Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရှားတောမြို့ စစ်ကောင်စီဗျူဟာကုန်းရိက္ခာသယ်ယာဥ် တိုက်ခိုက်ခံရပြီး ၅ဦးသေ၊ အများအပြားဒဏ်ရာရ

စစ်ကောင်စီတပ်သည် ကရင်နီနယ်ရှိ နယ်စပ်စခန်းများသို့ ရိက္ခာပို့ဆောင်ရန် ရှမ်းအခြေစိုက် တပ်များကို အသုံးပြုနေရကြောင်း၊ စစ်ကောင်စီတပ်များ စစ်ရေးလှုပ်ရှားပါက ကရင်နီတပ်နှင့် တိုက်ပွဲဆက်လက်ဖြစ်နေမည်ဖြစ်ကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခူညေးရယ်က ယမန်နေ့တွင် ပြောကြားထားသည်။

ကရင်နီတပ်မတော်(KA)ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တစ်ဦး စနိုက်ပါဖြင့် ပစ်ခတ်ရန်ချိန်ရွယ်နေစဥ်၊
ကရင်နီတပ်မတော်(KA)ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တစ်ဦး စနိုက်ပါဖြင့် ပစ်ခတ်ရန်ချိန်ရွယ်နေစဥ်၊

ကရင်နီ(ကယား)ပြည်နယ် ရှားတောမြို့ရှိ စစ်ကောင်စီ ဗျူဟာကုန်းသို့ ရိက္ခာပို့ဆောင်သည့် စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော်(KA)ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၅ဦးသေဆုံးပြီး အများအပြားဒဏ်ရာရခဲ့ကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့(KMIC)က ပြောသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၂၆ရက်) နံနက်အစောပိုင်းတွင် ရှားတောမြို့၏ အရှေ့ဖက်(၉)မိုင်ခန့်အကွာရှိ သံလွင်မြစ်ကမ်းခြေ တာတမောစခန်းမှ ရှားတောမြို့ဗျူဟာကုန်းသို့ လူထုပိုင်မော်တော်ယာဉ်ငယ်များဖြင့် သယ်ဆောင်နေစဉ် ရှားတောမြို့နှင့် စလောင်းကျေးရွာအကြား ချောင်းဆုံတနေရာအရောက်၌ ကရင်နီတပ်မတော်(KA) နှင့် KNDF ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုမှာ ၁နာရီကြာမြင့်ခဲ့ပြီး ရိက္ခာယာဉ်တန်း၌ ပါလာသည့် စစ်ကောင်စီတပ်ဘက်မှ ၅ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြသည်။ စစ်ကောင်စီ၏ လမ်းကင်း လုံခြုံရေးက လက်နက်ကြီးဖြင့် ပစ်ကူပေး၍ ကရင်နီတပ်မတော် စစ်သည်တစ်ဦး ဒဏ်ရာရခဲ့ကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်သည်။

“တာတမောစခန်းက မြစ်ကမ်းဘေးမှာရှိတယ်။ရှမ်းပြည်ဘက်ကနေ မြစ်ကြောင်းအတိုင်း ရိက္ခာတွေသယ်ပြီး အဲဒီကနေတဆင့် ရှားတော ဗျူဟာကုန်းကို ကားနဲ့ ပြန်သယ်တာကို သတင်းရလို့ ကြားဖြတ်တိုက်တာ။ကားတစ်စီးက လုံးလုံးပျက်စီးတယ်။ကားပေါ်ပါတဲ့ စစ်သားငါးယောက်သေတယ်”ဟု ကရင်နီတပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူက ရှင်းပြသည်။

စစ်ကောင်စီတပ်သည် လွိုင်ကော်မှရှားတောဒေသနယ်စပ်စခန်းများသို့ စစ်ရိက္ခာနှင့် လက်နက်ခဲယမ်း များပို့ဆောင်ရန် အခက်အခဲများကြုံနေရ၍ ရှမ်းပြည်ဖက်မှ သံလွင်မြစ်အတိုင်း စက်လှေငယ်များဖြင့် စုံဆင်းကာ ရှားတောမြို့နယ်၊ တာတမောစခန်းတွင် စုပုံထားရှိပြီး ယခုကဲ့သို့ ရှားတော့သို့ ထပ်ဆင့်သယ် ဆောင်ခြင်းဖြစ်သည်ဟုဆိုသည်။

