Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အကြမ်းဖက်မှုပုဒ်မဖြင့်ဖမ်းဆီးထားသည့် ကလေးခရိုင်မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာအားပြည်သူ့ရဲတပ်ဖွဲ့က တရားရုံးတင်စစ်ဆေးတော့မည်

ထွန်းထွန်းနိုင်သည် အသက်(၄၇)နှစ်အရွယ်ရှိပြီး ကလေးခရိုင်အတွင်း စစ်ကောင်စီ၏ အကြီးစားထောက်တိုင်တစ်ဦးဖြစ်ကြောင်းလည်း ဒေသခံများက ပြောသည်။

အကြမ်းဖက်မှုပုဒ်မဖြင့်ဖမ်းဆီးထားသည့် ကလေးခရိုင်မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာအားပြည်သူ့ရဲတပ်ဖွဲ့က တရားရုံးတင်စစ်ဆေးတော့မည်
အကြမ်းဖက်မှုပုဒ်မဖြင့်ဖမ်းဆီးထားသည့် ကလေးခရိုင်မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာအားပြည်သူ့ရဲတပ်ဖွဲ့က တရားရုံးတင်စစ်ဆေးတော့မည်

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် ဖမ်းဆီးအမှုဖွင့်ထားသည့် ကလေးခရိုင်မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ထွန်းထွန်းနိုင်အား တရားရုံးတင်စစ်ဆေးတော့မည်ဟု ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ (တောင်ပိုင်း)ထံမှ သတင်းရရှိသည်။

စစ်ကောင်စီလက်အောက်ခံ ကလေးခရိုင်မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ထွန်းထွန်းနိုင်နှင့် အငယ်တန်းစာရေး ငြိမ်းခန့်ဇော်ကို ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက် BMB KTVတွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၀ရက် နေ့လည်က PDF Kalay တပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲချုပ်ရုံး၏ ညွှန်ကြားချက်အရ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)ဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

ယခုလတ်တလော စစ်ဆေးမှုအခြေအနေကို ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့(တောင်ပိုင်း)တာဝန်ခံရဲအရာရှိထံ ဆက်သွယ်မေးမြန်းရာ “ရဲစစ်၊ ရုံးစစ်ဆိုပြီးရှိတယ်။ အခုက ရဲစစ်ပြီးပြီ။ တရားရုံးစစ်ဆေးမှုလုပ်မယ်အပိုင်းရောက်ပါပြီ”ဟု ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့(တောင်ပိုင်း) တာဝန်ခံရဲအရာရှိက ပြောသည်။

ဖမ်းဆီးခဲ့စဉ်က ထွန်းထွန်းနိုင်နှင့် ငြိမ်းခန့်ဇော်အပြင် တပ်ကြပ်မင်း​ဇော်ဦးဆိုသူလည်း ပါဝင်သည်။၎င်းတို့သုံးဦးအား တပ်ဖွဲ့ထိန်းချုပ်ရာနယ်မြေသို့ ခေါ်ဆောင်စဉ် တပ်ကြပ်မင်းဇော်ဦးက ပြန်ခုခံ၍ အသေပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

ထွန်းထွန်းနိုင်သည် အသက်(၄၇)နှစ်အရွယ်ရှိပြီး ကလေးခရိုင်အတွင်း စစ်ကောင်စီ၏ အကြီးစားထောက်တိုင်တစ်ဦးဖြစ်ကြောင်းလည်း ဒေသခံများက ပြောသည်။

ထွန်းထွန်းနိုင်တို့ကို ကျန်းမာရေးစောင့်ရှောက်မှုအပြည့်အဝပေးထားပြီး စစ်ဆေးချက်အနေများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနသို့ တင်ပြထားကြောင်း ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့(တောင်ပိုင်း) တာဝန်ခံရဲအရာရှိက People’s Springသို့ ပြောသည်။

You May Also Like

သတင်း

မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force)တပ်ရင်း - ၂၊ တပ်ရင်း ၃၊ တပ်ရင်း - ၄ တို့၏ တပ်ရင်းတပ်ဖွဲ့တပ်ခွဲများ ထိုးစစ်တိုက်နေ၍ အရေးပေါ်လက်နက်ခဲယမ်းများလိုအပ်နေကြောင်း Chindwin Attack Force က အသိပေးသည်။

သတင်း

ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၉နာရီ ၅၀မိနစ်တွင် မန္တလေးတိုင်းလွှတ်တော်ရုံးကို အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဒဏ်ရာရကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

သတင်း

အဲဒီဆေးရုံတွေဟာ CDM တွေကိုအလုပ်ပေးတယ်ဆိုတဲ့စွပ်စွဲချက်နဲ့စစ်ကောင်စီက ပိတ်ခိုင်းထားတာလို့လည်းစုံစမ်းသိရပါတယ်။

နိုင်ငံတကာ

ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်ကလည်း ဘရာဇီး ပြည်သူတွေနဲ့ ဒီမိုကရေစီ စနစ်အပေါ် လေးစားမှုရှိဖို့ တောင်းဆိုခဲ့ပြီး လူလာကို အစွမ်းကုန် ထောက်ခံ အားပေးသွားမယ်လို့ ကတိပြုခဲ့ပါတယ်။