Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကန့်ဘလူမြို့နယ်​​တွင် ပျူများထောင်ထားသည့်မိုင်းပေါက်ကွဲ၍ ပြည်သူငါးဦးဒဏ်ရာရ

မိုင်းထိမှန်ဒဏ်ရာရသူ ငါးဦးအနက် တစ်ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရသည့်အ​ခြေအ​နနေတွင်ရှိနေသည်ဟု ဒေသတွင်း တော်လှန်ရေးသတင်းများဖော်ပြနေသည့် Infinity Group က ထုတ်ပြန်ထားသည်။

ကန့်ဘလူမြို့နယ်​​တွင် ပျူများထောင်ထားသည့်မိုင်းပေါက်ကွဲ၍ ပြည်သူငါးဦးဒဏ်ရာရ
ကန့်ဘလူမြို့နယ်​​တွင် ပျူများထောင်ထားသည့်မိုင်းပေါက်ကွဲ၍ ပြည်သူငါးဦးဒဏ်ရာရ

ကန့်ဘလူမြို့နယ်​ ​ညောင်ဇင်ကျေးရွာလမ်းတွင် ပျူစောထီးများထောင်ထားသည့်မိုင်း ယနေ့နံနက်အစောပိုင်းက ပေါက်ကွဲခဲ့ရာ ပြည်သူငါးဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ညောင်ဇင်ရွာလမ်းဆုံတွင် ယ​နေ့ နံနက် ၅နာရီခွဲခန့်က မိုင်းပေါက်ကွဲမှုဖြစ်ခဲ့ခြင်း ဖြစ်သည်။

“ဈေးလိုက်ရောင်းတဲ့သူတွေရော ဒေသခံတွေပါ မိုင်းထိတာပါ။ အဲ့ဒီနေရာက ပျုစောထီးတွေရှိတဲ့နေရာပါ။ ပျူစောထီးတွေ ထောင်ထားတဲ့မိုင်းပါ။ ကျွန်တော်တို့သိပါတယ်”ဟု ညောင်ဇင်ရွာအနီးမှ ထန်းကုန်းရွာ ဒေသခံတစ်ဦးက People’s Springသို့ ပြောသည်။

မိုင်းထိမှန်ဒဏ်ရာရသူ ငါးဦးအနက် တစ်ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရသည့်အ​ခြေအ​နနေတွင်ရှိနေသည်ဟု ဒေသတွင်း တော်လှန်ရေးသတင်းများဖော်ပြနေသည့် Infinity Group က ထုတ်ပြန်ထားသည်။

Public Service Announcement
Public Service Announcement

မိုင်းထိမှန်ထားသူများသည် ညောင်ဇင်ရွာသို့ ​ကာဘိုးရွာဘက်မှ ဆိုင်ကယ်ဖြင့် ဈေးလာ​ရောင်းသည့် ​ဈေးသည်လင်မယားနှင့်ရွာထဲမှ အရပ်သားပြည်သူ သုံး ဦးတို့ဖြစ်ပြီး ငါး ဦးစလုံးသည် ​ကျေးရွာ အဝင်အထွက်လမ်းများ၌ မိုင်းထိမှန်ခဲ့သည်ဟု Infinity Group က ဆိုသည်။

“ပြည်သူတွေ မိုင်းထိတာ ဟုတ်ပါတယ်။ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရန်ကိုကြောက်ပြီးတော့ ပျူခွေးတွေထောင်ထားတဲ့မိုင်းပါ။ ကျွန်တော်တို့တွေက စကစလမ်းကြောင်းမှာ ထောင်ခဲ့ပြီး အကယ်၍ မစ်ရှင်မဖြစ်ခဲ့ရင် ပြန်ဖြုတ်သိမ်းပါတယ်”ဟု ကန့်ဘလူမြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးက ပြောသည်။

ကန့်ဘလူမြို့နယ်အတွင်း ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ရက်က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်။ မြေမွန်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က ၁၅ဦးထက်မနည်းသေဆုံးကာ ဒဏ်ရာအပြင်းအထန်ရသွားသည် စစ်ကြောင်းမှူးကို ရဟတ်ယာဥ်ဖြင့်လာရောက်ခေါ်ဆောင်သွားသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

You May Also Like

သတင်း

အဆိုပါ အရာတော်တောင်ပိုင်းသို့ ရောက်ရှိနေသည့်စစ်ကြောင်းနှစ်ခုတွင် မလဲသာ၊ ကန်ရင်းစသည့်ကျေးရွာများ၌ အထိုင်ချထားသည့်စစ်ကြောင်းသည် ရဟတ်ယာဥ်ဖြင့် လေးကြိမ်ချပေးခဲ့သော အင်အား ၁၂၀ခန့်ပါ စစ်ကြောင်းနှင့် မင်းရွာကြီး၌ အထိုင်ချထားသော စစ်ကြောင်းမှာ အင်အား ၇၀ကျော်ရှိနိုင်သည်ဟု ၎င်း ပ.က.ဖ တာဝန်ရှိသူက ဆက်ပြောသည်။

သတင်း

ရေစကြိုမြို့နှင့် ၅မိုင်ခန့်အကွာ၊ စစ်ကောင်စီ၏ ခလရ (၂၅၆)၊ (၂၅၇)၊(၂၅၈) တပ်ရင်းများနှင့် မိုင်အနည်းငယ်သာကွာသည့် ဇီးတောပျူစောထီးစခန်းကို ယနေ့(ဖေဖော်ဝါရီ ၂၄ရက်) နံနက် အစောပိုင်း၌ တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ဆိုသည်။

သတင်း

ဖေဖော်ဝါရီ ၁၉ရက် နံနက်ပိုင်းက မြစ်သားမြို့နယ်၊ ကူမဲမြို့ရှိ လုပ်ငန်းရှင် ၁ဝ ဦးခန့်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး အသက် (၅၀)အရွယ် ဦးကျော်မိုးမှာ ညနေပိုင်းတွင် စစ်ကြောရေး၌ သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

သတင်း

ဖေဖော်ဝါရီ ၁၉ ရက်တွင် ကန့်ဘလူမြို့နယ် မြေမွန်ကျေးရွာအား စစ်ကောင်စီတပ်မှ အင်အား ၈၀ခန့်ဖြင့် မီးရှို့ခဲ့ရာ နေအိမ် ၂၁၈လုံး မီးလောင် ပျက်စီးခဲ့သည်ဟု မြေပြင်သတင်းပေးပို့ချက်ရရှိကြောင်း ဖော်ပြသည်။