Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ညောင်လေးပင်မြို့နယ်တိုက်ပွဲစစ်ကောင်စီတပ်(၁၀)ခန့်သေပြီး PDF ရဲဘော်တစ်ဦးကျ

ယမန်နေ့(ဖေဖော်ဝါရီ ၂၁)နံနက် ၅ နာရီကျော်တွင် ညောင်လေးပင်မြို့နယ် ပုဇွန်မြောင်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ပဲခူးခရိုင် PDF တပ်ရင်း ၃၇၀၂၊ တပ်ခွဲ ၄၊ တပ်စု ၃ မှ တော်လှန် ရေးရဲဘော်များက သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း PDF တပ်ဖွဲ့များနှင့် နီးစပ်သည့်ဒေသခံသတင်းရင်းမြစ်ကပြောသည်။

(PDF တပ်ရင်း ၃၇၀၂ မှတပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-PDF)
(PDF တပ်ရင်း ၃၇၀၂ မှတပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-PDF)

▪︎စစ်တပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်၍ ပြည်သူသုံးဦး အပြင်းအထန်ဒဏ်ရာရ

ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ဖွဲ့များကြား နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများက People’s Spring သတင်းဌာနသို့ပြောကြားသည်။

ယမန်နေ့(ဖေဖော်ဝါရီ ၂၁)နံနက် ၅ နာရီကျော်တွင် ညောင်လေးပင်မြို့နယ် ပုဇွန်မြောင်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ပဲခူးခရိုင် PDF တပ်ရင်း ၃၇၀၂၊ တပ်ခွဲ ၄၊ တပ်စု ၃ မှ တော်လှန် ရေးရဲဘော်များက သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း PDF တပ်ဖွဲ့များနှင့် နီးစပ်သည့်ဒေသခံသတင်းရင်းမြစ်ကပြောသည်။

“မနက် ၅ နာရီလောက်မှာ PDF တပ်ဖွဲ့ကဝင်ရောက်တိုက်ခိုက်ရာမှာနှစ်ဖက်ထိခိုက်မှုရှိပါတယ်။PDFဖက်က တပ်သားတစ်ဦးကျဆုံးခဲ့ပါတယ်။ စကစဖက်က ၁၀ ယောက်ကျော်ကျမယ်လို့ ခန့်မှန်းပါတယ်”ဟု အဆိုပါဒေသခံကပြောသည်။

အဆိုပါ ညောင်လေးပင်မြို့နယ်တွင်း ထိတွေ့တိုက်ပွဲနှင့်စပ်လျဥ်းပြီး NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ​ဖေ​ဖောဝါရီ ၂၁ ရက်ညတွင်စစ်ရေးသတင်းအကျဥ်းချုပ်ထုတ်ပြန်ရာတွင် နှစ်ဖက်တိုက်ပွဲအတွင်း ရန်သူ့တပ်သား (၁၀)ဦးကျော်သေဆုံးကြောင်းဖော်ပြထားသည်။

တိုက်ပွဲဖြစ်ပွားပြီး ၂ နာရီခန့်အကြာ ယမန်နေ့နံနက် ၇ နာရီခန့်တွင် ရွှေကျင်ဘက်မှနေ၍ ကားနှစ်စီးဖြင့်ရောက်ရှိလာသော စစ်ကောင်စီတပ်က အင်းဝိုင်းကြီးနှင့် ပုဇွန်မြောင်ရွာကြားတွင်ခေတ္တအထိုင်ချပြီး ကွင်းဒလကြီး၊ သက္ကယ်ကုန်း၊ မှော်ဗျား၊ အင်းဝိုင်ကြီး၊ ကွင်းဒလလေး၊ ထောင်လောင်စသည့် ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ဒေသခံများက​ပြောသည်။

အဆိုပါ လက်နက်ကြီးပစ်ခတ်မှုများကြောင့် အင်းဝိုင်းကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ သိမ်ကျောင်း ဆောင်ထိခိုက်ပျက်ဆီးသွားပြီး ထောင်လောင်ရွာမှ နေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ထောင်လောင်ကျေးရွှာမှ အမျိုးသမီးတစ်ဦးကျောကုန်းဒဏ်ရာပြင်းထန်၊ အမျိုးသားတစ်ဉီးခြေထောက်တစ်ဖက်စတီးရိုးထည့်ထားရ၊ အမျိုးသားတစ်ဉီးလက်မောင်းထိ ခိုက်မစိုးရိမ်ရ ဒဏ်ရာတွေရခဲ့ပါတယ်။ ခုလက်ရှိသုံးယောက်စလုံး ပဲခူးဆေးရုံတက်ရောက်ကုသနေရပါတယ်။ သုံးဦးသေတယ်ဆိုတာ မဟုတ်ပါဘူး”ဟု ညောင်လေးပင်မြို့နယ်မှ ဒေသခံတစ်ဦးက People’s Spring သို့ ပြောသည်။

လက်ရှိအခြေအနေတွင် တိုက်ပွဲဖြစ်ပွားရာအနီးဝန်းကျင်ကျေးရွာများဖြစ်သော ညောင်ပင်ကြီး၊ အင်းဝိုင်းကြီး၊ ကွင်းဒလကြီး၊ ကွင်းဒလလေး၊ ပုဇွန်မြောင် စသည့်ကျေး ရွာများမှ ဒေသခံပြည်သူအချို့ ဘေးလွတ်ရာရှောင်နေသူများရှိသလို ကျေးရွာများအတွင်း ကျန်ရှိနေသူများမှာ စိုးရိမ်ထိတ်လန့်မှုများရှိနေကြကြောင်း စုံစမ်းသိရသည်။

Facebook

You May Also Like

သတင်း

ဖေဖော်ဝါရီ ၁၉ ရက်က ရှမ်း-ကရင်နီ နယ်စပ်တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်သား ငါးဦးဖမ်းဆီးရမိပြီး ခြောက်ဦးသေဆုံးကြောင်းနှင့်အတူ လက်နက်မျိုးစုံ(၁၀)လက်နှင့် ကျည်ဆံ၊ ခဲယမ်းများ ကို ကရင်နီတပ်မတော် KAက သိမ်းဆည်းရရှိခဲ့သည်။

သတင်း

သေဆုံးသွားတဲ့ ပျုစောထီးတပ်ဖွဲ့ဝင်ထံက နေ စစ်ကောင်စီတပ်ဆင်ပေးထားတဲ့ ကာဘိုင်သေနတ်ကိုသိမ်းဆည်းရမိတယ်လို့ မြနန္ဒာ စစ်ဆင်ရေးက ဆိုပါတယ်။

သတင်း

အဆိုပါတိုက်ပွဲအတွင်း ကဒဲကျေးရွာမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်ကြရာ ပြစ်ချက် အမျိုးမျိုးဖြင့် ထိန်းသိမ်းထားသော စစ်ကောင်စီထောက်တိုင်များအား စစ်တပ်ကတွေ့ရှိသွားပြီး ဖမ်းဆီးထားရာမှ ပြန်လွှတ်ပေးခဲ့သည်။

သတင်း

ဖေဖော်ဝါရီ ၁၉ရက် နံနက်ပိုင်းက မြစ်သားမြို့နယ်၊ ကူမဲမြို့ရှိ လုပ်ငန်းရှင် ၁ဝ ဦးခန့်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး အသက် (၅၀)အရွယ် ဦးကျော်မိုးမှာ ညနေပိုင်းတွင် စစ်ကြောရေး၌ သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။