Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လူထုဆီမှ အခွန်ကောက်ခံရာတွင် တရားမျှတခြင်းနှင့် ကြောင်းကျိုးဆီလျော်ခြင်း အခြေခံမူထားရမည်ဟု ယာယီသမ္မတ ပြော

အခွန်ကောက်သည့်စနစ်၌ အလေအလွင့်မဖြစ်ရေး အထူးသတိထားရမည်ဟုလည်း ယာယီသမ္မတက ပြောသည်။ အခွန်ကောက်ခံခြင်းစနစ် မမှန်ကန်ပါက လူထုကအခွန်ထမ်းသော်လည်း အစိုးရ အနေဖြင့် ရသင့်သည့် အခွန်ဘဏ္ဍာငွေ ရမည်မဟုတ်ကြောင်း အသိပေးသည်။

ယာယီသမ္မတ ဒူဝါလရှီးလ
ယာယီသမ္မတ ဒူဝါလရှီးလ

ပြည်သူကိုအလွန်အမင်းဝန်ပိစေခြင်းအား ရှောင်ရန်၊လက်နက်ပြအခွန်ကောက်ခြင်း မလုပ်ရန် အသိပေး

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အနေဖြင့် ပြည်သူလူထုထံမှ အခွန်ကောက်ခံရာတွင် တရားမျှတခြင်းနှင့် ကြောင်းကျိုးဆီလျော်ခြင်းကို အခြေခံမူအဖြစ် ထားရမည်ဖြစ်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

ယနေ့ ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေး၌ ပြည်ထောင်စုအခွန်ကောက်ဥပဒေ အတည်ပြုရန် နှင့်ပတ်သက်ပြီး ယာယီသမ္မတက ၎င်း၏ သဘောထားအမြင်ကို အသိပေးခဲ့ခြင်းဖြစ်သည်။

“ အခွန်ကောက်တဲ့ နည်းလမ်း (Means of Taxation) ၏လို့ပဲ ပြောပြော system of taxation လို့ပဲ ပြောပြော၊ လူမှုတရားမျှတမှုဖြစ်စေမယ့် နည်းလမ်းတွေကို အခြေခံမူတွေအဖြစ် ထားရှိရမယ်လို့ အလေးထားပြောချင်ပါတယ်။ ဒါဟာ သမိုင်းသင်ခန်းစာကိုယူပြီး ပြောတာလည်း ဖြစ်သလို၊ စစ်အာဏာရှင်ဓလေ့မှာတွေ့ရတဲ့ စနစ်ဆိုးကို ကြည့်ပြီး ပြောရခြင်း ဖြစ်ပါတယ်။ လူထုဆီက အခွန်ငွေကို ကောက်ခံတဲ့အခါမှာ တရားမျှတခြင်းနဲ့ ကြောင်းကျိုး ဆီလျော်ခြင်းကို အခြေခံမူအားဖြင့် ထားရှိရမယ်လို့ ကျွန်တော် ယူဆပါတယ်” ဟု ယာယီသမ္မတက ပြောသည်။

လက်ရှိ NUG အစိုးရ ထိန်းချုပ်ဧရိယာ၌ ရသင့်ရထိုက်သည့် အခွန်ကောက်ခံမှုများနှင့် ပြည်သူလူ အကျိုးအတွက် ကောက်ခံရမည့် အခွန်များရှိကြောင်း၊ အခွန်ကောက်ခံမှုများနှင့်ပတ်သက်ပြီး ယခု ဥပဒေသည် လူမှုတရားမျှတမှုနှင့် ကြောင်းကျိုး ဆီလျော်ခြင်း အခြေခံစံများကနေ လွတ်ကင်းနေမည့် ဥပဒေ မဟုတ်ကြောင်းကို ယုံကြည်သည်ဟု ၎င်းက ဆိုသည်။

“ ကျွန်တော်တို့ အစိုးရက ပြဋ္ဌာန်းအတည်ပြုမယ့် အခွန်ကောက်ဥပဒေဟာ အခွန်ထမ်းပြည်သူလူထုကို အလွန်အမင်း ဝန်ပိစေတာမျိုး အထူး ရှောင်ကြဉ်ရပါလိမ့်မယ်။ ဒါ့အပြင် လူမှုတရားမျှတမှုစံကနေ ကင်းလွတ်တဲ့ အခွန်ကောက်ခံခြင်း နည်းလမ်းတွေကို အထူး ရှောင်ကြဉ်ရပါလိမ့်မယ်။ လက်နက်ပြပြီး အခွန်ကောက်တာမျိုးကို ကျွန်တော်တို့ မလိုလားပါဘူး။ ဒါဟာ ကျင့်ဝတ် ဖြစ်ပါတယ်။ စံဖြစ်ပါတယ်” ဟု ယာယီသမ္မတက ပြောသည်။

