Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဂျပန်က မြန်မာအတွက်လူသားချင်းစာနာမှုအကူအညီဒေါ်လာ ၄၇ သန်းကျော်ပေး UNအဖွဲ့အစည်းများမှတစ်ဆင့်​​ပေးအပ်မည်

မြန်မာပြည်သူများအတွက် ဂျပန်အစိုးရ ပေးအပ်မည့် ဒေါ်လာ ၄၇ သန်းကျော်မှာ နိုင်ငံတကာအဖွဲ့အစည်းများနှင့် NGO များမှတဆင့် ပြည်သူများထံ တိုက်ရိုက်အကျိိုးရှိိရန် ဖြစ်ကြောင်း ဖော်ပြသည်။

(စစ်​ကောင်စီတပ် က​ကျေးရွာများကိုမီးရှို့ ၊ပြည်သူများကိုဖမ်းဆီး သတ်ဖြတ်အကြမ်းဖက်မှုများ​ကြောင့်ထွက်​ပြေးတိမ်း​ရှောင်​နေကြ​သော အညာ​ဒေသမှ စစ်​ဘေးဒုက္ခသည်များ။ ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ် က​ကျေးရွာများကိုမီးရှို့ ၊ပြည်သူများကိုဖမ်းဆီး သတ်ဖြတ်အကြမ်းဖက်မှုများ​ကြောင့်ထွက်​ပြေးတိမ်း​ရှောင်​နေကြ​သော အညာ​ဒေသမှ စစ်​ဘေးဒုက္ခသည်များ။ ဓါတ်ပုံ-CJ)

စစ်တပ်အာဏာသိမ်းချိန်မှစ၍ လူသားချင်းစာနာမှုအကူအညီလိုအပ်နေသည့် မြန်မာပြည်သူများအတွက် ဂျပန်အစိုးရက အမေရိကန်ဒေါ်လာ ၄၇ သန်းကျော် ပံ့ပိုးကူညီမည်ဟု ဖေဖော်ဝါရီ ၂၈ တွင်ထုတ်ပြန်ကြေညာသည်။

မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းမှု ၂ နှစ်ကျော်လာချိန်အထိိ နိုင်ငံ၏ နေရာအနှံ့အပြားတွင် အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေပြီး အကျိုးရလဒ်အနေဖြင့် လူသားချင်းစာနာမှုအခြေအနေမှာ ပိုမို ဆက်လက်ဆိိုးရွာလာကြောင်း ဂျပန်နိိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြသည်။

(စစ်​ကောင်စီတပ် က​ကျေးရွာများကိုမီးရှို့ ၊ပြည်သူများကိုဖမ်းဆီး သတ်ဖြတ်အကြမ်းဖက်မှုများ​ကြောင့်ထွက်​ပြေးတိမ်း​ရှောင်​နေကြ​သော အညာ​ဒေသမှ စစ်​ဘေးဒုက္ခသည်များ။ ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ် က​ကျေးရွာများကိုမီးရှို့ ၊ပြည်သူများကိုဖမ်းဆီး သတ်ဖြတ်အကြမ်းဖက်မှုများ​ကြောင့်ထွက်​ပြေးတိမ်း​ရှောင်​နေကြ​သော အညာ​ဒေသမှ စစ်​ဘေးဒုက္ခသည်များ။ ဓါတ်ပုံ-CJ)

ပြီးခဲ့သည့် ဇန်နဝါရီ ၂၅ ရက်က ကုလသမဂ္ဂမှ ထုတ်ပြန်သော မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုဆိုင်ရာတုန့်ပြန်ရေးစီမံချက်အရ ပြည်တွင်းနေရပ်စွန့်ခွာသူများအပါအဝင် ပြည်သူ ၁၇.၆ သန်းမှာ ကူညီိထောက်ပံ့မှုအမှန်တကယ်လိုအပ်နေသည်ဟု ဆိုသည်။

မြန်မာပြည်သူများအတွက် ဂျပန်အစိုးရ ပေးအပ်မည့် ဒေါ်လာ ၄၇ သန်းကျော်မှာ နိုင်ငံတကာအဖွဲ့အစည်းများနှင့် NGO များမှတဆင့် ပြည်သူများထံ တိုက်ရိုက်အကျိိုးရှိိရန် ဖြစ်ကြောင်း ဖော်ပြသည်။

ယမန်နှစ်ကလည်း ဂျပန်အစိုးရသည် UNHCR၊ UNICEF၊ WFP နှင့် AHA Centre စသည့် နိုင်ငံတကာအဖွဲ့အစည်းများမှတဆင့် လူသားချင်းစာနာမှုအထောက်အပံ့အဖြစ် ဒေါ်လာ ၆၀.၃ သန်းခန့် ပေးအပ်ခဲ့ကြောင်း သိရသည်။

You May Also Like

သတင်း

NUG ကာကွယ်ရေးဝန်ကြီးဌာနသည် Principles of Humanity အဖွဲ့၏ ပူးပါင်းပံ့ပိုးကူညီမှုဖြင့် ပြီးခဲ့သည့် ၂၀၂၂ စက်တင်ဘာမှစ၍ နိုင်ငံတကာလူသားချင်းဆိုင်ရာဥပဒေ(IHL) သင်တန်းများကို စီစဉ်ပြုလုပ်ပေးခြင်းဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။

သတင်း

တမူးမြို့ခံတစ်ဦးဖြစ်ပြီး အင်ဖာမြို့ ထိန်းသိမ်းရေးစခန်းတွင် အကျဉ်းချခံထားရသော ကိုဒင်းခိုကျွန်း(အသက် ၃၂နှစ်)သည် ဖေဖော်ဝါရီလ ၂၅ရက် ညတွင်ရုတ်တရက် သေဆုံးသွားခြင်းဖြစ်ကြောင်း အင်ဖာမြို့ရောက် မြန်မာအချို့က People's Spring သို့ပြောသည်။

သတင်း

ကော်မတီအနေဖြင့် တော်လှန်ရေးအခြေအနေအရ ဆက်လက်အကောင်အထည်ဖော်သင့်သည့်ကိစ္စများကို ဆွေးနွေးလုပ်ဆောင်ကြရန်လည်း ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မှာကြားသည်။

သတင်း

ဥရောပသမဂ္ဂသည် မြန်မာနှင့် ယူကရိန်း ပြည်သူများ၏ ဖိနှိပ်ချုပ်ချယ်မှုကို တွန်းလှန်မှုနှင့် ယင်းတို့၏ လွတ်လပ်ရေး မျှော်မှန်းချက်များအတွက် မားမားမတ်မတ် ရပ်တည်ထောက်ခံလျက်ရှိကြောင်း ယနေ့ ထုတ်ပြန်သည်။