Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာအခြေစိုက် PDF သုံးဖွဲ့ပေါင်းပြီး ဒေသတော်လှန် ရေးတပ်ပေါင်းစု ဖွဲ့စည်း

တော်လှန်ရေးကာလတလျှောက် စစ်ရေးအရှိန် မြင့်တက်လာသည်နှင့်အမျှ စစ်အသုံးစရိတ်ကြပ်တည်းမှု ပြသနာများအား နယ်မြေခံတော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် ပေါင်းစပ်ဖြေရှင်းနိုင်ရန် လိုအပ်နေသည်ဟုလည်း အထက်ပါတာဝန်ခံက ဆိုသည်။

(၂၀၂၂ ဇူလိုင် ၃၁ရက်က ပြုလုပ်သည့် မုံရွာမြို့အဝင် ဆိုင်းဘုတ်၌ လူထုသစ္စာအဓိဋ္ဌာန်ပြု သပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြရာတွင် လုံခြုံရေးအဖြစ် လိုက်ပါဝန်းရံပေးနေသော PDF ရဲဘော်တစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(၂၀၂၂ ဇူလိုင် ၃၁ရက်က ပြုလုပ်သည့် မုံရွာမြို့အဝင် ဆိုင်းဘုတ်၌ လူထုသစ္စာအဓိဋ္ဌာန်ပြု သပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြရာတွင် လုံခြုံရေးအဖြစ် လိုက်ပါဝန်းရံပေးနေသော PDF ရဲဘော်တစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်(PDF)သုံးဖွဲ့ပေါင်းပြီး မုံရွာ​​ဒေသခံ တော်လှန်ရေးတပ်ပေါင်းစု Monywa Local Revolution Union (MLRU)ကို ဖွဲ့စည်းလိုက် ကြောင်း Special Force-11 (PDF)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီစနစ် ပေါ်ထွန်းလာရေးအတွက် တော်လှန်ရေးအဖွဲ့အစည်းများ၊ LPDFများ စုပေါင်းချိတ်ဆက် လှုပ်ရှားနိုင်ရန်၊ ညီညွတ်သော တပ်ပေါင်းစုတစ်ခုရှိရန် လိုအပ်နေပြီဖြစ်ကြောင်း၊ မုံရွာနယ်အတွင်းရှိ စစ်ရေး နိုင်ငံရေးအခြေအနေသည် ​ဒေသခံတော်လှန်ရေးအဖွဲ့အစည်းများအကြားတွင် သဟဇာတဖြစ်သည့် အနေအထားတစ်ရပ်အထိ ပေါင်းစပ်ညှိနှိုင်းချိတ်ဆက်ဆောင်ရွက်ရန် အထူးလိုအပ်နေသည်ကိုလည်း တွေ့ရှိနေရကြောင်း Special Force-11 (PDF)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

တော်လှန်ရေးကာလတလျှောက် စစ်ရေးအရှိန် မြင့်တက်လာသည်နှင့်အမျှ စစ်အသုံးစရိတ်ကြပ်တည်းမှု ပြသနာများအား နယ်မြေခံတော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် ပေါင်းစပ်ဖြေရှင်းနိုင်ရန် လိုအပ်နေသည်ဟုလည်း အထက်ပါတာဝန်ခံက ဆိုသည်။

အထက်ပါအချက်များကို သုံးသပ်၍ စစ်အာဏာရှင်စနစ်(စစ်တပ်၊ စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရိုကရေစီ ယန္တရား) တိုက်ဖျက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသော တော်လှန်ရေးအဖွဲ့အစည်းများကို စုစည်းပေးနိုင်သော တပ်ပေါင်းစုလိုအပ်သောကြောင့်မဟာမိတ်အဖွဲ့အစည်း သုံးဖွဲ့ကို မုံရွာ​ဒေသခံ တော်လှန်ရေးတပ်ပေါင်းစုMonywa Local Revolution Union (MLRU)အဖြစ် ၂၀၂၃ မတ်လ ၃ရက်တွင် စတင်ဖွဲ့စည်းလိုက်ကြောင်း Special Force-11 (PDF)က ထုတ်ပြန်အသိပေးသည်။

အဆိုပါ အဖွဲ့တွင် တပ်ခွဲ(၁) Special Force-11 (PDF)၊ တပ်ခွဲ(၂) Brave Heart Army (BHA)၊တပ်ခွဲ(၃) Monywa Special ဒိတ်ဒိတ်ကြဲ (PDF)တို့ပါဝင်ပြီး မူဝါဒစည်းမျဥ်းစည်းကမ်းချက်များလည်း ချမှတ်ထားကြောင်း၊ နားလည်လိုက်နာနိုင်မည့် ပူးပေါင်းပါဝင်လိုသော ညီနောင်အဖွဲ့အစည်းများအား ဖိတ်ခေါ်ထားကြောင်း Special Force-11 (PDF)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

You May Also Like

သတင်း

စစ်ကောင်စီတပ်သည် ချင်းပြည်နယ်အတွင်း စစ်ကြောင်းထိုးမှုကို ၂၀၂၂ နှစ် မိုးကုန်ပိုင်းတွင် နောက်ဆုံးပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိုနောက်ပိုင်းတွင် ပထမဦးဆုံးအကြိမ်ပြန်လည် စစ်ကြောင်းထိုးလာခြင်းဖြစ်သည်ဟု PDF Zoland တာဝန်ရှိသူကပြောသည်။

သတင်း

ကျောက်ထုမြို့နယ်ရွာတစ်ရွာတွင်ယမန်နေ့( မတ်လ ၆ ရက်) ညနေ ၃နာရီခန့်က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးရဲဘော်များ တိုက်ပွဲ ဖြစ်ပွားခဲ့စဥ်The Youth Force(​ဆောနှင့်​ကျောက်ထု) မှရဲဘော် ကိုဇင်ဖြိုးလွင် ကျဆုံးခဲ့ခြင်းဖြစ်သည်။

သတင်း

အဆိုပါ စစ်ဘေးရှောင်စောင့်ရှောက်မှုများအား သိန်းငှက်နက်ဆိပ်ဖြူတော်လှန်ရေးတပ်ဦး(B.H.S.R.F)နှင့် တိုက်မောင်း LPDF မဟာမိတ်တပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

သတင်း

ဖေဖော်ဝါရီ ၂၃ရက်နှင့်၂၇ရက်ကလည်း ဝိုင်ဒင်းကျေးရွာအနီး တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၃ဦးသေဆုံးကာအများအပြားဒဏ်ရာရခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ကော့သောင်းခရိုင်အမှတ် (၁) တပ်ရင်းက ထုတ်ပြန်ထားသည်။