Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ခင်ဦးနယ် ကလုံရွာကို အကြမ်းဖက်စစ်အုပ်စု မီးတင်ရှို့နေ

မတ်လ ၅ ရက်ကလည်း ခင်ဦးမြို့နယ်၊ အလယ်ရှိုကျေးရွာအနီးတွင် အသက် (၁၂)နှစ်အရွယ် မောင်ချစ်ရင်ထူးသည် နွားကျောင်းနေရာ 79 ကျည်ဖူးကို ကောက်ယူခဲ့ပြီး နေအိမ်တစ်ခုရှိ အုတ်ကန်ပေါ်တင်ထားရာ မတော်တဆ လွတ်ကျရာမှ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့သည်။

(ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ- ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)
(ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ- ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)

▪️စစ်ဘေးရှောင် အဘွားအိုတစ်ဦး အအေးမိသေဆုံး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ကလုံကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေပြီးအသက်(၉၀) ကျော် စစ်ဘေးရှောင် အဘွားအိုတစ်ဦး အအေးမိသေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ (မတ်လ ၆ရက်)က ရေဦးမြို့နယ် အောင်သာယာ ပျူစောထီးကျေးရွာမှ ခင်ဦးမြို့နယ်ဘက် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်စစ်ကြောင်းသည် ညပိုင်းတွင် ကလုံကျေးရွာ၌ ညအိပ်၍ ယနေ့နံနက်တွင် ကျေးရွာရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ စစ်ကြောင်းရန်ကြောင့် သရက်ကုန်းကျေးရွာမှ အသက်(၉၀)ကျော် အဖွားအိုတစ်ဦးသည် စစ်ရှောင်ရင်း အအေးမိ၍ ယနေနံနက်ပိုင်းတွင် သေဆုံးခဲ့ရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

(ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ- ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)
(ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ- ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)

စစ်ရှောင်ပြည်သူများထဲတွင် ကိုယ်ဝန်ဆောင် အမျိုးသမီးများ၊သက်ကြီးရွယ်အိုများ၊ ကလေး သူငယ်များစွာ ပါဝင်နေပြီး အခက်အခဲများစွာဖြင့် အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း အထက်ပါအဖွဲ့က ပြောသည်။

ယမန်နေ့က စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် ဒေသခံပြည်သာ ၈,၀၀၀ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် (၈)နှစ်အရွယ် မုံလှကျေးရွာနေ သမီးငယ်တစ်ဦးလက်နက်ကြီးထိမှန်၍ သေဆုံးခဲ့ရပြီးအမျိုးသား နှစ်ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

“ အခုစစ်ကြောင်းဟာ ဖေဖော်ဝါရီလ တစ်လလုံးလုံး ခင်ဦးနယ်အရှေ့မြောက်ဘက်ခြမ်း ၊ တောင်ဘက်ခြမ်း ၊ အနောက်ဘက်ခြမ်းရွာတွေကို ပထမအကြိမ် စစ်ကြောင်းထိုးဝင်ရောက် နေအိမ်များကို မီးရှို့ဖျက်ဆီး၊ပြည်သူပိုင်ပစ္စည်းများကိုခိုးယူ၊လူသတ်ခဲ့ကြပြီး ရေဦးတပ်ထဲကို ပြီးခဲ့တဲ့ရက်ပိုင်းကမှ ပြန်လည်ဝင်ရောက်လာတာပါ။ အခုဒုတိယအကြိမ် ရေဦးနယ်မြောက်ဘက်ခြမ်းကနေ ခင်ဦးနယ်အနောက်ခြမ်းသို့ ထပ်ဝင်နေတယ်။” ဟု Peoples Defense Comrade မှ ပကဖရဲဘော် ထူးခန့်ဇော်(အမေ့သား)က ပြောကြားသည်။

(ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ- ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)
(ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ- ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)

မတ်လ ၅ ရက်ကလည်း ခင်ဦးမြို့နယ်၊ အလယ်ရှိုကျေးရွာအနီးတွင် အသက် (၁၂)နှစ်အရွယ် မောင်ချစ်ရင်ထူးသည် နွားကျောင်းနေရာ 79 ကျည်ဖူးကို ကောက်ယူခဲ့ပြီး နေအိမ်တစ်ခုရှိ အုတ်ကန်ပေါ်တင်ထားရာ မတော်တဆ လွတ်ကျရာမှ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့သည်။

စစ်ကောင်စီတပ်၏ အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ မေလမှ ၂၀၂၃ ဇန်နဝါရီရ၃၁ ရက်အထိ စစ်ကိုင်းအတွင်း အိမ်ပေါင်း ၄၃,၂၉၂ လုံးအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးထားကြောင်း Data For Myanmar အဖွဲ့က ထုတ်ပြန်ထားသည်။

You May Also Like

သတင်း

နွားကျောင်းသွားရင်း တောတွင်းတစ်နေရာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းက စစ်ကောင်စီတပ် စစ်ကြောင်းထိုးချိန် ကျန်ခဲ့တဲ့ ၇၉ ဗုံးသီးပစ်လောင်ချာကျည်ဖူးကို ကောက်ယူလာခဲ့ပြီး နေအိမ်က အုတ်ကန်ပေါ် တင်ထားရာကနေ ပြုတ်ကျကာ ပေါက်ကွဲမှုဖြစ်ပြီးသေဆုံးသွားတာလို့သိရပါတယ်။

သတင်း

စစ်ကောင်စီတပ်များသည် ယမန်နေ့ညက သရက်ပင်စုကျေးရွာ ဘုန်းကြီးကျောင်းနှင့် မြင်းဒေါင်းကျေးရွာ ဘုန်းကြီးကျောင်း၌ ပြန်လည်စခန်းချခဲ့ပြီး မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

သတင်း

ယနေ့ (ဖေဖော်ဝါရီ ၂၇ရက်) မွန်းလွဲပိုင်းက ရေဦးမြို့မှ စစ်ကောင်စီတပ်သည် မြင်းဒေါင်းကျေးရွာ အရှေ့ဘက် မူးတိမ်ချောင်းတံတားသို့ ရိက္ခာအပို့အယူပြုလုပ်ရန် မြင်းဒေါင်းကျေးရွာအနီးတစ်ဝိုက်၌ ကင်းပုန်းချထားခဲ့သည်။

သတင်း

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်၏ သတ်ဖြတ်မှုကြောင့် ကျဆုံးရဲဘော်နှင့် ပြည်သူစုစုပေါင်း ၂၅၀နီးပါး ရှိလာပြီဖြစ်ပြီး ဒေသခံတစ်သောင်းခွဲကျော် အိုးမဲ့အိမ်မဲ့ ဖြစ်နေကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးထားသည်။