံ - CJ)
(ရေထဲပစ်ချ ဖျက်ဆီးခံရသည့် မန်ကျည်းစောက်ကျေးရွာရှိ ပညာရေးကျောင်းသုံးစာအုပ်များ။ ဓာတ်ပုံ - CJ)

အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မန်ကျည်းစောက်ကျေးရွာရှိအခြေခံပညာကျောင်းသူ၊ကျောင်းသား ကလေးငယ်များ၏ ကျောင်းသုံးစာအုပ်များကို​ရေထဲပစ်ချဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဇန်နဝါရီ ၆ရက်က စိုင်ပြင်မှတဆင့် မန်ကျည်းစောက်ကျေးရွာကို ဒုတိယအကြိမ်မြောက်ထပ်မံဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၆၉ လုံးမီးလောင်ပျက်စီးခဲ့သည်။

ထို့အပြင် ကျေးရွာရှိ အခြေခံပညာကျောင်းသားကျောင်းသူ ကလေးငယ်များ၏ ကျောင်းသုံး စာအုပ်များကို မူးဘောင်မှတဆင့် ရေထဲသို့ ပစ်ချသွားခြင်းဖြစ်ကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ၂၀၂၂ စက်တင်ဘာ ၁၆ရက်ကလည်းလက်ယက်ကုန်းကျေးရွာရှိကျေးရွာစာသင်ကျောင်းကို လေကြောင်းကပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံ ပြည်သူများ စုစုပေါင်း (၁၂)ဦးသေဆုံးခဲ့ပြီး ၅၀ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီတပ်သည် ဇန်နဝါရီ ၃ ရက်မှ ၉ ရက်အထိ ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၁၁ ရွာမှ နေအိမ်ပေါင်းရာချီ မီးရှို့ဖျက်ဆီးခဲ့သည်။

(ရေထဲပစ်ချ ဖျက်ဆီးခံရသည့် မန်ကျည်းစောက်ကျေးရွာရှိ ပညာရေးကျောင်းသုံးစာအုပ်များ။ ဓာတ်ပုံ - CJ)
(ရေထဲပစ်ချ ဖျက်ဆီးခံရသည့် မန်ကျည်းစောက်ကျေးရွာရှိ ပညာရေးကျောင်းသုံးစာအုပ်များ။ ဓာတ်ပုံ – CJ)

ထို့အပြင် ဆပ်ပြာကျင်းကျေးရွာနေအသက် (၈၄)နှစ်အရွယ် အဘိုးတစ်ဦး၊ အင်တိုင်းလေးကျေးရွာနေ အသက်(၈၅)နှစ်အရွယ် အဘိုးအိုတစ်ဦးတို့ မီးလောင်သေဆုံးပြီး ပျောက်ဆုံးနေသူများလည်း ရှိနေသည်။

“ဒီနေ့လည်း လက်နက်ကြီးနှစ်ချက်ရမ်းပစ်တယ်။ မဲသည်ရွာဘက်ကျတယ်ကြားတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဒီပဲယင်းမြို့နယ်တွင် အာဏာသိမ်းကာလတလျှောက် ဒီပဲယင်းမြို့နယ်အတွင်း နေအိမ်ပေါင်း ၄,၈၁၉ ကျော်ခန့် မီးရှို့ဖျက်ဆီးခံရပြီး မီးလောင်ဆုံးရှုံးခဲ့ရကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။

You May Also Like

သတင်း

စစ်ကောင်စီတ​ပ်သည် စဉ့်ကူးမြို့နယ် ၊စီပင်ကျွန်းရွာဟောင်းဘက်နှင့် မြစိမ်းရွာတို့တွင် နှစ်ဖွဲ့ခွဲ၍ လက်နက်ကြီး နှစ်နေရာ တပ်ဆင်ခဲ့သည်။

သတင်း

ဂန့်ဂေါမြို့နယ် နေရာအများစုတွင်လည်း စစ်ကောင်စီ၏ ကင်းထောက်လေယာဥ်များ ယခင်ကထက် အကြိမ်ရေများစွာ ပျံသန်းနေသည်ဟု Saw PDF တပ်ရင်း(၂) -YRPA ပြန်ကြားရေးတာဝန်ခံကလည်းပြောသည်။

သတင်း

စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာတွင် အိန္ဒိယနိုင်ငံ နယ်နိမိတ်အတွင်းသို့ ဗုံးတစ် လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း

တိုက်ပွဲဖြစ်ပွားချိန်အတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေ‌ဆုံးမှုများရှိနိုင်ပြီး အတည်ပြုနိုင်အောင် ဆက်လက်ဆောင်ရွက်သွားမည်ဟု YGFက ဖော်ပြသည်။