အတိတ်သမိုင်းနှင့် လက်ရှိ စစ်ကောင်စီလည်ပတ်နေသည့် ယန္တရားစနစ်ကိုကြည့်ပါက လက်နက်နှင့် ခြိမ်းခြောက်ငွေတောင်းခြင်းများ လုပ်ဆောင်နေသည်ကို တွေ့ရသည်ဟု ယာယီသမ္မတက ပြောသည်။

“ စစ်အာဏာရှင်အစိုးရ အဆက်ဆက်ဟာ လက်နက်ကိုင်ဗဟိုပြုပြီး ဘဏ္ဍာငွေကြေးကို စုဆောင်းပါတယ်။ ဒါဟာ အာဏာရှင်စရိုက် အာဏာရှင်အပြုအမူဖြစ်တာမို့ ၊ ကျွန်တော်တို့ အနေနဲ့လည်း သတိထား ရှောင်ကြဉ်ရပါလိမ့်မယ်။ လက်ရှိ ကျွန်တော်တို့ တော်လှန်ရေးအစိုးရဟာ တော်လှန်ရေးရန်ပုံငွေ လိုအပ်ချက်လည်းရှိနေတာမို့ ၊ NUG ရဲ့ ထိန်းချုပ် ဧရိယာတွေမှာ အခွန်ကောက်ခံခြင်းဟာ အင်မတန်အရေးကြီးတဲ့ ကိစ္စတစ်ခုလို့လည်း မြင်ပါတယ်။” ဟု ယာယီသမ္မတက ပြောသည်။

“ အခွန်ကောက်တာ သတ်မှတ်ချက်တွေ ပအဖတွေကထုတ်လာတာရှိတယ်။ ဒီကာလတွေအရမ်း ခက်ခဲတော့ဖြစ်နိုင်ရင် အခွန်တွေအများကြီး မကောက်စေချင်ဘူး။ “ ဟု မကွေးတိုင်း၊ပခုက္ကူခရိုင်အတွင်းရှိ ကျေးရွာတခုမှ ဒေသခံတစ်ဦးကပြောသည်။

တော်လှန်ရေးအဖွဲ့များ၏ ထိန်းချုပ်နယ်မြေများတွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပကဖ)များက ဦးဆောင်ပြီး စီးပွားရေးလုပ်ငန်းများကို အခွန်အခကောက်ခံလျက်ရှိသည်။ ထိုအခွန်အခများကို သက်ဆိုင်ရာ ဒေသအလိုက် ပညာရေး၊ကျန်းမာရေးများတွင်ခွဲဝေသုံးစွဲကြသည်။ထိုအပြင် စစ်ကောင်စီနှင့်ဖြစ်ပွားသောတိုက်ပွဲများတွင် ဒေသခံကာကွယ်ရေးတပ်များအတွက် ခဲယမ်းကုန်ကျငွေများအနက် တချို့တဝက်ကို​ပေးအပ်သုံးစွဲကြသည်ဟု ပကဖ အချို့က​ပြောသည်။

အခွန်ကောက်သည့်စနစ်၌ အလေအလွင့်မဖြစ်ရေး အထူးသတိထားရမည်ဟုလည်း ယာယီသမ္မတက ပြောသည်။ အခွန်ကောက်ခံခြင်းစနစ် မမှန်ကန်ပါက လူထုကအခွန်ထမ်းသော်လည်း အစိုးရ အနေဖြင့် ရသင့်သည့် အခွန်ဘဏ္ဍာငွေ ရမည်မဟုတ်ကြောင်း အသိပေးသည်။

You May Also Like

သတင်း

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တရုတ်နိုင်ငံအထူးကိုယ်စားလှယ်က မြန်မာမြောက်ပိုင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့်လာရောက်တွေ့ဆုံမှု နှင့်ပတ်သက်ပြီး ယာယီသမ္မတက ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

သတင်း

အကြမ်းဖက်အုပ်စုသည် ၎င်းတို့၏ နည်းဗျူဟာအတိုင်း တော်လှန်ရေးအင်အားစုများနှင့် ပြည်သူများအကြား သွေးခွဲခြင်း ၊ တော်လှန်ရေးအင်အားစုများအကြား အချင်းချင်း သွေးခွဲခြင်းများ တစိုက်မိတ်မတ်လုပ်ဆောင်နေသည်ဟု ယာယီသမ္မတက သတိပေးသည်။

သတင်း

ယနေ့ (ဖေဖော်ဝါရီ ၂၀ရက်)ကျရောက်သည့် (၇၅)နှစ်မြောက် ချင်းအမျိုးသားနေ့သို့ ယာယီသမ္မတက တက်ရောက် မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

သတင်း

"အိမ်နီးချင်းနိုင်ငံတွေနဲ့ မိတ်ဖက်နိုင်ငံတွေ အဖြစ် အသွင်ပြောင်းတည်ဆောက်ရေးကို လက်တွေ့ကျကျ လုပ်ရပါလိမ့်မယ်" လို့ NUG ယာယီသမ္မတက ဆိုပါတယ်။