Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီ၏ နယ်စပ်မှ ဆန်စပါးတင်ပို့ခွင့်မူဝါဒသစ် လုပ်ငန်းရှင်များကိုအခက်​တွေ့​စေ

နိုင်ငံတော်အာဏာကို စစ်တပ်က အဓမ္မသိမ်းယူပြီးနောက် နိုင်ငံခြားသုံးငွေလိုအပ်ချက် မြင့်တက်လာသည့် စစ်အုပ်စုအတွက် နိုင်ငံခြားငွေရရှိရေးကို နည်းမျိုးစုံ အသုံးပြု၍ လုပ်ငန်းရှင်များကို ဖိအား​ပေး​နေခြင်းဖြစ်သည်။

(​ဒေါ်လာအမြဲလို​နေ​သောစစ်ကောင်စီက ပြည်ပပို့ကုန်များအ​ပေါ် တစ်ဖက်သတ်မူဝါဒများချမှတ်၍ ​ဒေါ်လာရရန် မူဝါဒအမျိုးမျိုးချမှတ်​နေသည်။ဓါတ်ပုံ-MBT)
(​ဒေါ်လာအမြဲလို​နေ​သောစစ်ကောင်စီက ပြည်ပပို့ကုန်များအ​ပေါ် တစ်ဖက်သတ်မူဝါဒများချမှတ်၍ ​ဒေါ်လာရရန် မူဝါဒအမျိုးမျိုးချမှတ်​နေသည်။ဓါတ်ပုံ-MBT)

နယ်စပ်မှဆန်နှင့် ဆန်ထွက်ပစ္စည်းတင်ပို့မှုအပါ် စစ်​ကောင်စီ၏ မူဝါဒအသစ်သည် ဆန်ပြည်ပတင်ပို့​သောကုန်သည်များကို အခက်​တွေ့​စေပြီးဆန်တင်ပို့မှု​လျော့ကျ​စေလာနိုင်​ကြောင်းဆန်ကုန်သည်များက​ပြောသည်။

ဆန်နှင့်ဆန်ထွက်ပစ္စည်းများကိုနယ်စပ်မှ ပြည်ပတင်ပို့ရာတွင်ရရှိသည့် နိုင်ငံခြားငွေ ၆၅ ရာခိုင်နှုန်းကို လာမည့် မတ်လ ၁ ရက်မှစ၍ စစ်ကောင်စီသတ်မှတ်သည့် နှုန်းအတိုင်း လဲလှယ်ရမည်ဟု စစ်ကောင်စီ၏ ကုန်သွယ်ရေးဦးစီးဌာနက ဖေဖော်ဝါရီ ၂၃ ရက်စွဲဖြင့်ထုတ်ပြန်ခဲ့သည်။

ယခင်က နယ်စပ်မှ ပြည်ပကို ဆန်တင်ပို့ရာတွင် ရရှိသည့် ပို့ကုန်ရငွေဖြစ်​သောနိုင်ငံခြားငွေများကို ကျပ်​ငွေလဲလှယ်ရန်မလိုဘဲ အပြည့်အဝ သုံးစွဲခွင့်ရနေရာမှယခုအခါ အထက်ပါအတိုင်း မဖြစ်မ​နေလဲရန် ယဖိအားပးလာခြင်းဖြစ်သည်။

“ဆန်တင်ပို့တဲ့သူတွေ အခက်အခဲဖြစ်လာနိုင်တယ်။ တင်ပို့မှာက တဖြေးဖြေးနဲ့ လျော့ကျသွားမယ်။ ဘယ်သူမှ အရှုံးခံပြီးပို့မှာ မဟုတ်ဘူး။ ဆန်ကို ဈေးကွက်ပေါက်ဈေးအတိုင်းဝယ်ပြီး ပြည်ပတင်ပို့ရင် ဈေးအနှိမ့်ခံပြီးပို့ရတာဖြစ်သွားတယ်”ဟု ဆန်ပြည်ပတင်ပို့နေသည့်လုပ်ငန်းရှင်တစ်ဦးကပြောသည်။

ပြည်ပတင်ပို့မှုလျော့ကျမည်ဖြစ်သောကြောင့် တောင်သူများအတွက်လည်းဈေးကောင်း မရနိုင်တော့ကြောင်း ၎င်းကဆက်​ပြောသည်။