ရှားတောမြို့နယ်အတွင်းတွင် ဒေသကွပ်ကဲမှု စစ်ဌာနချူပ်လက်အောက်ခံ ခမရ(၄၂၈)နှင့် ရှမ်းပြည်ဘက်မှ ဆင်းလာသော ခမရ(၅၁၀)ကို ပူးပေါင်း၍ လှုပ်ရှားနေလျက်ပြီး ဖြစ်စဉ်အတွင်းတွင် ရိက္ခာယာဉ်တန်းပေါ်ပါ စစ်ကောင်စီတပ်ဖက်မှ (၅)ဦးသေဆုံးကြောင်း၊ အများအပြားဒဏ်ရာရရှိသွားကြောင်းနှင့် လမ်းကင်းလုံခြုံရေး ယူပေးသော စစ်ကောင်စီတပ်မှ (၈၁)မမ လက်နက်ကြီးကျည်များ ပစ်ကူမှုပြုသဖြင့် ကရင်နီတပ်မတော် စစ်သည်တစ်ဦး၏ ခြေသလုံးကျည်စထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဝေးလံခေါင်ဖျားသည့် ရှေ့တန်းတပ်စခန်းများသို့ ရိက္ခာပို့ဆောင်ရန်စီစဉ်နေသော စစ်ကောင်စီတပ်များကို ကရင်နီတပ်များက ယခုရက်ပိုင်းအတွင်း ဖြတ်တောက်တိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်ခဲ့ရာ မကြာသေးမီကလည်း မယ်စဲ့ရှိ ရှေ့တန်းစခန်းသို့ ရိက္ခာပို့သော စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၆ဦးသေဆုံးကာ အရာရှိ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ဦး အရှင်ဖမ်းဆီးခံခဲ့ရသည်။

မြေပြင်မှ ကြားဖြတ်တိုက်ခိုက်ခံရ၍ လေကြောင်းမှတဆင့် ရိက္ခာပို့ဆောင်ရာတွင်လည်း ဖေဖော်ဝါရီ ၂၄ရက်တွင် ကရင်နီတပ်၏မြေပြင်မှ ပစ်ခတ်မှုကြောင့် စစ်ကောင်စီရဟတ်ယာဉ် နောက်ကြောင်း ပြန်လှည့်သွားရသည်။

ခမရ(၅၁၀)တပ်ရင်းသည် ရှမ်းပြည်တောင်ပိုင်း ကျိုင်းခမ်းမြို့တွင် အခြေစိုက်သည့်တပ်ရင်းတစ်ခုဖြစ်ပြီး လိုအပ်မှုအရ အရှေ့ပိုင်းတိုင်းစစ်ဌါနချူပ်(ရပခ)၏ တိုက်ရိုက်ကွပ်ကဲမှုဖြင့် ကရင်နီပြည်နယ်၊ ရှားတောမြို့နယ်အတွင်း ဒကစလက်အောက်ခံတပ်ရင်းနှင့် ပူးတွဲလှုပ်ရှားနေသည်။

စစ်ကောင်စီတပ်သည် ကရင်နီနယ်ရှိ နယ်စပ်စခန်းများသို့ ရိက္ခာပို့ဆောင်ရန် ရှမ်းအခြေစိုက် တပ်များကို အသုံးပြုနေရကြောင်း၊ စစ်ကောင်စီတပ်များ စစ်ရေးလှုပ်ရှားပါက ကရင်နီတပ်နှင့် တိုက်ပွဲဆက်လက်ဖြစ်နေမည်ဖြစ်ကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခူညေးရယ်က ယမန်နေ့တွင် ပြောကြားထားသည်။

အလားတူ ဖေဖော်ဝါရီ ၂၄ ရက်ကလည်း ကရင်နီပြည်နယ် ရှားတောမြို့နယ် မြန်မာ-ထိုင်းနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကရင်နီတပ်မတော် (KA)က ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့သည်။

You May Also Like

သတင်း

ဖေဖော်ဝါရီ ၂၅ ရက် ည ၁၁ နာရီခန့်က အလယ်သောင်ကျေးရွာအုပ်စု၊ ဂွက်ကြီးကျေးရွာတွင် စခန်းအထိုင်ချရန် စစ်ကောင်စီတပ်ထံ တောင်းဆိုထားသော ပျူစောထီးခေါင်းဆောင်ဟုဆိုသူ အမျိုးသားသုံးဦးနှင့် အမျိုးသမီးနှစ်ဦးကို ၎င်းတို့နေအိမ်များသို့သွားရောက်၍ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

အင်အား(၈၀)ဝန်းကျင်စီရှိ​သည့်စစ်ကောင်စီစစ်ကြောင်းနှစ်​ကြောင်းသည် ဖေဖော်ဝါရီ ၂၄ ရက် မနက်ကတည်းက ကျေးရွာများကို စစ်ကြောင်းထိုးနေပြီး ရွာသားနှစ်ဦးကိုလည်း ဖမ်းဆီးထားကြောင်း ဒေသခံများကပြောသည်။

သတင်း

စစ်ကောင်စီတပ်သည် မုံရွာ - ပုသိမ်လမ်းပေါ်ရှိ ခရီးသွားပြည်သူများ၏ ယာဥ်များကိုလည်း တားဆီးစစ်ဆေးခဲ့ကြောင်း ဒေသခံများက ပြောသည်။

သတင်း

တရားမဝင်အာဏာသိမ််းစစ်ကောင််စီကို အသိအမှတ်မပြုဘဲ သံတမန်ဆက်ဆံရေး အဆင့်လျှော့ချထားသည့် နိုင်ငံများထဲတွင် ပါဝင်သော ဗြိတိန်သည်် သံအမတ်အဆင့် ခန့်အပ်ခြင်းမပြုဘဲ ယာယီသံရုံး တာ၀န်ခံသာ ထားရှိခြင်းဖြစ်သည်။