ပြင်ပပေါက်ဈေး၌ တစ်ဒေါ်လာကို ၂၈၅၀ကျပ်ရှိနေချိန်တွင် စစ်ကောင်စီဗဟိုဘဏ်က ပို့ကုန်လုပ်ငန်းရှင်များ၏ ရငွေများ၏ ၆၅ ရာခိုင်နှုန်းကို တစ်ဒေါ်လာ ၂၁၀၀ ကျပ်ဖြင့်သာ အတင်းအဓမ္မဝယ်ယူခြင်းဖြစ်သည်ဟု ဆန်ကုန်သည်တစ်ဦးကပြောသည်။

“မူဝါဒတစ်ခုကို ပါဝင်ပတ်သတ်တွေကို မဆွေးနွေးမတိုင်ပင်ပဲ။ စာထုတ်ပြီး မကြာခဏပြောင်းလဲနေတာ လုပ်ငန်းရှင်တွေအတွက် ထိခိုက်နစ်နာမှုတွေအများကြီးဖြစ်စေတယ်”ဟု ၎င်းက​ပြောသည်။

စစ်ပွဲများအတွက် လက်နက်နှင့် ​လေယာဥ်ဆီဝယ်ယုရန် ​ဒေါ်လာ အမြဲလို​နေ​သော စစ်ကောင်စီက ဆန်စပါးသာမကလယ်ယာထွက်ကုန်ဖြစ်သည့် ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ပြောင်း၊ ရော်ဘာနှင့် ရေထွက်ကုန်ပစ္စည်းကိုလည်း ပြည်ပတင်ပို့ရာတွင် နိုင်ငံခြားရငွေ ၆၅ ရာခိုင်နှုန်းကိုလည်း စစ်ကောင်စီသတ်မှတ်နှုန်းအတိုင်းမဖြစ်မ​နေရောင်းရမည်ဟုဖိအား​ပေး​နေခြင်းဖြစ်သည်။

စစ်ကောင်စီကမူ ပို့ကုန်တင်ပို့မှုဆောင်ရွက်ရာတွင်ကုန်စည်အလိုက် မျှတမှုရှိစေရန်နှင့်ပြည်ပကို တင်ပို့သည့် အဓိက ပို့ကုန်ပစ္စည်းများအပေါ် တပြေးညီကျင့်သုံးရန် လုပ်ဆောင်ရန်အတွက်ဟု အ​ကြောင်းပြထားသည်။ သို့သော်လည်း ပို့ကုန်လုပ်ငန်းရှင်နှင့်စီးပွားရေးလုပ်ငန်းရှင်များက စစ်ကောင်စီက အစိုးရအမည်ခံပြီး အဓမ္မဓားမြတိုက်ခြင်းသာဖြစ်သည်ဟု​ပြောသည်။

နိုင်ငံတော်အာဏာကို စစ်တပ်က အဓမ္မသိမ်းယူပြီးနောက် နိုင်ငံခြားသုံးငွေလိုအပ်ချက် မြင့်တက်လာသည့် စစ်အုပ်စုအတွက် နိုင်ငံခြားငွေရရှိရေးကို နည်းမျိုးစုံ အသုံးပြု၍ လုပ်ငန်းရှင်များကို ဖိအား​ပေး​နေခြင်းဖြစ်သည်။

You May Also Like

သတင်း

စစ်ကောင်စီရဟတ်ယာဉ်သည် မန်ကျည်းကန်၊ ရွာသစ်ကုန်းရွာနှင့် အုတ်ဖိုရွာတို့ကိုလည်း ရမ်းသမ်းပစ်ခတ်သွားသည်ဟု အောင်ဆန်းသွေးပြောက်ကျားတပ်ဖွဲ့က​ပြောသည်။

သတင်း

ပုလဲမြို့နယ်ဘက်မှ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သား အင်အား ၁၀၀ခန့်သည် ဖေဖော်ဝါရီ ၂၂ ရက်မှစတင်ကာ ယင်းမာပင်မြို့နယ်အတွင်းသို့ ရောက်ရှိလာပြီး အထက်ငါးနန်းကျေးရွာအတွင်းသို့ သေနတ်များ ရမ်းသမ်းပစ်ခတ်ဝင်ရောက်ခဲ့သည်။

သတင်း

KNLA၊BPLA၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နှင့် Force for Federal Democracy(FFD) တို့ပါဝင်သော မဟာမိတ်ပူးပေါင်းအဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

သတင်း

KNUနှင့် စစ်ကောင်စီတပ်တို့ အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲပေါင်း ရှစ်ထောင်ကျော်ဖြစ်ခဲ့သော်လည်း တပ်မဟာ(၇)နယ်မြေ၌ တိုက်ပွဲဖြစ်ပွားမှု လုံး၀မရှိခဲပေ။